ချစ်ပါသည်ဟု ကြံစည်ပြောကြား
သူ့နှုတ်ဖျား ...
မုန်းပါသည်ဟု ကြံစည်ပြောကြား
သူ့နှုတ်ဖျား ...
ပစိပစပ် ပြောဆိုတတ်သော
နှုတ်လျာနှစ်ခွ မြွေဟောက်မ၏
လှပကျော့ရှုံး တစ်ကိုယ်လုံးကို
တုံးပေါ်တင်၍ ခုတ်ပိုင်းလှီးဖြတ်
အချဉ်စွက်လို့ အရက်နှင့်သာ
မြည်းချင်သည် ...။
ကိုတင်ထွေး (ရမသ) ရေးတဲ့ကဗျာလေးပါ ...။
မြွေဟောက်မ
Subscribe to:
Post Comments (Atom)
18 comments:
ဘုရားဘုရား...
စိတ်ထိန်းမှပေါ့.....။
ကိုအိကု စိတ်ကိုလျှော့ထားနော်
စိတ်လျှော့ စိတ်လျှော့
...........။ :P :P
ကဗျာလာဖတ်တာ မြွေပေါက်ခံလိုက်ရတယ်ဗျို့...မြည်းချင်လဲ ခုတ်ပိုင်းပြီး မြန်မြန်သာ မြည်းလိုက်တော့...အချိန်ဆွဲမနေနဲ့ :P
ကြိုက်သွားပြီး.. အဲသလိုတော့ မမြည်းဖူးသေးဘူး။ အဆင်သင့်မှ မြည်းကြည့်ရမယ်။ :D
မိုးမောင်
ဟိုက်...... တစ်ပွဲလောက် မြည်းလိုက် ဦးမယ်
အိ... အရက်နဲ့ မြည်းမယ်တဲ့... ကြောက်စရာကြီးပါလားနော်..
ရန်ကုန်မှာ မြွေဟောက်တွေ သိပ်ပေါတယ်... :P အနော်ပါဘူးနော်... အဟိ
အမယ်လေး။ လူသားတွေ စားနေပြီဗျို့ ။
စိတ်ကို လျှော့ပါလေ...
မြွေဟောက်မရဲ့ အသားတော့ မစားနဲ့...
စားချင်းစား မြွေဟောက်ထီးရဲ့အသားစား... :P
အောင်မလေး တရုတ်စားဖိုမှုးတစ်ယောက်လောက် ခေါ်ပြီး ချက်ခိုင်သင့်တယ် ။ ဒါဆို စားရတာအဆင်ပိုပြေလိမ့်မယ်.:)
အောင်မလေး အသည်းယားလိုက်တာ စားမယ်တဲ့ ကိုအရုပ်ကလေးစိတ်ထိန်းပါ (ရေးသူ)ကိုလည်း မလုပ်ပါနဲ့လို့ :P
ဟက် ဟက်....
စိတ်လျော့ စိတ်လျော့... :)
ကြည့်ရတာ ၀က်သားတုတ်ထိုးတော်တော်ကြိုက်လို့ ဖြစ်မယ်... ခုဝက်တုပ်ကွေးဖြစ်နေတယ်ဆိုလို့ မစားရဲလို့ အဲလိုကြံစည်တာမဟုတ်လား.... :P
နေ့အိပ်မက်တော့ ဖတ်ရတာတောင် ကြောက်လာတယ်...
အကိုရေ..စိတ်ထိန်း..စိတ်ထိန်း.. :P
အင်း..ညီမ ကြားဖူးတာတော့
ယောက်ျားဆိုတာ ရင်ခွင်မှာခွေနေတဲ့ မြွေဟောက်တဲ့ .
ဟီး.. အကိုရေးတာနဲ့ ဆန့် ကျင်ဘက်ပဲနော်.. :)
ဟဟ အဲလို လုပ်ရဘူးလေ၊ စဉ်းစားပါဦး
ကဗျာခေါင်းစဉ်ကိုကြည့်ပြီး တွန့် သွားတာပဲ
`မြွေဟောက်မ´တဲ့ 
ညီမလေးက မြွေကြောက်တတ်တယ်
ကြောက်လို့  လစ်ပြီနော်
ကြာကြာမနေရဲဘူး :P
တော်ကြာ တုံးပေါ်တင်တဲ့ အထဲမှာ ညီမလေးပါပါနေမှဖြင့် ဒွတ်ခ
လစ်ပြီ တာတတ်
ပါးပါးလှီး..သုတ်ပြီးတော့တူတူမြည်းမယ်..
ရက်စက်လှချည်လားး)
အာ.... လုပ်စမ်းပါဦးဗျ မြွေသွေးလေးနဲနဲလောက် ဘာကောင်းတယ်ဆိုလား ကြားဖူးလို့ပါ ဟီးဟီး
Post a Comment