သေခြင်းက အငှါးချထားတဲ့ အသက်ရှုသံနဲ့
မနက်ဖန်တွေဝတ်ဆင်ရင်း .....
တစ်စုံတခုကြောင့် ကြေကွဲထိခိုက်ဖူးတဲ့
ပပ်ကြားအက်နှလုံးသားသာ မရှိခဲ့ရင်
ကဗျာဆိုတာ တွေ့ထိလို့မရတဲ့
ဘာသာစကားရဲ့ ဝိညာဉ်သက်သက် ..
အကြားနဲ့ ... အမြင်
ထောင့်မှန်ကျနေရင်တော့
သူက အသက်ရှင်နေတယ် ...
ဂျယ်ရီမီဘင်သမ်(Jeremy Bentham)လို
စကားမတတ်ခင်ကတည်းက စာတတ်နေဖို့
ကဗျာမှာ အဲဒီလိုဦးနှောက်မလိုဘူး
ပုံရိပ်တွေ ရင်ဘတ်မှာအသံထွက်အောင်
ခုန်တတ်တဲ့ သွေးလွတ်ကြောတွေပဲလိုတယ် ...
ဗီဇကို သပ်ရိုက်ထားရုံသက်သက်နဲ့တော့
မှတ်တိုင်မှားဆင်း မိမှာပဲ...
သူ့ခံယူချက်က တစ်ချို့တွေအတွက် တော့
နာလည်ရခက်တဲ့ ရင်ဘတ်စာ ...
ကဗျာဆရာဟာ ...
မရှိမဲ့ရှိမဲ့ လောင်စာလေးနဲ့
တဖျစ်ဖျစ်မြည်နေတဲ့ အနေအထိုင်မှာ
အနုပညာတွေ တောက်လောင်ဖို့
ခန္ဓာကိုယ်ကို "ပျိုး"မွေးထားရတဲ့
မီးစာတစ်ခုရဲ့ အနာဖတ် ...
ဦးနှောက်နဲ့ နှလုံးသား မျဉ်းတပြေးထဲကျနေပြီး
သက်မဲ့စကားလုံးတွေ သွေးပွက်ပွက်အန်စေသလို
တစ်စိမ်းတစ်ယောက်က
တစ်ခြားတစ်ယောက်ကို
သေစားသေစေ လုပ်ကြံခြင်းမှာ
အရာဝတ္ထုနှစ်ခုရဲ့ ပွတ်တိုက်မှုတွေ အားပျော့စေဖို့
အခမဲ့ နာမည်ပျက်စာရင်းဝင်
ကြားခံပစ္စည်းသက်သက်...။
သူ့ကဗျာတွေထဲမှာ သူ့မာယာနဲ့သူ
မျက်လုံးတွေကို လှည့်စားဖို့ကြိုးစားရင်း
သူကိုယ်တိုင် အိမ်မက်တွေကို
လျော့ဈေးနဲ့ချရောင်းနေရတာ မေ့နေတတ်သူ...။
ဘေးထွက်ဆိုးကြိုးတွေက
ယုံကြည်ချက်မိုးမလင်းသရွေ့
ဧဒင်မှားစားခဲ့တဲ့အသီး အခုစားနေကြတဲ့ပန်းသီးမဟုတ်ကြောင်း
အထောက်အထားအပေါ်မှာ သစ္စာရှိတဲ့သမိုင်းသမားလို
အပျက်အစီးတွေကြားမှာ နေသားတကျ..။
သီအိုရီထဲက လွတ်ဖို့
အသက်ရှုကြပ်နေတဲ့လမ်းမတွေ ကျော်ခွရင်း
ဟာမိုနီမဖြစ်တဲ့ ဝိုက်လက်သီးတချို့
ဝပ်ကျင်းထဲက ဟိန်းဟောက်သံတချို့
နေလောင်ခံ ယုံကြည်ချက်တချို့
ထုပ်ပိုး ဆက်လျောက်
မနက်ခင်းတွေ လိုက်ကောက်နေရင်း
စားခဲ့တဲ့ပီတိ
“လောက၌ ကဲရဲ့လွတ်သူမည်သည်မရှိ"
"လောက၌ ကဲရဲ့လွတ်သူမည်သည်မရှိ"
"လောက၌ ကဲရဲ့လွတ်သူမည်သည်မရှိ"
အဲဒီ သုံးခွန်းတိတိ
ပီးတဲ့နောက် .... ။ ။
ကိုမင်းသုခ
မနက်ခင်းလိုက်ကောက်သူ (သို့) ခေတ်ပေါ် ကဗျာဆရာ
Subscribe to:
Post Comments (Atom)
11 comments:
ကဗျာကို ဥိး၂ဖျား၂ လာဖတ်သွားပါတယ်
ပပ်ကြားအက်နှလုံးသားသာ မရှိခဲ့ရင်
ကဗျာဆိုတာ တွေ့ထိလို့မရတဲ့
ဘာသာစကားရဲ့ ဝိညာဉ်သက်သက် ..
ဘာသာစကားရဲ့ ၀ိညာဉ်ကို နှလုံးသားနဲ့ ထိတွေ့ကြည့်ဖို့ ကြိုးစားသွားပါတယ်..။
ကဗျာကောင်းတွေ ဖတ်ခွင့်ရလို့ ကျေးဇူးတင်လျက်..
ဆုဝေ
ကဗျာကောင်းလေးတွေ
တင်ပေးတဲ့..အကို...ရေ..
ကျေးဇူးပါရှင်......
(လောက၌ ကဲရဲ့လွတ်သူမည်သည်မရှိ )
သေသေခြာခြာ မှတ်သားထားမယ်
လက်ရာကောင်းတဲ့ ကဗျာလေး တပုဒ်ပါ...
ကိုမင်းသုခ ကဗျာတွေကို ကြိုက်သလို တင်ပြေပေးတဲ့ ကိုအရုပ်ကိုလည်း ကျေးဇူးတင်ပါတယ်...
ရှီးဖော်... ပြန်ပီနော် :P
"လောက၌ ကဲရဲ့လွတ်သူမည်သည်မရှိ"
ဟုတ်တယ်..
ဒါပေမယ့် မိမိထံမှာ တိကျသေချာတဲ့ ဦးတည်ချက်ရှိနေရင်
ရောက်အောင်သွားနေတဲ့အချိန်မှ ဝေဖန်တာတွေကဲ့ရဲ့တာတွေကို
မျက်ကွယ်ပြုထားရတာတော်တော်လွယ်ပါတယ်....
ကိုယ့်ဝါသနာကိုယ်သာချစ် ဘာပဲဖြစ်ဖြစ်စိတ်မညစ်..ပေါ့နော
သေခြင်းက အငှါးချထားတဲ့ အသက်ရှုသံနဲ့
မနက်ဖန်တွေဝတ်ဆင်ရင်း .....
ကဗျာအစမှာတည်းက အမှန်တရားကို တွေ့လိုက်ရတယ်..
မနက်ခင်းတွေ လိုက်ကောက်နေတဲ့ ကဗျာဆရာရဲ့ ပီတိကို မျှဝေစားသုံးရင်းနဲ့ အရမ်းကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ဆိုတာ အခါခါပြန်ဖတ်လေ သိလေပါပဲ။
အကိုရေ အကို့ကဗျာ ဖတ်ပီးသားပေမဲ့ ပြန်ဖတ်တော့လည်း နစ်မျောသွားမိတာပါပဲ...
အကို့စကားလုံး အခွန်အားတွေက အရမ်းတောက်ပနေတယ်ဗျာ...
ညီလေး အရုပ်ကလေးကိုလည်း ကိုသုကဗျာတွေ တင်ပေးလို့ ကျေးဇူးတင်ပါတယ်
ဖိုးမောင်
ကဗျာလေး လာခံစားသွားတယ် သိလား...။
တကယ့် ကဗျာကောင်းတွေကို တင်ထားတာပဲ ကိုမင်းသုခရဲ့ကဗျာတွေက တော်တော်ကောင်းတယ်နော်။ ပီးတော့ အတွေးအခေါ်ပါတယ်။ ဒါကြောင်း ပါးလုံးလို တောကလေးက ကဗျာဖတ်တိုင်း အနည်းဆုံး၅ခေါက်လောက် ဖတ်ရတယ်။ အဟိ။ အဲ့တော့မှ ပေါက်တယ်လေ
ခင်မင်လျှက်
ညီမလေးပါးလုံး
ရှယ်ပဲ ကိုအရုပ်ရေ..................
Post a Comment