လူသူမရောက် လမ်းကပျောက်တဲ့
တစ်နေရာက ကန်နံဘေးလေး
ချုံနွယ်ပိတ်ပေါင်း ထူကာထပ်လဲ
စွန့်စားဝံ့ကာ နှစ်ကိုယ်သွားရင်း
ထိုင်ကာမျှီနွဲ့ ပြောခဲ့ကြတဲ့
ရင်တွင်းစကား တိုင်ပင်ရင်းက
ပြာလဲ့ရေပြင် ငေးကာကြည့်လို့
ထွေးဖက်ထားရင်း ပျော်ခဲ့ရတယ်
ညနေစောင်းလို့ အိမ်ပြန်ရချိန်
မခွဲချင်တဲ့ ဆန္ဒစိတ်ကြောင့်
မျက်ဝန်းနက်မှ ခိုတွဲမျက်ရည်
ဝဲကာနေလည်း ပြန်ရမှာမို့
နှုတ်ဆက်အနမ်း လှိုက်ကာရှိုက်လို့
ခြွေဆက်ခဲ့ပြီ နှုတ်ခမ်းဖျားဆီ...။
(ကန်ရေပြင်ရဲ့တစ်ချိန်က မိတ္ထီလာ)
ဒွန်တွဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment