နှုတ်တော်က ခွန်းသီစကားတွေလား
အလွမ်းပုရပိုဒ်တွေကပဲ နှစ်စေ့သွားတာလား..
ဆွေးလက်စမှာတော့ တစ်စစီပြန့်ကျဲ
“..”နဲ့ပတ်သက်သမျှ အလွမ်းတွေကလေ
သေမိန့်ချထားရသူရဲ့
ဆုတောင်းခြင်းမှာတမ်းများလို
တရစပ်မထွက်နိုင်အောင် တစ်စို့နေခဲ့.....
ဈေးကစားတဲ့ လှည့်ကွက်တခုလို
မျက်တောင်တခတ် လျှပ်တပြက်မှာပဲ
ယုံတမ်းစကားတွေ ပုံအောသလို
နှလုံးရုပ်ကြွင်းသက်သက်တော့
ဟုတ်မနေခဲ့ဘူး...
ရုပ်ကြွင်းသက်သက်မဟုတ်တဲ့ .. ချစ်ခြင်း
Subscribe to:
Post Comments (Atom)
5 comments:
မင်္ဂလာပါ..။ကဗျာကိုခံစားဖတ်သွားပါတယ်..။
အဆင်ပြေပျော်ရွှင်ပါစေရှင်..
ခင်မင်စွာ
သဒ္ဓါ
ရောက်စ်စ်စ်...။
း)
နှလုံး ရုပ်ကြွင်းဆိုရင်တော့ အရှုံးများတဲ့ နှစ်လုံးသမား ဖြစ်မှာပဲ
အင်း ... တခုခုတော့ .. တခုခုပဲ ..
အရုပ် ငါတို့ နှစ်ယောက် ခွက်တိုက်ကြစို့ ...
ချီးယားစ် ....... :P
ဟွန်းးးး သူတို့ကဒီမှာခွက်လာတိုက်နေကြတယ်..။ အင်းပေါ့လေ... တူရာတူရာတွေဆိုတော့ မပြောတော့ဘူး...။
ခင်မင်စွာဖြင့်
မိုးငွေ့
Post a Comment