ကလေး သာသာ

နုညံစွာ ဆုံဆည်းခွင့်တွေ ပေးခဲ့ပါတယ်

နောက်ကျမှ လှည့်ပြန်ရတဲ့ အဖြစ်မျိုး .....

ရိုးရိုးလေးနဲ့ တိုးတိုးလေး ပြောပါရစေ

သိပ်ချစ်တယ် ..

အချိန်တွေက မရက်စက်ဘူး

ကံကြမ္မာကိုက လှည့်စားနေတတ်တာ..

အရာဝတ္ထုများစွားကို

ရုပ်သေးရုပ်အဖြစ် ကြိုးဆွဲကချင်တယ်

နှစ်ကိုယ့်တစ်စိတ်ပေါ့ ...

တစ်ခါ တစ်ခါ သောက်တတ်တယ်

အမြဲလိုလို မိုက်တယ်

သွေမဖီတဲ့ အချစ်နဲ့

တွေးကြည့်ရာကို အလေးထားကြည့်

ကျွန်တော် သူ့ကို သိပ်ချစ်တယ် ...

ကြုံရသည့်အချစ်က ပိုးဆိုးပက်စက်

ထပ်တူကျတဲ့ နှလုံးသားကို

မေ့ဆေးသုံး ခွဲစိတ်....

ချစ်နေမှတော့ နုညံတဲ့နှလုံးသားကို

အရှင်လတ်လတ်ဆွဲနုတ်

င့ါအတွက် နိဂုန်းချုပ်ပါ ......

သေလွန်သွားရင်တောင်

အဖြေမလွန်တဲ့ အဖြစ်က ချစ်လျှက်ပါ ....။

တိတ်တိတ်လေး

ဒီနေ့ ....

ရန်ကုန်မြို့ထဲ ခြေဆန့်

စိတ် ကစဉ့်ကလျားတွေနဲ့

အစွန်းရောက် အာရုံတွေအဖုံးဖုံး

မြင်ကွင်းအစုံမှာ ...

'မ'ပုံရိပ်တွေက သက်ဝင်လှုပ်ရှား

ကျွန်တော် ဘယ်လိုနေရမှာလဲ ....

ဒီနေ့ ....

စိတ်တိုင်းမကျတဲ့ ညနေမှာပဲ

စိတ်တိုင်းကျ ကော်ဖီတစ်ခွက် မှာသောက်မိ

သူလိုကိုယ်လို လူတွေထဲ

တိမ်တိုက်တွေက ရွေ့လျားနေဆဲ...

ဒီလိုနဲ့ပဲ ...အရာရာကို လက်မှိုင်ကျ

ငါ့ဦးခေါင်ခွံက အခွံချည်းသက်သက် ...

ဒီနေ့ ....

ရန်ကုန်မြို့ထဲ ခြေဆန့်

နေသားမကျတဲ့ ဘ၀တွေက အတုံးအရုန်း

ရိုးမြေကျလိုဖြစ်နေတဲ့ တေးသွားတွေက အလိုက်အထိုက်

ဘာကိုမှ မရည်ရွယ်အောင်

ရည်ရွယ်ဖြစ်သွားတာတွေက အစုလိုက်အပုံလိုက်...

လေလှိုင်းဝက စကားသံတွေနဲ့ပဲ

နှုတ်ခွန်းဆက်သ

လွမ်းစိတ်တွေ လုံးလုံးကြွ

ထထနေတဲ့ အချစ်ပိုးတွေကို

ရိုကျိုးစွာနဲ့ တောင်းပန်နေမိတာ

အဆန်းတကြယ်တော့ မဟုတ်ခဲ့ဘူး....

ဒီနေ့ ....

လူတွေ .. ဟိုဝင်သည်ထွက်

ကာလာအစုံ ဦးတဟို ဖြတ်သန်းသွားလာနေကြ

ထိုင်လက်စ နေရာမှာပဲ

ကျွန်တော့်စိတ်တွေ 'မ'ထံ ရောက်ရောက်နေတာ

အနှေးပြကွက်တစ်ခုလို တစ်ခန်းပြီး တစ်ခန်း

လတ်ဆတ်ခြင်းကို သက်ရွက်များ မစွန့်ထုတ်နိုင်တော့တဲ့အချိန်

နုပျိုခြင်းနာရီတွေက တတိတိလှိုက်စား ...

ချစ်မိလို့ လွမ်းမိပြီဆိုကာမှပဲ

ဘာကို မျိုသိပ်ထားရမှန်းမသိ မျိုသိပ်နေရ ..

ခံစားမှု အဖုံဖုံမှာ

ရွက်ကြွေဘ၀ကို ရောက်ရောက်သွားတတ်တာ...

ဒီနေ့ ....

ထိုင်ခဲ့ဖူးတဲ့ နေရာလေးကိုတမ်းတ

လူရယ်လို့ ဖြစ်လာကတည်းက ...လူ

အပြန်လမ်းတစ်လျှောက်

ကိုယ့်အကြောင်းကို ပြန်တွေးရင်း

ဖိနပ်မပါတဲ့ နွေလည်နေ့တွေလို

ကွဲအက်စပြုတဲ့ အာခေါင်ကို နှိုက်ထုတ်ရင်း

နင်းလျှောက်ရတဲ့ ခြေအစုံတောင်

ယိုင်နဲ့ ခွေကျချင်ပြီ ....

ဒီနေ့ ....

ရခဲ့ဖူးတဲ့ 'မ'ကိုယ်သင်းနံ့တွေကလည်း

အကြိမ်ကြိမ် တိုးဝှေ့

ရှူရှိုက်လိုက်တဲ့ လေထုထဲမှာ

ဖြတ်သန်းမျောလွင့်လာလိုက်တာ

အသက်ရှူသံတွေကိုတောင်

ခပ်ပြင်းပြင်း လှုံ့ဆော်စေခဲ့ ....

ဒီနေ့ .....ဆန်းဒေး

အလွမ်းတံတိုင်းတွေက

တဆင့်ပြီးတဆင့် တက်တက်နေတာ

ဗလာဖြစ်နေတဲ့ ငါ့အခင်းအကျင်းတစ်ခုလုံး

လေလံတင်ဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့

ဝယ်သူမဲ့ အဖြစ်မှာပဲ ...

ဒီနေ့ ....

အနေနီးပေမယ့် ဖေါ်ကွာဝေးမဲ့မြေပေါ်မှာ

ဆုံနိုင်ခွင့် လက်ကျန်တွေအတွက်

လက်ပြနှုတ်ဆက် ...

အလွမ်းတွေကို အစုလိုက်အပြုံလိုက်

သွန်းချစေခဲ့တာ

အချိန်တိုင်းမှာ ကျွန်တော်တစ်ယောက်ထဲ လူးလွန့်နေခဲ့ ...

ဒီနေ့ ....

အိပ်ရမယ်ဆိုတဲ့ အသိအတိုင်း

အိပ်စက်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့်

ဖုန်းပြောရတဲ့ ညတွေဆီက 'မ'အသံတွေ,

အခန်းကျဉ်းငယ်ထဲက ကျွန်တော်

မြင်နေရတဲ့ 'မ'ပုံရိပ်တွေ ...

လဲလျောင်းလိုက်တယ်ဆိုရင်ပဲ

အိပ်စက်ဖို့ မေ့မေ့သွား ..

ဘ၀ကိုက အံမ၀င်တဲ့ ကိုယ့်အံကို

သိုသိုသိပ်သိပ် ဖိကြိတ်နေရင်း

ရှင်သန်လာပြီ ဆိုကတည်းက

ပြီးပါပြီဆိုတဲ့ ဖြစ်စဉ်လေး မရောက်ခင်

အသွေးမမဲ့တဲ့ နေ့တွေကို

မျှော်လင့်စောင့်စား

အချိန်တွေ ခြွေယူပစ်လိုက်တဲ့ သည်လိုနေ့တွေမှာ

တွေးနေရ ပုံရိပ်တွေက ဝေးလံခေါင်းပါး

ရနံ့သင်းတစ်ခုမှာပဲ စွဲကျန်ရစ်တဲ့အခါ

ရှူရှိုက်မိတဲ့ အချိန်လေးမှာပဲ လွင့်ပါးသွားရ ...

ဒီနေ့ ....

မရေရာတဲ့မျှော်လင့်ချက်သက်သက်နဲ့ ငါလိုလူ

ရုန်းထွက်မရတဲ့ 'မ'အကြည့်တွေကြား

ခပ်စိုက်စိုက်လေးတော့ ကျန်ယဲ့နေသေးရဲ့ ..

ဒီလိုပါပဲ

ဘ၀ကိုက ပြောင်းပြန်အချိုးကျစေမှတော့

နှစ်ထပ်ကိန်း အက္ခရာတွေ ထပ်မတင်တော့ပါဘူး ..

သို့တည်း .. ရင်ခုန်သံနုနုလေးတော့ ကြွင်းကျန်နေဆဲ ...

အယူမှားနေခြင်း

အတ္တပုံဆောင်ခဲတွေကို လက်တဆုပ်စာ ကျောပိုးအိတ်ထဲ သယ်ပိုးနေတဲ့ လူတွေ ...

သူလိုကိုယ်လို ရယ်ပြုံးခြင်းကို လိုလားကြသူတွေချည်း ။

လက်တွေ့မဟုတ်တဲ့ အိပ်မက်

စေညွှန်ရာမှာ အချစ်က ရံဖန်ရံခါ....

ကားစပယ်ယာရဲ့ လက်တစ်ဖက်လို ကျော ၊ လက် ၊ တင် ၊ ခါး ..

အစစရှိ အနောင်နောင် တွန်းပို့သလိုပဲ ..။(စပယ်ယာတိုင်းကို ဆိုလိုခြင်းမဟုတ်)

အရိပ်က မှောင်နေတယ် ..

အလင်းဘာသာဗေဒနဲ့ တွက်ချက်ရင် အရိပ်က အရိပ်ပဲ ...

အလင်းက အလင်းပဲ ...

ဖြည့်စွက်ယူနေရတဲ့အထဲ

အတွေးနဲ့ စေတနာကို ဘေးဖယ် ..

ဟိုးအဝေးကို ငေးကြည့်မယ်ဆို

တစ်နေကွယ်ပျောက်လို့

ညနေရီအလှရိုး ကွယ်ပျောက်ခဲ့ပြီ ..

နှစ်ကိုယ့်တစ်စိတ်

ဆောင်းအလိုကျ ပြောင်းလိုက

နှောင်းဟိုက အတိတ်ရက်.....

သဘောအလိုရ တောခိုပြ

မနောအလိုကျ

ဟောဟိုက င့ါနေ့ရက်တွေ....

တစ်ခါအလိုမကျလို့ အထာအိုတမ်းတချိန်

မနှစ်က ငါသည် ယနေ့ဖြစ်တည် ..

အတ္တ .. ငါ နှစ်ပါးသွားကို သံပြိုင်ကလို့ ..။

မေလေး အတွက် (နိုဝင်ဘာ ၂၄)မွေးနေ့ ကဗျာအဖြစ် ရေးဖွဲ့သည် ...။

ဆွံ့အ ..အဝေး

အိပ်မက်က ....

တရိရိနဲ့ပိကျလာတဲ့ ဆောင်းခိုမြက်လို

နှင်းပွင့်စက်တို့ ကျန်နေရုံနဲ့

မိန်းမော အိပ်စက်ခဲ့ ...။

အတူကျင်လည်တဲ့ ကြာရိုးမှာ

လေပြည်ယိမ်းတိုင်း ...မျောလွင့် ..။

ဟော ဟိုမှာ ဥသြသံတစ်ချက်ဆွဲလိုက်တယ်

ကတိုက်ကရိုက်ပဲ ....

သည်ည ကျင်လည်ရာတွေကအမှိုက်သရိုက် ..။

မှူးဒါရီ အတွက် (နိုဝင်ဘာ ၂၄) မွေးနေ့ လက်ဆောင်ကဗျာ အဖြစ် ရေးဖွဲ့သည် ॥။

ကဗျာကြွင်း

မဟောင်းသေးဘူး

ဒီပုံပြင်လေး .....

ကလေးပေါင်းများစွာ ရယ်မောသလို

ပန်းပေါင်းများစွာ အသစ်ပွင့်သလို

ခံစားချက်တွေကို ကုန်ကြမ်းအဖြစ်နဲ့

ချရေးလိုက်တယ် ဆိုပေမယ့် ....

တစ်ကယ့်အလေးထားစရာတွေ တပုံတပင်နဲ့

မင်းအကြောင်း ရေးရေးလေးတွေ အာရုံမှာ လာလာငြိတာ ...

ဟောင်းမသွားတဲ့အဖြစ်တွေက ပြိုးပြက်လို့ ... လက်

မင်းအတွက် အချစ်တွေက သက်သက်ပါ ..

လေပြေမှာ အရောင်မဲ့တိုင်း

ဆောင်းရာသီ ခြောက်ကပ်မသွားပါဘူး..

အုပ်မှိုင်းနေတဲ့ ကောင်းကင်အောက်မှာ

ပွင့်လာမယ့် ပန်းတွေဖူးနေတုန်း

လဝန်းကြီးကလည်း ခပ်ပြုံးပြုံး ငုံ့ကြည့်မြဲပါ။

ဒီလိုနဲ့

ရင်ဘတ်အထိရဲ့ နိုးတ၀က်ည

အိပ်မက်က ဈာပနဆိုရင်

င့ါအတွက် ....

အလျင်းမပျက်တဲ့ သစ္စာတရားတွေ

ထုံမွှမ်းရင်ပတ်နွယ်ငင်တဲ့ ကြိုးလေးတစ်စနောက်

တကောက်ကောက် လိုက်နေခဲ့တာ

အမှားကြီးမှားလား ...

ရောင်နီအလင်းစက်အောက်မှာပဲ ကွယ်ကွယ်ပျောက်သွားတာလား ..

သေချာတဲ့ သရုပ်ကတော့

လွမ်းညတွေမှာ

တမ်းတတာ ချစ်သူ .. .. သိပါလေစ

မီးလင်းဖိုနဲ့ ခပ်ဝေးဝေး

အမှတ်တရများ နွေးထွေးဆဲ

အမြဲတုပ်နှောင်မထားတဲ့ ကြိုးများ

တအားကုန် ပိုခိုင်မာတယ်လေ

နွေဦးရာသီ ဆီကို မောင်းနှင်ဖို့

ဆောင်းက အမြဲတမ်း ခေါင်းမာတယ်..

နွေမိုးဆောင်း ......

ပြောင်းလဲတဲ့ ရာသီတမ်းခြင်းတွေမှာပဲ

အတိမ်အနက် စကားလုံးတွေ

ယိုဖိတ်သေဆုံး ...

ဖျားနာနေတဲ့ ၀ိညာဉ်တွေတောင် အလိုတူပါ

သည်အချိန်ပေါ့ ....

စကားလုံး လှလှလေးတွေအောက် နားဖျားသေဆုံးကြရတာ ...

ရွက်ကြွေတွေ လေထဲ မျောသွား

အနားမှာ လေပြေသာ ကျန်ရစ်

ပုံပြင်တစ်ခု ဖြစ်တည်.. ပြီးဆုံးကြောင်း

မဟောင်းနိုင်စွာ ကဗျာကျန်ရစ်တယ်။

ဒီကဗျာလေးက ညီမလေး ရွှန်းမီနှင့် စကာပြောဖြစ်ရင်း ..နှစ်ဦးပေါင်းစပ်ရေးဖွဲ့ပြီး အမှတ်တရ ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ ..။

မေ့ရဲ့ .. ခရေ

ရက်စက်တဲ့ ဟောသည့်နွေ

အပူကို အပူချင်းမခံနိုင်တဲ့အချိန်...

နွမ်းလျကာ တမ်းတရှာတဲ့ .. ခရေ

မေ့အတွက်ဖြစ်တည်လာတဲ့

ဟောဒီ ဘယ်ဘက်ရင်အုံနွေးနွေးထဲက

ဆည်းလည်းသံလေးများ ....

မျက်ဖြေစိတ်နဲ့ ခရေသီကုံး

နိမိတ်လုံးလုံးလှတဲ့ နေ့ရက်တွေ ...

ရနံ့သင်းအဖြစ် ပျံ့လွင့်ရင်း

မေ့အတွက် ထူးတဲ့ခရေ

သီကာကုံးတဲ့ မေ့လက်တွေမှာ

မေတ္တာထုံမွှမ်း စီးဆင်းစေသား ....။

ကဗျာသွေး

စကားလုံးတိုင်းရဲ့ အာနိသင်

ဘယ်ကိုမှ မယွင်းပဲ ... ဟောသည်ကဗျာစုရပ်မှာ မေးတင် ....

ကဗျာက ကဗျာလိုအငြိမ်မနေပဲ စီးဆင်းနေမှတော့

အသွေးသားက တောင့်တချက်တိုင်း

ကဗျာတွေ သီးပွင့်ဦးမယ် ....။

ရင်တွင်း သင်္ကေတ

လရောင်ဆန်းတဲ့ လွမ်းလွင်ပြင်မှာ

တစ်ညတစ်ည ......

အရောက်လှမ်းခဲ့တဲ့ အနမ်းည နယ်နိမိတ်မှာ

တစ်ကျော့တေး ပြန်ပြန်ဆိုနေရတဲ့ အဖြစ်တွေ....

မဝေးလှတဲ့ ဘ၀တိုထဲ

ခပ်ရိုးရိုးလေးနဲ့ ပင့်သက်ရှိုက်

စိတ်အနောက်တွေ ပြေပျောက်တဲ့ ချစ်သူ့ရင်ခွင် ...

သ၀န်တိုတတ်မှုတွေ ကျောပိုးထားပေမယ့်

ဘ၀ရဲ့ ရုန်းကြွမှုတိုင်း

အမှားမကင်းတဲ့ လူ့ချစ်ခြင်းတရားမှာ

ဖြူစင်မှု ပကတိနဲ့ .....

ခွဲသွားဖို့ မပြောနဲ့

အသက်ထက် ကျောက်အက္ခရာမှာ

င့ါရဲ့ပုဝါဖြူ နတ်သမီးတစ်ပါးက

သင်္ကေတတစ်ခုကို ပုံအပ်နှင်းသွားခဲ့တာ...

................

........................

......

ချစ်သူ့အတွက် င့ါမနက်က အသက်ဆက်နေတယ် ..။ ။

စိတ်စေရာ

နွေလိုပူပြင်း ဒီတလင်းမှာ

ထိုင်ကာငေးမော စိတ်၏သဘော

ဥသြတွန်သံ ပျံ့လွင့်မှန်ကို

လွင့်စင်ပပျောက် နားစည်အရောက်

မချိတင်ကဲ ဒီရင်ထဲ၌

လွမ်းဖွဲ့ပွေလီ နစ်မြောကွယ်ပြီ ..။


ရင်တွင်းစကား သွန်းရှိုက်ထွေလည်း

မျက်နှာပြင်တွေး င့ါ၏အရေး

လှုပ်လီလှုပ်လဲ့ မင်အားနဲ့စွက်

ရေးပါသော်ညား စိတ်ရဲ့အားက

ကွယ်ပျောက်လွင့်စင် ကြေမွမိစဉ် ..။


ဟိုရပ်ဆီငေး ကြယ်စုကြယ်ဝေး

တဖျောက်နှစ်ဖျောက် စိတ်ရဲ့အနောက်

ပျံလွင့်ချီတက် လမင်းဆီဖက်

မကြာမြဲမြံ သွန်းမိအမှန် ..။

ဝိုင်ချိုတစ်ခွက် အပြုံးယှက်လို့

ပန်းချီတစ်ချပ် နှလုံးသားမှာရပ် ..။

အစနိဂုံး ကြွင်းကျန်မဆုံး

လောင်သည့်ခဏ သွေဖီခက်လို့

မှောင်၏တစ်ဖက် အလင်းစွက်ပြီး

ရောင်ဖြာအလင်း ဖြည့်၏စိတ်တွင်း ။ ။