အခုဆို ....
သူမက မီးအိမ်ရှင်
ညအမှောင်ထုတွေကြား ငြိမ်သက်စွာ.....
အလျားအနံ ဖြတ်ချိုးအရိပ်တွေထက်
အလင်းစုအားတွေက
စိတ်ဖေါက်နေတဲ့,
င့ါ ... ညအာရုံများစွာအတွက် ॥
အခုဆို ....
သူမက တာရာရှင်လမင်း
တောနက်နက်ထဲက ည၀တ်ရုံလွှာတွေကြား လဆမ်းစွာ .....
အလင်းဖျောက်လေးတွေအဖြစ်နဲ့
ေ၀၀ါးနေတဲ့,
င့ါ .. မျက်ဝန်းအစုံအတွက် ..။
အခုဆို ....
သူမက အိပ်မက်နတ်သမီး
ခပ်ဖွဖွ ခြေလှမ်းတွေနဲ့ ညင်သာတိုးတိတ် ......
စွန်းထင်းနေတဲ့,
င့ါ ... အိပ်မက်အအိုတွေအတွက် ॥
အခုဆို....
သူမက ဖန်ဆင်းရှင်
တည်ငြိမ်မှု စိတ်အလင်းဖန့်များစွာနဲ့ ရပ်တည် .....
စိတ်ကစဉ်ကလျားဖြစ်နေတဲ့,
င့ါ .. ရူးသွပ်မှုများစွာအတွက် ..။
လွန်လေပြီးသော ကြယ်ကြွေစိုင်တွေအတွက်
သစ်အိုပင်တွေ....
သွေ့လန့်မှုတွေ .....
အညတရ ပုံပြင်တွေ ....
သွေးစက်တန်းလန်းနဲ့ အမြီးနှံနေတဲ့ ဘ၀တွေ....
ဒုက္ခအတိ ပွင့်ဖူးဝေနေတာတွေ .....
ကဗျာ ရူးသွပ်နေတာတွေ ......
.....................တွေ
.........................တွေ ...... အတွက်
သက်တန့်ရောင်စုံနဲ့ ဖုံးအုပ်ပစ်လိုက်တဲ့ ...သခင် ။ ။
အင်္ကျင်္င်္ိ
Subscribe to:
Post Comments (Atom)
6 comments:
ဖတ်ပြီးသွားပြီ...။
း)
ထပ်လာဖတ်တာ...
ခုမှတွေးမိတယ်..ခေါင်းစဉ်နဲ့ ကဗျာ၊ ဘယ်လိုမှ ဆက်စပ်တွေးလို့ ရမသွားဘူး...း)
အင်္ကျီကြီးတော့ တားနဲ့ တော်ဘူးဂျာ ...
အဲဒီ အင်္ကျီပေါ့ ...
ဒုက္ခပေးနေတာ ...
သူမက ဖန်ဆင်းရှင်. တာရာရှင်လမင်း.. မီးအိမ်ရှင်.. ခိုင်းနှိုင်းပုံလေးလှတယ်..
ဒါပေမဲ့ အင်္ကျီနဲ့ သူမ ဆက်စပ်မရ.. :P
သက်တံ့ရောင်ခုနစ်စင်းလင်းတဲ့ ချစ်ခြင်းသခင်မပေါ့ ....
ဟွန်းးး ဘာအကျီင်္ကြီးမှန်းလဲမသိ...ညှီနံ့တော့နံမှာပဲ..။
အရုပ်မ...အဲဒါမ၀တ်နဲ့နော်..။
ခင်မင်စွာဖြင့်
မိုးငွေ့
Post a Comment