သိစေ

ငါ့အတွေးထဲမှာ ... စက္ကန့်မလပ်
စိုးမိုးခဲ့တဲ့ ... ချစ်ရသူရေ
မျက်ဝန်းထဲက ... ငါ့အကြည့်တွေကြောင့်
ဖြစ်ပေါ်လာတဲ့ ... ပုံရိပ်တွေကို
နားလည်ရ ခက်လို့နေပြီ
ဆုံနိုင်ဖို့အရေး ... မျှော်ကာတွေးရင်း
ရင်ခုန်ထပ်တူ ... စည်းချက်မှန်စွာ
ရူးသွပ်နေတဲ့ .... ငါ့ရဲ့စိတ်က
လှောင်အိမ်ထဲက ... ငှက်ငယ်လေးလို
ချစ်စိတ်တွေနဲ့ ... ပိတ်လှောင်နေပြီ
သေချာ မရေရာတဲ့ ... ငါ့ခံစားချက်ကို
လွတ်လပ်မှုတွေ ... ပေးချင်ပါတယ်
ဒါပေမဲ့လည်း ... ငါ့မြင်ကွင်းထဲ
ငါ့အမြင်တွေကြောင့်
မင်းပုံရိပ်ဟာ ... အရိပ်မထင်
နှလုံးသားမှာ ... ထင်ရစ်နေပြီး
ငါ့စိတ်ကိုငါ ... ချည်နှောင်မိပြီ
ကြုံဆုံခွင့်တွေ ... ရခဲ့ရင်ပေါ့
ခံစားတတ်တဲ့ ... ငါ့အချစ်စိတ်ကို
မျက်ဝန်းမှတစ်ဆင့် ... ပြောပြချင်တယ်
သိပ်ချစ်တာကို ... မင်းသိအောင်လို့ ......။


( ဒီကဗျာလေးကို နောက်တစ်ကြိမ် ပြန်လည်တင်ရခြင်းက ကျွန်တော်နှစ်သက်လို့ပါ )

2 comments:

ဝေလေး said...

ဒီကဗျာလေးကြိုက်တယ်ဗျို့......
ကြိုက်တယ်ဆိုတာကြိုက်တယ်ပေါ့နော်.. ခံစားချက်တူသွားတာနေမှာ :P

အဖြူရောင်နတ်သမီး said...

“သိစေ”...တဲ့.
ရည်ရွယ်ခံရတဲ့သူတော့ သိလား..မသိလား..မပြောတတ်ဘူး...
နတ်သမီးကတော့..အရုပ်လေးကဗျာရေးကြွမ်းတာ..
သိသွားပြီ...