လှမ်းဆင့်ခြွေတဲ့ ....

ဒီနေ့ .....
စိတ်ကစဥ့်ကလျားတွေနဲ့
အစွန်းရောက် အာရုံအဖုံးဖုံး ....
မြင်ကွင်းအစုံမှာ ပိန်းပိတ်မှောင်နေတယ် ။

ဆန့်ထွက်မိတဲ့ ခြေအစုံနောက်
နေသားမကျတဲ့ ဘ၀က အတုံးအရုန်း..
ရိုးမြေကျလိုဖြစ်တဲ့ တေးသွားတွေက ကကြိုးသင့် ..
အလိုက်အထိုက်တော့ စီးမျောနေဆဲပဲ ....

ကဗျာတွေနဲ့ မယဉ်ပါးသမျှ
ကဗျာစက်ဝန်းထဲမှာ မျောမျောနေမိတာကိုက
ကဗျာတွေနဲ့ ထပ်တူ " တတ"နေခဲ့တဲ့ ဘ၀.....

နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ
မေတ္တာပေါင်းကူးအဖြစ်
ထုံမွှမ်းရစ်တွယ်နေတဲ့ နွယ်ပင် ...

သန်းခေါင်ယံကျော် ညနက်နက်ထဲ
အချိန်တွေကို ခြွေယူပစ်လိုက်တဲ့,
အနမ်းပွင့်တွေ .....
တစ်ပွင့်ချင်း ....တစ်ပွင့်ချင်း .... ယှက်ဖြာသန်းခဲ့
ဒီလိုနဲ့ ......
မိန်းမော အိပ်စက်ခဲ့ ...








5 comments:

အဖြူရောင်နတ်သမီး said...

သန်းခေါင်ယံ “ည”တိုင်း...
ကဗျာတွေနဲ့ထပ်တူ...
အနမ်းပွင့်တွေနဲ့ ရောယှက်လို့..
မိန်းမော အိပ်စက်နိုင်ပါစေ...

နွေဆူးလင်္ကာ said...

ခုထိ ကဗျာတွေနဲ့ မယဉ်ပါးသေးဘူးလားဗျာ။ ထူးပါဘူးဗျာ အဲဒီကဗျာကို ကြိုးနဲ့သာ တုပ်ထားလိုက်တော့။

Anonymous said...

နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ
မေတ္တာပေါင်းကူးအဖြစ်
ထုံမွှမ်းရစ်တွယ်နေတဲ့ နွယ်ပင် ...
သန်းခေါင်ယံအချိန်တွေကို ခြွေယူပစ်တဲ့ အနမ်းပွင့်...
ဟိုက်ရှာလပတ်ရည်.. ကိုရေခဲရေ.. ပျော်နေပီ ဟုတ်စ :)

Unknown said...

ဒီကဗျာလေးကိုအရမ်းကြိုက်တယ် ....:)

ညလင်းအိမ် said...

ကဗျာတွေ မယဉ်ပါးသေးလို့သာပဲ ... အဟင်း ..