'..... မင်း အတွက်'

မင်းလေး အတွက်ဆိုရင်လေ......

တန်ဘိုးကြီးတဲ့ PARADO ကားတစ်စီးလိုမဟုတ်ခဲ့ရင်တောင်
မင်းလေး စေညွှန်းရာ သွားပေးတတ်တဲ့ စက်ဘီးတစ်စင်းက
တာယာတွေလိုပေါ့....တစ်ဖြည်းဖြည်းပါးလွှာပြီး
ပျောက်ကွယ်သွားတဲ့အထိ...

မင်းလေး အတွက်ဆိုရင်လေ......

တန်ဘိုးကြီး သားမွှေးအနွေးထည် တစ်ထည်မဟုတ်ခဲ့ရင်တောင် ပြာမှုန်အဖြစ်
ပျောက်ဆုံးသွားတတ်တဲ့ ထင်းချောင်းလေး တစ်ချောင်းလိုပဲ ဖြစ်ဖြစ်
နောက်ဆုံးထွက်သက်အထိ နွေးထွေးလုံခြုံမှုတွေ ပေးချင်တယ်...

မင်းလေး အတွက်ဆိုရင်လေ......

ခိုင်မာပြီး လှပကျယ်ဝန်းတဲ့ တိုက်တစ်လုံး မဟုတ်ခဲ့ရင်တောင်
ဇီဝဇိုးငှက်တွေလို နှလုံးသွေး (အန်ဖတ်) နဲ့ ရင်းနှီးရတဲ့
အသိုက်အမြုံလေးတစ်ခုလိုပဲ ဖြစ်ဖြစ် ပေးဆပ်ချင်တယ်...

မ၀ံ့မရဲတောင်းဆိုပါရစေ..
တစ်ခုပါပဲ...
နွေးထွေးကြင်နာမှု အနည်းငယ်ပါတဲ့
အကြည့်လေး တစ်ချက်တော့
ပေးအပ်လှည့်ပါ....

0 comments: