ခြေရာများ
လူတစ်ယောက် မိမိ၏တစ်သက်တာကို လျှောက်သွားသည့်အခါ ခြေရာအမျိုးမျိုးကို ချခဲ့သည်။
အချို့ကို အများမြင်နိုင်၏။ ဥပမာ - သူ့သားသမီးများနှင့် သူ့နေအိမ်။ အချို့ကိုမူ မမြင်နိုင်ပေ။
ပုံစံမှာ သူတစ်ပါး၏ ဘ၀များ၌ သူချခဲသော သူ့ခြေရာများ၊ သူတစ်ပါးကို ပေးခဲ့သော အကူအညီများ၊
သူပြောခဲ့ ဆိုခဲ့သည်များ။ ပုံစံမှာ သူရယ်စရာပြောသည်တို့၊ သူတစ်ပါးကို ထိခိုက်စေသော သတင်း
စကားများ၊ သူတစ်ပါးကို ပြောကြားခဲ့သော အားပေးစကားများ ၊ ထို'ခြေရာ'တို့ကို မမြင်နိုင်ပေ။
သူ့အဖို့မှာတော့ သူခြေရာချခဲ့ခြင်းအဖြစ်ကို မတွေးမိပေ။ သို့သော် သူသွားလာ ကြုံတွေ့ရသမျှ
နေရာတကာတွင် သူအမှတ်အသား တစ်ခုခုကို ထားပစ်ခဲ့သည်။ ထိုအမှတ်အသားတို့ကို
ပေါင်းလိုက်လျှင် သူ့ဘ၀ဖြစ်စဉ် ဖြစ်လာပေမည်။ လူဆိုသည်မှာဤသို့သာတည်း။
မာဂရက်လီရမ်းဘက
တွေးခေါ်သမျှ မခိုင်လှ
ကျွန်ုပ်တို့၏ အတွေးအခေါ်တို့ကို စုစည်းထားသော ချည်မျှင်ကလေး မခိုင်ပုံကို
မကြာခဏ တွေးထင်မိပါသည်။ ဆာလောင်ခြင်း၊ ငတ်မွတ်ခြင်း၊ အအေး၊ အပူ စသည်တို့ထဲမှ
တစ်ခုခုက ကျွန်ုပ်တို့ကို ထိလာခါ ရှိသေးသည်၊ ကျွန်ုပ်တို့ ဂုဏ်ယူနေသော အနုပညာ အတွေးအခေါ်များ၊
လောကအမြင်များသည် ဆေးကြိမ်လုံးဖြင့် တို့လိုက်သကဲ့သို့ ပျောက်သွားကြချေသည်။
လူအများဖို့ အင်္ကျီထဲ သန်းတစ်ကောင် ၀င်နေလျှင် ဂီတဆရာကြီး ဘီးသိုးဗင်း၏ တီးလုံးတီးကွက်တို့သည်
မိမိတို့ အာရုံထဲမှ ပျောက်ပျက်သွားလေတော့သည်။
စာရေးဆရာ ရောဘတ်ဗင်း
ပုံစံနှစ်မျိုး
လူ့သဘာဝ နှစ်မျိုးနှစ်စားကို ခွဲခြားဖို့ စမ်းသပ်မှုမှာ လွယ်ရှင်းပါသည်။ ကူးတို့သင်္ဘော
တစ်စင်းပေါ်သို့ လူမျိုးစု တစ်စုကို တင်ပေးထားပါ၊ သင်္ဘောမြစ်ဘက်သို့ ထွက်သည့်
အချိန်အခါတွင် လူတစ်စုက သင်္ဘာအပေါ်ထပ်သို့ တက်၍ ကုန်းပတ်ပေါ်မှ ကြည့်စရာ
ရှုစရာတို့ကို ကြည့်ရှုကြသည်။ ကျန်တစ်စုမှာ သင်္ဘောအတွင်းထဲမှာ ထိုင်၍ ငေးမောခြင်း၊ ဆေးလိပ်သောက်ခြင်းတို့၌ နစ်မွန်းနေကြသည်။ သင်္ဘောစီး ခရီးသည်တို့ကို နှစ်မျိုးနှစ်စား
ခွဲခြားနိုင်ပေသည်။ တစ်မျိုးသည် မြစ်ကိုဖြတ်ကူးရာ စိတ်ဝင်စားကြ၏။ အခြားတစ်မျိုးမှာမူ
တစ်ဘက်ကမ်းသို့ ရောက်ရလျှင်ပြီးရော ဟူသော သဘောထားမျှသာ ရှိသည်။
မက္ကစ အပ်စ်ထ်မဲင်းန်
ယူသာယူပါ
မိန်းမယူမယ်ဆိုရင် ယူသာယူပါ။ မယားကောင်းရရင် မင်းစိတ်ချမ်းသာလိမ့်မယ်။
မယားဆိုးရရင် မင်း ဒဿနိက ဆရာကြီး ဖြစ်လာလိမ့်မယ်။
ဂရိပညာရှိကြီး ဆိုကရေးတီး
( ဆိုကရေးတီးသည် သူ့ကိုယ်တွေ့ကို ညွှန်း၍ ဟာသသဘောဖြင့် အမှန်ကို ဆိုလိုလိုက်ခြင်း
ဖြစ်သည်ဟု ယူဆနိုင်ပေသည်။ ဆိုကရေးတီး၏ ဇနီးသည် ဆရာကြီးကို ပညာရှိကြီး တစ်ဦးဟု
မြင်နိုင်စွမ်း မရှိသည့်အလျောက် လူငယ်များနှင့် လေကန်ရင်း အချိန်းဖြုန်းနေသူဟု မြင်လေသည်။)
ရွှေနှင့်ငါး
အဘယ် မိန်းမ၏ နှလုံးသားသည် ရွှေကို မုန်းပါသနည်း?
အဘယ် ကြောင်သည် ငါးကို မကြိုက်ဘဲ ရှိပါသနည်း?
အင်္ဂလိပ် ကဗျာဆရာကြီး တောမတ်စ်ဂရေး
သူတို့အတွေးအခေါ် မှတ်စုများ (၅)
Posted by
အရုပ်ကလေး
at
Saturday, December 20, 2008
Labels:
ဆရာ တက်တိုး ပြုစုပြန်ဆိုသော သူတို့အတွေးအခေါ်မှတ်စုများမှ ...
Subscribe to:
Post Comments (Atom)
11 comments:
အတွေ့အကြုံတွေပေါ်မူတည်ပြီး အတွေးအခေါ်တွေဆိုတာ ဖြစ်လာတာပါ.
မိန်းမတွေနဲ့ပတ်သတ်တဲ့အတွေးအခေါ်တွေကို ပြောတာပါနော် ဟွန်း
ခြေရာများကို သဘောကျတယ်။ ကိုယ်ချခဲ့တဲ့ ခြေရာတွေက ကိုယ်မသိပေမယ့် ကိုယ့်နောက်မှာ အရိပ်လို ကပ်ပါနေမယ် ထင်တယ်နော်...။
ခြေရာများကို သဘောကျတယ် ကိုအရုပ်ကလေး
မိန်းမတိုင်းရွှေမကြိုက်ပါဘူးနော်။ ဟွန်း.. နေ့အိပ်မက်ဆိုပလက်တီနမ်ပဲ ကြိုက်တာ :P။
English လို မူရင်းလေးတွေပါ ရေးပေးမယ်ဆိုရင် ပိုကောင်းမယ်ထင်တယ် အစ်ကိုရေ။
စာလာဖတ်သွားတယ်..ခြေရာလေး
ကြိုက်တယ်.. :)
မှတ်သားသွားပါတယ်။
ပုံစံနှစ်မျိုးကိုနှစ်သက် မှတ်သားသွားပါတယ်
တွေးခေါ်သမျှ မခိုင်လှ ကိုလည်း မှတ်သားသွားပါတယ်
ကျေးဇူးတင်ပါတယ် ကိုအရုပ်ကလေး
ဖတ်သွားပါ၏ :)
"သူတို့အတွေးအခေါ် မှတ်စုများ (၅)"
ကို လာဖတ်ပါတယ်--
စုဆောင်းရှာဖွေ-ဝေငှပေးတဲ့အတွက်---
ကျေးဇူးတင်ပါတယ်---
အမရာကဆိုကရေးတီးရဲ့
အဆိုကိုကြိုက်တယ်........
း) လက်ယား တယောက် တွေးစရာ ရသွားတယ်။
Post a Comment