သူရိယ(ယာ)

နေမင်းအိမ်​ လျှံဖြာကြတယ်
ကြွလျှမ်းချိန်​ ၀ဋ္ဌာဆီက
ထွန်း​တောက်​တဲ့တိမ်​ ။


မျှော်​ရည်

စွေလှတဲ့ မိုးဝသန်​​မှာ
မှန်းဆလို့ လွမ်းရက်​ရှည်

သိုင်းဖွဲ့​နေ မိုးက
ဆိုင်းနွဲ့နွဲ့အ​ခြေ

ထွေးစရာ့ဗလာ
ဆွေးရတာရှည်​မို့
အ​ဝေးက
မောင့်​ . . ​နွေးစရာ့ဒါလီ​ရေ ။

ခါ​တော်​မီ

လေဦးမိုးသက်​ချီ
မြူးခဲ့​ပြီ

ခါ​တော်​မီ
ညို​ရောင်​​မှောင်​ မင်းလွင်​ရိုးဆီက

ဖော်​ကွဲမစုံ
ပစ္စုန်​ရယ်​ လွမ်းရင့်​ကျူး​တဲ့
မှိုင်းလဲ့လဲ့ ရာသီ ။

စာကြောင်းရေ ၅၂၉

ချစ်သူရဲ့ မျက်ဝန်း   အမြန်ချောစာအရောက်မှာ
င့ါနှလုံးသား ရာသီ
ဖေါက်ပြန်ရတော့တယ် ...
စိတ်ကူးနဲ့ ခိုးခိုး နမ်းဖူးတဲ့ပန်း
အလွမ်းတွေနဲ့
ခဏဏကြွေတာပဲ ...
ချစ်သူအပြုံးရဲ့
စားချက်ကလည်း ငါ့စာရွက်အိပ်မက်တွေကို
ဆုတ်ဖြဲသွားတာ အခါခါရှိပြီ ...
အချစ်ကို လက်ခမောင်းမခတ်ရဲလို့
ရင်ဘတ်ထဲ ထည့်ထားရတဲ့
ပင်လယ်တစ်စင်းကို
သတိရခြင်း သီချင်းတွေ
ဖွဲ့သီခဲ့တယ် ...
ခံစားမှု အထုံမကူးမီ
ကျေးဇူးပြုပြီး
အခုဖတ်နေတဲ့
ကဗျာလေးအတိုင်း ဆက်ပြီး
ပုံကြီးချဲ့ သရုပ်ဆောင်လိုက်ပါဦး ....။
                                                    (NWT)

အရိပ်ဘဝ

ရုပ်နာမ်တရားတွေ ကြားမှာပဲ
လောဘတွေ ရမ္မက်မပြေ ဖြစ်လို့ ...
လောဘတွေ မွှန်နေတဲ့ စိတ်မှာပဲ
သောကတွေ ဝေလို့ ...
အရာခပ်သိမ်းအတွက် အပယ်ချုပ်ငြိမ်းရာကို
မလူးဝံ့ မလွန့်သာခဲ့ဘူး ။

အခြေအနေတိုင်းအတွက်
စိတ်အခြေတွေ အပြိုင်းအရိုင်း ကျခဲ့ဖူးလည်း
မပြေလည်ရာ သမိုင်းက
ကျင်လည်ရာ ဘ၀လှိုင်းကို လှုပ်ခတ် ..
ရည်ရွယ်ရာ အနာဂတ်တိုင်းအတွက်
ဖြည်မဆည်နိုင် အရိပ်တိုင်းက ခြောက်လှန့်နေတယ် ..။

ဒီလိုနဲ့ ....
............................
......................................

သီအိုရီ

ကျွန်တော့်ရဲ့   သီအိုရီမလေးရေ ...
ကျွန်တော် မဟုတ်တဲ့ ကျွန်တော်က
ယုံကြည်မှု/မယုံကြည်မှု  ညီမျှခြင်းကျတဲ့ဘက်မှာ
နှစ်ထပ်ကိန်း ဂဏန်းကို ရှင်းချက် ထုတ်ထုတ်နေမိတတ်တယ် ..။

အပေါင်း အနုတ် အမြှောက် အစားတွေနဲ့
ခေါင်းကုတ်ခါလည်း တွေဝေဖူးတယ် ..။

ဖြေစရာမလိုတဲ့ ဥပမာ ပုစ္ဆာတစ်ပုဒ်ကိုလည်း
အတွင်တွင် အခါခါနဲ့ .......
...........................

ကျွန်တော့်ရဲ့ အတ္တဆန်ခြင်းက အများအမြင်လို မဟုတ်ခဲ့ပြန်ဘူး
မနက်ဖြန်ဖြေရမဲ့ မေးခွန်းတွေအတွက်
ဒီည ဂယက်ရိုက်တဲ့ စပေါ့လေး နည်းနည်း လိုက်မိတယ် ..။

ဒီလိုနဲ့ ......
.....................
ပုစ္ဆာတစ်ပုဒ်ကို နည်းမျိုးစုံနဲ့ တွက်တတ်ခဲ့တဲ့ ကျွန်တော်
အတွေးများစွာကြား အဖြေပေါ်စေတဲ့ သီအိုရီ
လိုလိုလားလားလေးနဲ့ အမှတ်ရစေတယ် / မှတ်ခဲ့တယ် ...
ထာဝရ အတွက် ...........။            ။

                         1
                      (2)
                   1  +  1
               1               1
           1                        1
           M          =            F

အရာရာ .. မင်း

မင်းနဲ့ငါ
တလွဲတွေးတာ မဟုတ်ဘူး ... အတွေးလွဲနေကြတာ
အလိုက်တွေ လွဲနေတာ ... မဟုတ်ဘူး ... အလွဲတွေလိုက်နေကြတာ
ဒီလိုနဲ့ ဖွဲ့တည်ရာ တိမ်စိုင်တွေလည်း တရွေ့ရွေ့ ..

အချစ်တွေ တဖွားဖွားနဲ့ ... အပြစ်တွေလည်း များခဲ့သား
အတွေးကပွား ... အဆွေးကများတော့
အလွမ်းတံတိုင်းမှာ အပြိုင်းအရိုင်း ခံစားချက်တွေကို
အရိုင်းအစိုင်း လုပ်ရပ်တွေနဲ့ ချစ်ခဲ့တာ မဟုတ်ဘူး .....

ချစ်သူ ... အတွေးသမိုင်းမှာ
အဆိပ်မှိုင်းတွေ ရှိခဲ့တာတွေ မလိုလားလို့
အငိုများနေတဲ့ င့ါဘ၀ထက်
အပိုများစေတဲ့ အချစ်တွေနဲ့ ကုစားပေးပါရစေ..