မျက်ရည်မိုး

ဟိုး ..... အဝေးမှာ
တိမ်ပြာတွေ ငိုနေလေရဲ့
အငွေ့ပျံခြင်း ရေခိုးငွေ့တွေ
အစိုင်အခဲ ဖြစ်တည်ခြင်းနဲ့
ရွာချနေရဲ့ ခန္ဓာပေါ်ကို
အဆက်မပြတ် မိုးစက်တွေကြား
ငါတစ်ယောက်ထဲ ဆက်လျှောက်နေဆဲ
ခိုက်ခိုက်တုန်ခြင်း အေးမြခြင်းက
အပြင်မှာတင် ကျန်ခဲ့လေပြီ
အတွင်းပူခြင်း မင်းမသိတော့
တိမ်ပြာတွေနဲ့ ထပ်တူပြုရင်း
ငါငိုနေပြီ ကလေး .... လေးရေ

0 comments: