ကောင်မလေးရေ.....
အက်ဆစ်ပြင်းပြင်း လောင်းခံရတာမျိုး တဆစ်ဆစ်နဲ့နာကျင်နေပါပြီ
ဝန်းစက်မနေတဲ့ လမင်းဟာ အပြည့်အ၀ဘယ်လင်းပါ့မလဲ
လပြည့်ညမဟုတ်လို့လေ.. လပြည့်ညတိုင်းလည်း အပြည့်အဝ
မသာယာခဲ့ပါဘူး .. တိမ်ဖုံးခြင်းတွေနဲ့ပဲ အလင်းရောင်ကို
ရရှိခဲ့သူပါ.. အပြည့်အ၀အလင်းရရှိရင်တောင် အရိပ်ကျနေလေရဲ့
ဦးဆုံးရှင်သန်ခဲ့တဲ့ အပင်က ငါ့ကိုအုပ်မိုးနေလေပြီ..
လောင်းရိပ်မိတဲ့ ပန်းလိုပါပဲ..ငါညှိုးနွမ်းလို့ပေါ့..
တည်မြဲခြင်း မတည်မြဲခြင်းတွေနဲ့ ဖြစ်တည်နေတဲ့ ဒီသံသရာမှာ
ငါဟာ ကောင်းကင်ကြီးဖြစ်လိုက်ချင်ပါတယ် .. တည်မြဲနေလို့လေ
နေ့အခါမှာ ကောင်းကင်ကြီးကို အလင်းရောင်တွေနဲ့အတူ ပြည့်ပြည့်၀၀
မြင်တွေ့နေကျပေမဲ့ ညအခါ ကောင်းကင်ကြီးရဲ့အရောင်တွေကို
ဘယ်တွေ့နိုင်ပါ့မလဲ.. တွေ့မြင်တိုင်းလည်း မှောင်မည်းခြင်းတွေသာ
မြင်တွေ့ရမှာပေါ့ .. လမင်းရယ်, မင်းအလင်းရောင်တွေရရှိမှ
ကောင်းကင်ပြာကြီးကို မင်းကိုယ်တိုင်လည်း ကြည်ကြည်လင်လင်
မြင်တွေ့ရမှာပါ...
ကောင်းကင်ပြာကြီး ..
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment