ရင်ခတ်သံများ ၁၁

'မင်း'အိပ်ချင်တဲ့အခါ 'မင်း'ကို အိပ်ပျော်သွားစေချင်ပါတယ်..

အိပ်ပျော်သွားအောင်လည်း ကိုယ် 'မင်း' ကိုချော့သိပ်နေမှာပေါ့..

ဒါပေမဲ့, ' မင်း'အိပ်ပျော်သွားတဲ့အခါ ....

'မင်း'လှုပ်ရှားဟန်တွေ, စကားသံချိုတွေ ရပ်တန့်သွားတဲ့အခါ

ကိုယ် တစ်ယောက်ထဲ ကယောင်ချောက်ချား ဖြစ်ရတော့မယ်..

ကိုယ်တောင်းဆိုပါတယ်....'မင်း' အိပ်ပျော်သွားရင်တောင်

ယောင်ယမ်းပြီး ကိုယ့်ကို စကားတွေပြောနေပေးပါ...

3 comments:

ဂျူနို said...

တချို့ ကယောင်တဲ့ခါ အမှန်တိုင်းပြောတယ်တဲ့။
အဲ့တော့မှာ ရင်ကွဲနေအုန်းမယ်

မြတ်သွယ် said...

အသက်ဝင်တဲ့ စာသားတွေပဲ ကိုအရုပ်ကလေးရယ်
ခံစားသွားပါတယ်

Mhu Darye said...

ဆန္ဒတွေပြင်းပြလာတဲ့အခါ..မဖြစ်နိုင်တာတွေတောင်၊ ဖြစ်လာပေးရတယ်တဲ့။

ယုံလားတော့ မသိ..။
း)