ဘာ...ဘာ....ဘာ မှ မသိ

ဘာမှန်းတော့ မသိခဲ့ဘူး...

အရာရာက စမ်းတ၀ါးဝါးနဲ့...

ဟောဟိုက ရေပြင်ငယ်လေး..

ကြည့်မိတဲ့ ခဏမှာပဲ...

အလွမ်းတွေက တစတစ တိုးနေသလို

တည်ငြိမ်စပြုနေပါပြီ..

လေညှင်းရဲ့ မြူးထူးတဲ့အဆော့မှာ

သက်ဆင်းကြွေတဲ့ ရွက်ကြွေလေးတွေက

ငါ့စိတ်ကိုရုတ်ချည်းပြောင်းလဲခဲ့တယ်..

မပြောဖြစ်တဲ့ စကားလုံးတွေတောင်

တစ်စို့ နေခဲ့တာ...

ဗလာဖြစ်နေတဲ့ နှလုံးသားမှာ

အစစအရာရာ နားလည်တတ်တဲ့

မျက်ဝန်းတွေက အစ....

အဆုံးသတ်မှုအားလုံး

ပျက်သုဉ်းလုလုဆဲ...

နှလုံးသားရဲ့ အခြားတစ်ဖက်

ဟောဒီ အခန်းပျက်ကလည်း.........? ?

တစ်ချက်တစ်ချက် အပြုံးမပျက်တတ်ခဲ့တာလည်း...??

ဒီလိုနဲ့ ပဲ....

ဘာမှန်းမသိတဲ့အချစ်

ဘာမှန်းမသိတဲ့ မျက်ဝန်း

ဘာမှန်းမသိတဲ့ နှလုံးသား

ဘာဆိုဘာမှ ကို မသိလိုက်ချိန်

ဘယ်အရာက....

ဘာ့အတွက် လွတ်ကျခဲ့တာလဲ....။ ။


လဲ့ရည် ၊ တာတာ ၊ မျိုးသက်ပိုင်နဲ့ ဆုံမိတဲ့နေ့က လဲ့ရည်ရဲ့ ဘာမှန်းမသိတာလေးကို ခံစားပြီး ရေးဖြစ်ခဲ့ခြင်းပါ ..။

ဆုတောင်းခြင်း ... နောက်

မတွေ့ရတဲ့ ဟောသည့်တစ်ရက်က
အစုန်အဆန် မျောလွင့်နေတဲ့ ဗေဒါဒိုက်လို ...

ဟောင်းနွမ်းသွားတဲ့
အိပ်မက်တွေကို မီးလောင်တိုက်သွင်း
ပြာမှုန်အဖြစ်နဲ့ တစ တစ ...
အချည်းအနှီးပါလို့ မထင်နဲ့
အရင်းအနှီးတစ်ခုတော့ လိုတာပဲ

ရာသီဖွားအကြောင်းတွေကို ပြန်လှန်တွေးရင်း
ဆရာတစ်ဆူဟောတဲ့ ပညာခါးမှာချိတ်လို့
ရာသီတမ်းချင်းတွေ ပယ်ဖျက်
စိတ်အရှက်က မခို့တရို့လေးပါပဲ...

နီးစွေးတဲ့ နှုတ်ခမ်းတစ်စုံရဲ့
အနမ်းတစ်ချက် တက်အခုန်မှာ
ဗေဒါတွေတောင် လွန့်လူးသွားရ ...

ပြောင်းပြန်စီးတဲ့ မြစ်ကွေ့အရောက်
ဆုံခဲ့ရတဲ့ ဗေဒါကို
နဂိုအရှက်ထက် ကောက်ယူနမ်းမိတဲ့ တစ်ခဏ
ပါးပါးလေးနဲ့ လွမ်းရပြီ ... သခင်

ကျွန်တော့် .... အနာဂတ်က မရေရာဘူး
ကျွန်တော့် ပစ္စုပ္ပန်က ထွေပြားစေတာ
ကျွန်တော့် အတိတ်က မှောင်ရီပျိုးစညတွေလို
အသက်ဝင်တဲ့ တစ္ဆေ.....
ကြောက်မက်ဖွယ်အတိနဲ့ နှောက်ယှက်သူများကို
အမှောက်အမှားနဲ့
ပယောဂကင်းအောင် သခင့်ထံပြကြည့်
သခင်စေညွှန်တဲ့ ရေတစ်စက်မှာပဲ
လွင့်စင်ပပျောက် သခင့်ထံအရောက် ...
ရိုးသားမှုတွေက ကြိုးစားမှုတွေထပ်တူပေါ့ ....

ရင်မှာ နွမ်းလျတဲ့စိတ်ကို
သခင်သာ သိရင်ဖြင့်...
ဒီရင်မှာ မချိအောင်
အချစ်စိတ်တွေဖုံးလွှမ်း
အမြဲတစေ တွေးနေရတာတွေ
သခင့်အနား ရောက်ချင်လှပြီ ....

ဥတုသုံးပါး ရာသီမမှန်တဲ့တမ်းချင်းမှာ
ပူတလှည့် ...စိုစွတ်တလှည့် အေးတလှည့်နဲ့
ရာသီဂြိုဟ်တွေတောင် အနှောက်အယှက်ကင်းစွာ အိပ်မောကျ ...
သခင်ရယ် အိပ်ပျော်နေလား.....
သတိတရ ဖြစ်နေမလား ....
ဆုတောင်းခြင်းသက်သက်နဲ့ လင်းချင်းခွင့်တွေ ရစေသား....

တစ်ခဏတာလည်း မဟုတ်ဘူး .......
အခိုက်အတန့်လည်း မဟုတ်ခဲ့ဘူး .....
တစ်ဘ၀စာ ပုံအောမိတဲ့ဖြစ်စဉ်မှာပဲ
အချစ်တွေ ကုန်းရုန်းကြွ
ဆောင်ယူလာတဲ့ လေပြည်
အမှောင်ထုက လူသား ...
ရောယှက်မိတဲ့ ခဏမှာပဲ
ပန်းပွင့်အလားသဏ္ဍာန်တွေ ကြွေကျ
ကောက်မိသူ အကျွန့်အဖြစ်
သခင့်ဦးခေါင်းမှာ ပန်ဆင်ခွင့်ရစေသား.......

ဆုတောင်းခြင်းတွေများလို့ .....
တူနှစ်ကိုယ် ဆောင်းရမဲ့သရဖူက သခင့်လက်ထဲမှာ

အလွှာတွေခြားနေမလား ....
ကျွန်တော့်ခံစားချက်တွေကပဲ မှားနေတာလား....
ကဗျာတွေ တစ်နေ့တစ်ပုဒ်နဲ့
ရက်ပိုင်းခြားလိုက် ရေးနေလည်း
အသက်အပိုင်းအခြားတွေကို စိတ်မ၀င်စားဘူး
တစ်သက်မှိုင်းဖျားက အဆီလို
အဝေးဆုံးကမြင်နိုင်အောင်
အမြင့်ဆုံးက နှစ်ကိုယ်တူ ပျံသန်းပါရစေသား ........

သခင် ... ကျေနပ်နေမလား...
သခင် ... ဟားတိုက်ရယ်နေမလား ...
သေချာတဲ့ ဖြစ်စဉ်တစ်ခုက
ဝေခွဲရတဲ့ အချစ်သံစဉ်တစ်ခုပါပဲ .....

ဆိုညည်းမိတဲ့ခဏက
အစိမ်းသက်သက်တော့ ဖြစ်မနေခဲ့ဘူး....
တရှိန်းရှိန်းတက်နေတဲ့ အဖျားလို
အချစ်ဒီဂရီတွေမကျ ...
ရေစိုအ၀တ်နဲ့ အချစ်လိုရမ္မက်လေးတွေပေးမှ
တစ်ခါပြန်လန်းရမဲ့အဖြစ် .....

ပင်ပန်းနွမ်းနယ်သမျှ
သခင့်လက်အစုံက အေးမြမှုတစ်ခု
တစ်ခဏနဲ့ တစ်ဘ၀စာသောက်သုံးမိတာ
သခင်ရယ် စိုးထိတ်နေမလား ....
သခင်ရယ် ပျိုးနေမလား ....
အကျွန့်စိတ်နှလုံးခံစားမှု
သခင့်ပျိုးခင်းကို ထွန်ယက်ရင်း
ရာသီတွေခေါင်တဲ့ခေတ်မှာ
တမံရေကို ပေးမှာလား .....
မေတ္တာစမ်းရေ စီးဆင်းစေမှာလား .....
သေချာမှုတစ်ခုက
ပျိုးကျဲသူ သခင့်လက်မှာပဲ
အကျွန့်ဘ၀တွေ ဖူးပွင့်ဝေခဲ့တာ ......။ ။

ပြောပါလေ .. တအား

ချစ်ခြင်းတွေသီလို့ သူ့အလှမှာနစ်မျောပါဘိ
ညှို့နိုင်လွန်းသူရဲ့...မျက်ဝန်းရှင်


သည်းညှာမခိုင် ရင်အစိုင်ထဲသို့

စုရုံးရောက်သတဲ့လေ...

ချစ်ခြင်းစေညွှန်ရာနှင့်

မျက်ဝန်းရှင် အကြည့်စူးမှာမှ
ကြွေမိတဲ့အဖြေ...

ဒီရင်ခွင်မှာ ချစ်လွမ်းဝေသီနှင့်

မြစ်နဒီကွေ့ အနောက်တောင်ဆွယ်မှာ
ဖွင့်မပြောသာ နေရခက်တယ်
မိုးတိမ်စိုင်ရဲ့ အုံ့ဆိုင်းရီဝေ...

ရှင်းသန့်ဖြာ ကျော့ယမင်းရယ်ပ

ယဉ်တိုင်းမှာ ဆင်းရနံ့သာလို့
အဆင့်တိုင်းမှာ မြင့်မြတ်လှတဲ့သခင်
ချစ်မိပြီ...အစဉ်...

ကြားချင်လို့ ဖြေခဲ့ပါ့ခုချိန်ခါ

သိချင်တာ ဖြေပါလျှင် အရာရောက်မှာမို့
မျှော်ရသူ့...ရင်

ခွန်းခြွေလို့ တုန့်ပြန်လေတော့

ကြွေသဟန် နှုတ်ခမ်းတစ်စုံဆီက
ဖြေရန်မှာ ကျန့်ကြာခဲ့ပြီ...

ကောင်းကင်ယံထက် လမင်းရောင်ဝါရှိန်နှင့်

လင်းချင်းဖြာ အေးချမ်းမည်ကြောင့်
လှမ်းလင့်ကာ ခွန့်တုံ့စကား
ကြွေဆက်ပါ သခင်...

ဟန်မူရာ စိတ်ညွှတ်ကွင်းမှာလှ

ခဏတာဝေးလို့
ဖြေသိမ့်မရတဲ့ လွမ်းငွေ့တဝေဝေ...

ရီဝေအပြုံးမှာတဲ့ ကြည့်မလွှဲဖယ်မကုန်

ဟောဟို...
အနောက်တောင်ရိုးဆီက မြူခိုးတွေလွင်...

ဆည်းဆာချိန် နေဝင်စောင်းသော်အခါမှ

ဖြည်မဆယ်နိုင် ဆွေးရရုံလေးနှင့်
ရင်ခွင်မှာမှေးစက်ချင်ပါဘိ
လွမ်းပို့ပွေလီ...

ရော်ရီမှန်းဆ သခင့်ဘုံနန်းဆီမှ

ရာသီတွေ တလှည့်ပြောင်းပါလို့
ဟောင်းကျန်ခဲ့ပြီ....

ရှစ်မျက်နှာတစ်ခွင်

ရေးစပ်လျှင် ကုန်မည်မထင်
သခင့်အလှ နစ်မျောတဲ့...အစဉ်

ချစ်သက်ညှာ တစ်ခွန်းဝယ် ထပ်ဖြေပါလေစ

တစ်သက်ဖယ်မခွာ ချစ်ပါတယ်လို့
ပြောပါလေ..တအား

တမ်းတမ်းတတ နွမ်းလျတဲ့ရင်မှာ

မောဟိုက်လို့နှုံး...။

လှမ်းဆင့်ခြွေတဲ့ ....

ဒီနေ့ .....
စိတ်ကစဥ့်ကလျားတွေနဲ့
အစွန်းရောက် အာရုံအဖုံးဖုံး ....
မြင်ကွင်းအစုံမှာ ပိန်းပိတ်မှောင်နေတယ် ။

ဆန့်ထွက်မိတဲ့ ခြေအစုံနောက်
နေသားမကျတဲ့ ဘ၀က အတုံးအရုန်း..
ရိုးမြေကျလိုဖြစ်တဲ့ တေးသွားတွေက ကကြိုးသင့် ..
အလိုက်အထိုက်တော့ စီးမျောနေဆဲပဲ ....

ကဗျာတွေနဲ့ မယဉ်ပါးသမျှ
ကဗျာစက်ဝန်းထဲမှာ မျောမျောနေမိတာကိုက
ကဗျာတွေနဲ့ ထပ်တူ " တတ"နေခဲ့တဲ့ ဘ၀.....

နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ
မေတ္တာပေါင်းကူးအဖြစ်
ထုံမွှမ်းရစ်တွယ်နေတဲ့ နွယ်ပင် ...

သန်းခေါင်ယံကျော် ညနက်နက်ထဲ
အချိန်တွေကို ခြွေယူပစ်လိုက်တဲ့,
အနမ်းပွင့်တွေ .....
တစ်ပွင့်ချင်း ....တစ်ပွင့်ချင်း .... ယှက်ဖြာသန်းခဲ့
ဒီလိုနဲ့ ......
မိန်းမော အိပ်စက်ခဲ့ ...