အခု ပို့စ်လေးကတော့ မမ၀ါ နဲ့ ညီငယ် ကေမောင်ငြိမ်း တို့ tag ထားတဲ့
ကိုယ့်ကိုယ်ကို အမုန်းဆုံး ၁၀ချက်ကို ပြန်လည်ဖြေခြင်းပါ
အတိတ်အကြောင်း ပြန်မောင်းခတ်လို့
အမေ့မေတ္တာ ပုံအပ်တာကို
ခံယူမတတ် ဖယ်ခွာရက်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
ဆရာသင်ပေး ပညာရေးနဲ့
လိမ္မာယဉ်ကျေး ဆက်ဆံရေးကို
အလေးမထား ဆိုးရွားနေတဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
ဘာသာတရား အလေးထားဖို့
သွန်သင်ညွှန်ကြား ဦးဆောင်ပြလို့
ငယ်စဉ်လိုက်နာ ထက်သန်စွာနဲ့
ယခုအခါ မပွားများတဲ့
င့ါစိတ်ကိုငါ မုန်းမိပါတယ်
အပေါင်းအသင်း ရောင်းရင်းတွေနဲ့
ပျော်ပါးနေခိုက် ကြည်နူးဟိုက်လို့
မိသားစုကို မေ့နေတတ်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
အမြင်မတော် ဖြစ်ရပ်များနဲ့
စိန်ခေါ်ဝံ့ကြွား ငမိုက်သားကို
ရှောင်ခွာမနေ ၀င်ကာမွှေပြီး
ကျူးလွန်အပြစ် ရောက်ရှိတတ်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
ခန္ဓာကျန်းမာ စိတ်ရွှင်လန်းဖို့
တစ်နေ့တာရဲ့ အိပ်စက်ခြင်းကို
မခုံမမင် အအိပ်နည်းတဲ့
င့ါစိတ်ကိုငါ မုန်းမိပါတယ်
ပြီးခဲ့ဖြစ်စဉ် ယခုလိုအင်
မိုးဆုံးမြေဆုံး ဒွန်တွဲတွေးတော့
ငူငူငိုင်ငိုင် အပီမှိုင်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
တစ်ခါတစ်ရံ အလိုမကျ
ပြန်မရတဲ့ ကိစ္စတစ်ချို့
တမ်းတတတ်လို့ ညစ်မိသွားတဲ့
င့ါစိတ်ကိုငါ မုန်းမိပါတယ်
ဟိုစဉ်ကလေး ငယ်ရွယ်သေးတော့
အလိမ်မတတ် မှန်တာတတ်လို့
ခုချိန်အခါ တစ်ချို့တွေမှာ
မုသားသုံးတဲ့ အကျင့်လေးကြောင့်
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
တစ်ခုခုကို စွဲလန်းလွန်းလို့
မျှော်လင့်ကြီးစွာ လိုချင်တက်မက်
အတ္တတွေနဲ့ ချက်ချင်းလက်ငင်း
ပြောမှလုပ်ရ ကျေနပ်တတ်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
ကဗျာလေးနဲ့ ရေးဖွဲ့ပြီး ပြန်လည် ဖြေလိုက်ပါတယ်.. အစ်မနဲ့ ညီငယ်ရေ..
ကျေနပ် ဖတ်ရှု့နိုင်ပါစေ... ပြန်တက်မယ့်သူတွေကတော့
မယ်မဒီ ၊ ဆုဝေ ၊ကဗျာချစ်သူ (ခေးရော့စ် ) ၊ မိုးဦးဝေလွင်
ခေါင်ခေါင် ၊ ချင်းမလေး ၊ စိတ်ဖြေရာ ၊ မီးတောက် ၊ ပုလဲ
ပန်းခင်းလေး ၊ အလင်းစေတမန် ၊ ညခင်းရဲ့လမင်း ၊ မီးလေးဇာ
ဝေလေး ၊ တာတာ ၊ သဉ္ဖာ ၊
ပြန်လည် Tag ခြင်း ၅ (Ten Things I Hate About Myself )
Subscribe to:
Post Comments (Atom)
10 comments:
gmaကိုယ့်ကိုယ်ကိုယ် မုန်းတဲ့အချက်တွေကို ကဗျာလေးနဲ့ ပြောပြထားတယ်ပေါ့… ကဗျာထဲက စကားလုံး အသုံးအနှုန်းတွေ သဘောကျတယ်။
အစ်ကိုကတော့ အလုပ်ပေးပြီဗျို. ကောင်းပါပြီ အခုမှသိတယ် ပြန်ရေးပါ့မယ်။
အတိတ်အကြောင်း ပြန်မောင်းခတ်လို့
အမေ့မေတ္တာ ပုံအပ်တာကို
ခံယူမတတ် ဖယ်ခွာရက်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
ဆရာသင်ပေး ပညာရေးနဲ့
လိမ္မာယဉ်ကျေး ဆက်ဆံရေးကို
အလေးမထား ဆိုးရွားနေတဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
ဘာသာတရား အလေးထားဖို့
သွန်သင်ညွှန်ကြား ဦးဆောင်ပြလို့
ငယ်စဉ်လိုက်နာ ထက်သန်စွာနဲ့
ယခုအခါ မပွားများတဲ့
