မျောနေတဲ့စိတ်

ကာရံညီတဲ့ ပင့်ချက်မျက်ခုံး
ရွှန်းလဲ့မျက်ဝန်းနဲ့
ဒွန်တွဲညီတဲ့ မင်းရဲ့အကြည့်မှာ
မျောနေမိတာ ငါတစ်ယောက်ပါ ..
ကြည်နူးရင်အစုံ
အဖုံဖုံနဲ့ ခွန်းခြွေစကား
သီကာပြောတဲ့
ပန်းဆီနှုတ်ခမ်း(...ပါး...)
ရှိုက်ကာနမ်းလို့
ခုန်မင်ခဲ့တာ ငါတစ်ယောက်ပါ ..
မှေးစက်ကာနေ
အေးစက်မနေတဲ့
နွေးထွေးကိုယ်ငွေ့
ရနံ့သင်းလည်း
ပင့်သက်ထပ်တူ
ရုပ်ခန္ဓာမှာ စွဲကျန်ရစ်လို့
သင်းနေဆဲဟာ ငါတစ်ယောက်ပါ ...

0 comments: