ကိုယ့်ကျင့်တရားမှာ ချွေးတစိုစို
ငါ့ကိုယ်ငါ အရမ်းစိတ်ပူတယ်
အစွန်းရောက်အာရုံကို အဖုံးဖုံး
ငါဟာ သူတော်စင်လို
မျက်လုံးအောက်စိုက် လမ်းလျှောက်လို့
တစ်ကယ်တော့ စိတ်များလွန်တဲ့ ပုရွက်ဆိတ်တစ်ကောင်
ခေါင်းကို ဆတ်ခနဲ ဆတ်ခနဲ လွှဲရ
ကိုယ့်ကိုယ်ကို အမြဲအာပတ်ဖြေနေရတဲ့လူပါ
ငါ .. ၀တ်လက်စ ဂျင်းဘောင်းဘီ
ဒီရာသီအကုန် ...
တန်းပေါ် ပစ်တင်ထားလိုက်တော့မယ်ဆိုလည်း
ရန်ပွဲတွေ့ရင် သွေးက .. ၀င်ရိုက်ခဲ့ချင်တုန်းပဲ
ဝရန်တာပန်းအိုးထဲက မြေလို
လူငယ်စိတ်လို့ အော်ပြောနေတဲ့
အရုပ်တွေကြည့်ရင်း ..
ဆံပင်အရှည် ပြန်ထားချင်တယ်
ဆောင့်ဆွဲနေရတဲ့ အရာတွေများလွန်းလို့
လက်ထဲက ခွက်မှာ သံချေးတက်တက်လာ
လက်ဆစ်တဖျောက်ဖျောက်ချိုးရင်း
အပိုးမကျိုး ဘာမှမကျိုး
တောက်ထုတ်ပစ်ပြီးသား အဲသည်ဘ၀မျိုး သတိရတယ်
ငါဘယ်လို အယောင်ဆောင်ဆောင်
ငန်ကျိကျိလမ်းမပေါ်
အင်္ကျှီကော်လံ ထောင်ထားချင်တုန်းပဲ ...။ ။
ဆရာ ခိုင်မြဲကျော်စွာ ရေးတဲ့ ကဗျာလေးပါ ...။
ကျွန်တော့် အဖြစ်တွေနှင့် ထပ်တူတမျှ တိုက်ဆိုင်နေတာကြောင့် အခုကဗျာလေး တင်လိုက်ခြင်းပါ ..။
အထီးကျန်ခြင်း
Subscribe to:
Post Comments (Atom)
13 comments:
ကဗျာလေးကိုဖတ်ပြီး ကျနော့် မျက်လုံးထဲမှာ ကိုရုပ်ရဲ့ ဖိုက်တင်ပေးတော့မဲ့ ပုံသဏ္ဍန်ကို မြင်နေမိတယ်ဗျ
လူငယ်တစ်ယောက်ရဲ့ အရိုင်းဆန်တဲ့ စိတ်ဓာတ်ကို ကဗျာလေးက ဖော်ပြနေလေရဲ့
သဘောအကျဆုံးစာသားကတော့
ရန်ပွဲတွေ့ရင် သွေးက... ဝင်ရိုက်ချင်နေတုန်းပဲ :)
မျှဝေဖော်ပြပေးလို့ ကျေးဇူး ကိုအရုပ်ကလေးရေ
မီးလေးကတော့ ၀င်ရိုက်ချင်နေတုန်းပဲဆိုတာ မြင်တိုင်း အစ်ကို့မျက်နှာကြီး မြင်ယောင်နေတယ်... :P
ကဗျာမိုက်တယ်
ကောင်းမှကောင်း
အရမ်းကောင်းတာဘဲ...ရိုးရှင်းတဲ့စိတ်ကိုမြင်နေရတယ်.. share လို့ကျေးဇူး :)
ကဗျာနဲ့ လူနဲ့ ထပ်တူထပ်မျှပဲနော် ...
ပျော်ရွှင်ပါစေ!
ညီမလေး
ပန်းခင်း
ရန်ပွဲတွေ့ရင် သွေးက .. ၀င်ရိုက်ခဲ့ချင်တုန်းပဲ..............
အပိုးမကျိုး ဘာမှမကျိုး
တောက်ထုတ်ပစ်ပြီးသား အဲသည်ဘ၀မျိုး သတိရတယ်....
ငါဘယ်လို အယောင်ဆောင်ဆောင်
ငန်ကျိကျိလမ်းမပေါ်
အင်္ကျှီကော်လံ ထောင်ထားချင်တုန်းပဲ ...။
ကဗျာတစ်ပုဒ်လုံးကို နှလုံးသားနဲ့ ဖတ်သွားတယ်။
ခံစားဖို့ မျဝေပေးလို့ တကယ် ကျေးဇူးတင်တယ်။
ကြိုက်!
အထီးကျန်မှာပေါ့ ယောကျာင်္းလေးပဲဟာ.. ဟီး။
ကဗျာမှာ ဒေါသတွေ ပါနေတယ် သလိုလို.. စိန်ခေါ်နေသလိုလို.. စိတ်လျှော့..စိတ်လျှော့
ဟွင်းနော်.. ဦးယုတ်ကြီး.. ဆိုးရဘူး...။
စရိုက်တွေ.. စရိုက်တွေ..
ကဗျာကောင်းလေးတပုဒ်
ဖတ်ခွင့်ရလို့..ကျေးဇူး...
မိုက်တယ်ဟ.. လမ်းပေါ်က လူငယ်တစ်ယောက်အကြောင်း.. တကယ်ပေါ်တယ်....
စိတ်လျော့ စိတ်လျော့....
ကဗျာနဲ့လူ ထပ်တူကျတာလဲ မပြောနဲ့လေ
ဖတ်ရင်းနဲ့ ပုံပေါ်နေမိတယ်...။
Post a Comment