အတ္တ၏ ဆန္ဒ

ချစ်သူ ... မင်းအမြဲစီးနေတဲ့
အဓိပတိ ကားကြီးမဖြစ်ချင်ဘူး ...
မင်းလေး စီးချင်တဲ့မှတ်တိုင်မှာစီးပြီး
ဆင်းချင်တဲ့မှတ်တိုင်မှာ ဆင်းသွားမှာ...

ဒီလိုမထည်ဝါချင်နေပါစေ ... မင်းလေးဘေးမှာ
အမြဲတမ်းယှဉ်တွဲပြီးလိုက်ရတဲ့
အိတ်ကလေးပဲ ဖြစ်ချင်တော့တယ်

ချစ်သူ ... ရာမဇာတ်တော်ထဲက
လက္ခဏာမင်းသားလေးလဲ မဖြစ်ချင်ဘူး ...
လေးတော်ကိုတင်လို့ ရသားနဲ့
အခြားတစ်ယောက်အတွက် အလျော့မပေးချင်ဘူး

အကောင်းမမြင်ချင်နေကြပါစေ ... အနည်းဆုံးတော့ မင်းလေးကိုပိုင်ဆိုင်ဘို့
ကြိုးစားပြီး အရာရာကိုစွန့်လွှတ်ရဲတဲ့
ဒဿဂီရီလို ဘီလူးဆိုးကြီးပဲ ဖြစ်လိုက်ချင်တော့တယ် ..


( သူငယ်ချင်း ATL ရဲ့ရင်တွင်းခံစားချက်လေးကို တင်ပြရခြင်းပါ )

0 comments: