စာရွက်ဖြူလေးတစ်ရွက်ကို ကိုယ့်အနေနဲ့
ခေါက်ထားပေမယ့် မင်းဖြန့်ခဲ့မယ်ဆိုရင်
ကိုယ်ရေးဖို့ အဆင်သင့်ပါ..
တစ်ကြောင်းတည်း...'သိပ်ချစ်တယ်လို့'
စာရွက်ဖြူလေး
ကောင်းကင်ပြာကြီး ..
ကောင်မလေးရေ.....
အက်ဆစ်ပြင်းပြင်း လောင်းခံရတာမျိုး တဆစ်ဆစ်နဲ့နာကျင်နေပါပြီ
ဝန်းစက်မနေတဲ့ လမင်းဟာ အပြည့်အ၀ဘယ်လင်းပါ့မလဲ
လပြည့်ညမဟုတ်လို့လေ.. လပြည့်ညတိုင်းလည်း အပြည့်အဝ
မသာယာခဲ့ပါဘူး .. တိမ်ဖုံးခြင်းတွေနဲ့ပဲ အလင်းရောင်ကို
ရရှိခဲ့သူပါ.. အပြည့်အ၀အလင်းရရှိရင်တောင် အရိပ်ကျနေလေရဲ့
ဦးဆုံးရှင်သန်ခဲ့တဲ့ အပင်က ငါ့ကိုအုပ်မိုးနေလေပြီ..
လောင်းရိပ်မိတဲ့ ပန်းလိုပါပဲ..ငါညှိုးနွမ်းလို့ပေါ့..
တည်မြဲခြင်း မတည်မြဲခြင်းတွေနဲ့ ဖြစ်တည်နေတဲ့ ဒီသံသရာမှာ
ငါဟာ ကောင်းကင်ကြီးဖြစ်လိုက်ချင်ပါတယ် .. တည်မြဲနေလို့လေ
နေ့အခါမှာ ကောင်းကင်ကြီးကို အလင်းရောင်တွေနဲ့အတူ ပြည့်ပြည့်၀၀
မြင်တွေ့နေကျပေမဲ့ ညအခါ ကောင်းကင်ကြီးရဲ့အရောင်တွေကို
ဘယ်တွေ့နိုင်ပါ့မလဲ.. တွေ့မြင်တိုင်းလည်း မှောင်မည်းခြင်းတွေသာ
မြင်တွေ့ရမှာပေါ့ .. လမင်းရယ်, မင်းအလင်းရောင်တွေရရှိမှ
ကောင်းကင်ပြာကြီးကို မင်းကိုယ်တိုင်လည်း ကြည်ကြည်လင်လင်
မြင်တွေ့ရမှာပါ...
'..... မင်း အတွက်'
မင်းလေး အတွက်ဆိုရင်လေ......
တန်ဘိုးကြီးတဲ့ PARADO ကားတစ်စီးလိုမဟုတ်ခဲ့ရင်တောင်
မင်းလေး စေညွှန်းရာ သွားပေးတတ်တဲ့ စက်ဘီးတစ်စင်းက
တာယာတွေလိုပေါ့....တစ်ဖြည်းဖြည်းပါးလွှာပြီး
ပျောက်ကွယ်သွားတဲ့အထိ...
မင်းလေး အတွက်ဆိုရင်လေ......
တန်ဘိုးကြီး သားမွှေးအနွေးထည် တစ်ထည်မဟုတ်ခဲ့ရင်တောင် ပြာမှုန်အဖြစ်
ပျောက်ဆုံးသွားတတ်တဲ့ ထင်းချောင်းလေး တစ်ချောင်းလိုပဲ ဖြစ်ဖြစ်
နောက်ဆုံးထွက်သက်အထိ နွေးထွေးလုံခြုံမှုတွေ ပေးချင်တယ်...
မင်းလေး အတွက်ဆိုရင်လေ......
ခိုင်မာပြီး လှပကျယ်ဝန်းတဲ့ တိုက်တစ်လုံး မဟုတ်ခဲ့ရင်တောင်
ဇီဝဇိုးငှက်တွေလို နှလုံးသွေး (အန်ဖတ်) နဲ့ ရင်းနှီးရတဲ့
အသိုက်အမြုံလေးတစ်ခုလိုပဲ ဖြစ်ဖြစ် ပေးဆပ်ချင်တယ်...
မ၀ံ့မရဲတောင်းဆိုပါရစေ..
တစ်ခုပါပဲ...
နွေးထွေးကြင်နာမှု အနည်းငယ်ပါတဲ့
အကြည့်လေး တစ်ချက်တော့
ပေးအပ်လှည့်ပါ....
အလွမ်း
ဘာကြောင့် ဘာ့အတွက် လွမ်းလွမ်း
အလွမ်းရဲ့ စေညွှန်းရာကို ခံနိုင်ရည်ရှိအောင်
ကြိုးစားခဲ့ပေမဲ့ အလွမ်းရဲ့ဒဏ်ကိုတော့
ခံနိုင်ရည် မရှိခဲ့ဘူး ..မိန်းကလေး ရေ...
မထင်မှတ်ပဲ..
မထင်မှတ်ပဲ တွေ့ဆုံ
မထင်မှတ်ပဲ သံယောဇဉ်တွေဖြစ်
မထင်မှတ်ပဲ အရမ်းချစ်ကြ
အဲဒီိလိုဖြစ်နေတဲ့ လူ့ဘ၀ကြီးထဲမှာ
အထီးကျန်ဆန်တဲ့ ကိုယ့်အတွက်တော့
ချစ်,ကြိုက်,ညား ဆိုတဲ့
သာမာန်ဇတ်လမ်းလေး တစ်ပုဒ်
'မင်း' လေးတစ်ယောက် ဖန်တီးပေးပါလားကွယ်...။