င့ါစိတ်ကိုငါ မုန်းမိပါတယ်
အပေါင်းအသင်း ရောင်းရင်းတွေနဲ့
ပျော်ပါးနေခိုက် ကြည်နူးဟိုက်လို့
မိသားစုကို မေ့နေတတ်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
အမြင်မတော် ဖြစ်ရပ်များနဲ့
စိန်ခေါ်ဝံ့ကြွား ငမိုက်သားကို
ရှောင်ခွာမနေ ၀င်ကာမွှေပြီး
ကျူးလွန်အပြစ် ရောက်ရှိတတ်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
ခန္ဓာကျန်းမာ စိတ်ရွှင်လန်းဖို့
တစ်နေ့တာရဲ့ အိပ်စက်ခြင်းကို
မခုံမမင် အအိပ်နည်းတဲ့
င့ါစိတ်ကိုငါ မုန်းမိပါတယ်
ပြီးခဲ့ဖြစ်စဉ် ယခုလိုအင်
မိုးဆုံးမြေဆုံး ဒွန်တွဲတွေးတော့
ငူငူငိုင်ငိုင် အပီမှိုင်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
တစ်ခါတစ်ရံ အလိုမကျ
ပြန်မရတဲ့ ကိစ္စတစ်ချို့
တမ်းတတတ်လို့ ညစ်မိသွားတဲ့
င့ါစိတ်ကိုငါ မုန်းမိပါတယ်
ဟိုစဉ်ကလေး ငယ်ရွယ်သေးတော့
အလိမ်မတတ် မှန်တာတတ်လို့
ခုချိန်အခါ တစ်ချို့တွေမှာ
မုသားသုံးတဲ့ အကျင့်လေးကြောင့်
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
တစ်ခုခုကို စွဲလန်းလွန်းလို့
မျှော်လင့်ကြီးစွာ လိုချင်တက်မက်
အတ္တတွေနဲ့ ချက်ချင်းလက်ငင်း
ပြောမှလုပ်ရ ကျေနပ်တတ်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
****************
မောင်လေးရေ..
ကဗျာလေးတစ်ပုဒ်လုံးအရမ်းကြိုက်သွားလို့ ပြန်ကူးလိုက်တာနော်.
အရမ်းတော်ပါလား မောင်လေးက.
ရေးပေးတာ ကျေးဇူးပါ မောင်လေးရေ..
ဒါနဲ့ ဒီတစ်ပိုဒ်လေးက...
အပေါင်းအသင်း ရောင်းရင်းတွေနဲ့
ပျော်ပါးနေခိုက် ကြည်နူးဟိုက်လို့
မိသားစုကို မေ့နေတတ်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်
မိသားစုကိုမေ့တယ်ဆိုလို့... မိသားစုရှိတယ်ပေါ့..
သြော်..မိဘ နဲ့ မောင်နှမတွေများလား. ဟဟား
ခင်တဲ့
မမ၀ါ
ကဗျာလေးကောင်းတယ်---
ဆန်းပါ ကိုအရုပ်ကလေးရေ
ကဗျာလေးနဲ့ရေးလိုက်လို့ပါ
ဖတ်လို့လဲကောင်းတယ်
“ အမြင်မတော် ဖြစ်ရပ်များနဲ့
စိန်ခေါ်ဝံ့ကြွား ငမိုက်သားကို
ရှောင်ခွာမနေ ၀င်ကာမွှေပြီး
ကျူးလွန်အပြစ် ရောက်ရှိတတ်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ် ” ... ယုံပါ၏ ဒါပေမယ့်အဲဒါကိုကောင်းတယ်လို့ထင်ပါတယ် မှားရင်တော့ခွင့်လွှတ်နော်...
“ ဟိုစဉ်ကလေး ငယ်ရွယ်သေးတော့
အလိမ်မတတ် မှန်တာတတ်လို့
ခုချိန်အခါ တစ်ချို့တွေမှာ
မုသားသုံးတဲ့ အကျင့်လေးကြောင့်
ငါ့စိတ်ကိုငါ မုန်းမိပါတယ် ” ဖြစ်တတ်ပါတယ်လေ မုသားဆိုတာလဲ တစ်ခါတစ်လေမှာ စေတနာဖြစ်တတ်ပါ၏
နောက်တစ်ဖန်မှားခဲ့ရင်လဲ ခွင့်လွှတ်တော်မူ...
ကဗျာအရေးအသားကောင်းတယ် တော်၏ :D
lan htet nay tal ko idulize yay, kg tal byar, a de lauk lay nat man ma ti bu :)
ဟိဟိ နည်းနည်တော့စောင့်အကို...မအားသေးလို့သိတယ်
မလား...ဘန်းကျော်လို့မကောင်းဘူးဗျာ...
ကဗျာကတော့အလန်းပဲ...လို၇င်းပေါ်လွင်တယ်ဗျာ.
အားပေးနေပါတယ်
MoetAin
ကဗျာလေးစပ်ပြီး ဖြေတာ ကြိုက်သဗျ။ ရေးလည်းရေးတတ်၊ စပ်လည်းစပ်တတ် တာချီးကျူးတယ်ဗျာ။
ကဗျာလေးနဲ့ ဖော်ပြပုံ ကိုတော်တော် ကြိုက်မိတယ် .. .
အတော်လေး သဘောကျသွားပါသည်.. :P
Post a Comment