ဝန်းစက်နေတဲ့ မင်းမျက်ဝန်းနဲ့
အေးစက်စက် အပြုံးတွေအောက်
လှအမူရာ စန်းကူကာထလို့
လှည့်မြူကာ အကြည့်စူးတော့
ကြွေခဲ့ရတဲ့ ယောက်ျားသားတွေ ....
ညုသလိုလို အပြောချိုနဲ့ ...
မင်းနှုတ်ခမ်းတွေက .....
ဆေးမကူကာ ပွင့်ဖူးနီမို့
ဝဲခဲ့ရတဲ့ ပိတုန်းတွေမှာ
စစ်ခင်းလို့ပေါ့ ...
တည်ငြိမ်မနေ ဗီလိန်တွေနဲ့
မသိသလို ဟန်ဆောင်ထားရစ်တော့
ကွဲ(အသည်း) ခဲ့ရတဲ့ ယောက်ျားသားတွေ...
လှတန်ခိုးတွေ ကြွယ်နေလေတော့
မာနတွေ အရှိန်တက်လို့
ဗျာများရတဲ့ ပျိုမဒီရေ ...
အမူအရာကြွယ် ...
ချူပါတယ် မင်းအကျင့်တွေက
လူတကာအလယ် ပြောစမှတ်တွင်လို့
နာမည်ကျော် ပိုင်းလုံးဖြစ်တာ
မင်းမို့ မရှက်တယ် ...
ပတ်ဝန်းကျင် လူအများနဲ့
ယှဉ်ကာဝယ် စွဲချက်တင်လို့
ဘာတဲ့...
မင်းပြောတဲ့စကား ...
'ပေးဆပ်ခြင်းရဲ့ ရယူမှုတဲ့'
သြော် ...မိန်းကလေး
ပေးဆပ်ခြင်းရဲ့ ရယူမှုမှာ
မင်းကျေနပ်နေတာ အံ့သြစရာပဲ
မိန်းကလေးရေ....
မင်းရဲ့ စန်းတွေ
မင်းရဲ့ အလှပတွေ
မင်းရဲ့ မာန်မာနတွေ
မင်းရဲ့ အဆင်တန်ဆာတွေကို
ခ၀ါချလို့ .... နေကြည့်လိုက်ပါ....
ကြိုးပြတ်နေတဲ့ ဂစ်တာတစ်လက်လို
မင်း သံစဉ်တွေ မညီမညာနဲ့
ရောထွေးနေတာကို မင်းသိလှည့်မှာပါ..
သြော် ... မိန်းကလေး
Subscribe to:
Post Comments (Atom)
3 comments:
ကြိုးပြတ်နေတဲ့ ဂစ်တာဆိုရင် တီးရတာ ဘယ်ကောင်းတော့မလဲ။ :)
ရှင်းရှင်းလင်းလင်းပြောနော်... ဘယ်မိန်းကလေးလဲလို့...
မိန်းကလေးတွေ အကုန်လုံးကို သိမ်းကြုံးပြီး ၀ါးလုံးရှည်နဲ့ ယမ်းရင်တော့ အရုပ်ကလေးဆီ လာမလည်တော့ဘူး :D :D
အင်းလေ.. ဝါးလုံရှည်နဲ့ရမ်းရင်တော့လား .. :P :D
Post a Comment