မဟောင်းသေးဘူး
ဒီပုံပြင်လေး .....
ကလေးပေါင်းများစွာ ရယ်မောသလို
ပန်းပေါင်းများစွာ အသစ်ပွင့်သလို
ခံစားချက်တွေကို ကုန်ကြမ်းအဖြစ်နဲ့
ချရေးလိုက်တယ် ဆိုပေမယ့် ....
တစ်ကယ့်အလေးထားစရာတွေ တပုံတပင်နဲ့
မင်းအကြောင်း ရေးရေးလေးတွေ အာရုံမှာ လာလာငြိတာ ...
ဟောင်းမသွားတဲ့အဖြစ်တွေက ပြိုးပြက်လို့ ... လက်
မင်းအတွက် အချစ်တွေက သက်သက်ပါ ..
လေပြေမှာ အရောင်မဲ့တိုင်း
ဆောင်းရာသီ ခြောက်ကပ်မသွားပါဘူး..
အုပ်မှိုင်းနေတဲ့ ကောင်းကင်အောက်မှာ
ပွင့်လာမယ့် ပန်းတွေဖူးနေတုန်း
လဝန်းကြီးကလည်း ခပ်ပြုံးပြုံး ငုံ့ကြည့်မြဲပါ။
ဒီလိုနဲ့
ရင်ဘတ်အထိရဲ့ နိုးတ၀က်ည
အိပ်မက်က ဈာပနဆိုရင်
င့ါအတွက် ....
အလျင်းမပျက်တဲ့ သစ္စာတရားတွေ
ထုံမွှမ်းရင်ပတ်နွယ်ငင်တဲ့ ကြိုးလေးတစ်စနောက်
တကောက်ကောက် လိုက်နေခဲ့တာ
အမှားကြီးမှားလား ...
ရောင်နီအလင်းစက်အောက်မှာပဲ ကွယ်ကွယ်ပျောက်သွားတာလား ..
သေချာတဲ့ သရုပ်ကတော့
လွမ်းညတွေမှာ
တမ်းတတာ ချစ်သူ .. .. သိပါလေစ
မီးလင်းဖိုနဲ့ ခပ်ဝေးဝေး
အမှတ်တရများ နွေးထွေးဆဲ
အမြဲတုပ်နှောင်မထားတဲ့ ကြိုးများ
တအားကုန် ပိုခိုင်မာတယ်လေ
နွေဦးရာသီ ဆီကို မောင်းနှင်ဖို့
ဆောင်းက အမြဲတမ်း ခေါင်းမာတယ်..
နွေမိုးဆောင်း ......
ပြောင်းလဲတဲ့ ရာသီတမ်းခြင်းတွေမှာပဲ
အတိမ်အနက် စကားလုံးတွေ
ယိုဖိတ်သေဆုံး ...
ဖျားနာနေတဲ့ ၀ိညာဉ်တွေတောင် အလိုတူပါ
သည်အချိန်ပေါ့ ....
စကားလုံး လှလှလေးတွေအောက် နားဖျားသေဆုံးကြရတာ ...
ရွက်ကြွေတွေ လေထဲ မျောသွား
အနားမှာ လေပြေသာ ကျန်ရစ်
ပုံပြင်တစ်ခု ဖြစ်တည်.. ပြီးဆုံးကြောင်း
မဟောင်းနိုင်စွာ ကဗျာကျန်ရစ်တယ်။
ဒီကဗျာလေးက ညီမလေး ရွှန်းမီနှင့် စကာပြောဖြစ်ရင်း ..နှစ်ဦးပေါင်းစပ်ရေးဖွဲ့ပြီး အမှတ်တရ ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ ..။
0 comments:
Post a Comment