မြတ်နိုးတတ်ခြင်းတွေ
အသက်ဝင်တဲ့နေ့ကစ...
အလွမ်းတွေ ရင်ဘတ်ထဲထည့်လို့
ငုံ့ငုံ့ကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....
ချစ်တတ်ခြင်းတွေ
ဖွားမြင်တဲ့နေ့ကစ...
တမ်းတမှု့တွေ ရင်ဘတ်ထဲထည့်လို့
ခဏခဏထုတ်ကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....
မျှော်လင့်တတ်ခြင်းတွေ
လူလားမြောက်တဲ့နေ့ကစ...
စိတ်ကူးတွေ ရင်ဘတ်ထဲထည့်လို့
လှမ်းလှမ်းကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....
...................
မနက်ဖန်ဆိုတာတွေ ခေါက်ကနဲခွေကျသွားတဲ့နောက်
အတူတူစီးဆင်းခဲ့တဲ့ အိပ်မက်ဈာပနမှာ
လရောင်ဟာအဖိတ်ဖိတ်အစင်စင် ကျကွဲနေရင်း
တစ်ခြမ်းရိုက်ထားတဲ့ဖိတ်စာရဲ့ တစ်ခြားဖက်မှာ
ကံစမ်းမဲတစ်ရွက်လို အဖြူရောင်သက်သက်
စီရင်ချက်ချခံလိုက်ရတဲ့ အမြတ်နိုးဆုံးဝဋ်ကြွေးတစ်ခုဟာ
လက်ထိုးအန်လို့မရလောက်အောင်
ချောင်ပိတ်ရိုက်ခံနေရဲ့
အချဉ်ပေါက်နေတဲ့အရုဏ်တွေမှာ
နေ့ဆက်ဖျားနာနေတဲ့ဘဝ
ဆန်တက်မလာတော့တဲ့ ကံတရားကို
ရေဆာသလို တမ်းတရင်း
ဂစ်တာဟာ သူ့အသံသူမျိုချနေရတယ်။
အနာဂတ်ကို ခြေဆုံးခေါင်းဆုံးကြည့်ခွင့်မရတဲ့
အစွန့်ပစ်ခံအစိတ်အပိုင်းကို ကြက်ခြေခတ်ပြီး
ပင်လယ်ဆီအငမ်းမရ အခစားဝင်ချင်နေမှတော့
ရိုးသားစွာစီးဆင်းခွင့်ပျောက်ဆုံး
နောက်ဆုံး
မြစ်ကျိုးအင်းအဖြစ်
ငါလေ....
ပုံ့ပုံ့လေးလဲကျကျန်ရစ်ခဲ့တယ်....။ ။
“အစွန့်ပစ်ခံမြစ်”
Subscribe to:
Post Comments (Atom)
12 comments:
မျှော်လင့်တတ်ခြင်းတွေ
လူလားမြောက်တဲ့နေ့ကစ...
စိတ်ကူးတွေ ရင်ဘတ်ထဲထည့်လို့
လှမ်းလှမ်းကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....
...................
စောင့်မနေနဲ့ ရုပ်ရုပ် သွားပေးလိုက်....
ခံစားရတယ်ကဗျာဆရာ
အနာဂတ်ကို ခြေဆုံးခေါင်းဆုံးကြည့်ခွင့်မရတဲ့
အစွန့်ပစ်ခံအစိတ်အပိုင်းကို ကြက်ခြေခတ်ပြီး
ပင်လယ်ဆီအငမ်းမရ အခစားဝင်ချင်နေမှတော့
ရိုးသားစွာစီးဆင်းခွင့်ပျောက်ဆုံး
နောက်ဆုံး
မြစ်ကျိုးအင်းအဖြစ်
ငါလေ....
ပုံ့ပုံ့လေးလဲကျကျန်ရစ်ခဲ့တယ်....။ ။
ရေရေလည်လည်ကောင်းတယ်
မနက်ဖန်ဆိုတာတွေ ခေါက်ကနဲခွေကျသွားတဲ့နောက်
အတူတူစီးဆင်းခဲ့တဲ့ အိပ်မက်ဈာပနမှာ
လရောင်ဟာအဖိတ်ဖိတ်အစင်စင် ကျကွဲနေရင်း
တစ်ခြမ်းရိုက်ထားတဲ့ဖိတ်စာရဲ့ တစ်ခြားဖက်မှာ
ကံစမ်းမဲတစ်ရွက်လို အဖြူရောင်သက်သက်
စီရင်ချက်ချခံလိုက်ရတဲ့ အမြတ်နိုးဆုံးဝဋ်ကြွေးတစ်ခုဟာ
လက်ထိုးအန်လို့မရလောက်အောင်
ချောင်ပိတ်ရိုက်ခံနေရဲ့
အချဉ်ပေါက်နေတဲ့အရုဏ်တွေမှာ
နေ့ဆက်ဖျားနာနေတဲ့ဘဝ
ဆန်တက်မလာတော့တဲ့ ကံတရားကို
ရေဆာသလို တမ်းတရင်း
ဂစ်တာဟာ သူ့အသံသူမျိုချနေရတယ်။
အနာဂတ်ကို ခြေဆုံးခေါင်းဆုံးကြည့်ခွင့်မရတဲ့
အစွန့်ပစ်ခံအစိတ်အပိုင်းကို ကြက်ခြေခတ်ပြီး
ပင်လယ်ဆီအငမ်းမရ အခစားဝင်ချင်နေမှတော့
ရိုးသားစွာစီးဆင်းခွင့်ပျောက်ဆုံး
ထပ်လာခံစားတယ်ကောင်းလို့
ကဗျာက ကောင်းလွန်းလို့ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူးအကိုရေ ခံစားချက်တွေအပြည့်နဲ့ရေးထားတော့ ဖတ်ရတာကောင်းလိုက်တဲ့ကဗျာအကို အဆင်ပြေပါစေဗျာ။
ရိုးသားစွာ စီးဆင်းခွင့်ပျောက်ဆုံး........
တခါတလေမှာ ဟုတ်တယ် ရိုးသားမှုတွေ အလုံးစုံ ပျောက်ဆုံးသွားတဲ့အခါ
အလိမ်အညာတွေနဲ့ ဒဏ်ရာတွေသာ ကျန်ခဲ့တယ်ဟာ
အခုမှရောက်တယ်
ကဗျာတွေအတော်ကောင်းတယ်နော်
ကဗျာလေး ကောင်းတယ်ဟ.... ကြိုက်တယ်..(ဒါနဲ့ ဖွဖွလေး ကိုင်ပြီး စောင့်နေတယ် ဟုတ်စ.. ပုလင်းတော့ မဟုတ်လောက်ပါဘူး... နောက် ငါက ငါ့အသံငါမျိုနေတယ်ဆိုတော့ :P )
ကဗျာလေး ထပ်တူခံစားရတယ်ဟာ။ အခုဖြစ်နေတာတွေနဲ့ တထပ်တည်း ဖြစ်နေတယ်။ အမှတ်တရ ကူးယူသွားတယ်နော့။
ကဗျာတွေလာဖတ်ပါတယ်
မော်ဒန်ဆန်တယ်... နုရွတယ်...
ခံစားချက်ထည့်တယ်...
ဒါတွေက ကဗျာကို ပိုလို့ အသက်ဝင်စေတာပေါ့...
အရမ်းကောင်း၏။
ဟုတ်ပါ့ ကောင်းကင်ပြာပြောသလို စောင့်မနေနဲ့တော့ အိုင်တီခေတ်မှာ နောက်ကောက်မကျအောင် သွားသာပေးလိုက်ပါ။ သူမယူလဲ ဈေးထဲ ချေ၇ာင်းလိုက်ပေါ့..ဟီး
Post a Comment