ပွင့်လွှာဖြူ

ပန်းမြိုင်လည်တွင် ဆင်းရနံ့သင်းပါလို့
ရှင်းသန့်ယဉ် ၀င့်ထည်ပန်းကိုမှ
လင်းဖန့်ချည်လို့ ဖူးပွင့်သီ ။

သဏ္ဍာန်ဆင်းတွင်ဖြင့် မြင့်မြတ်စဖွယ်ယဉ်လှ၍
မြင်ရသူ ဘ၀င်တွင်းမှာမှ
စံနမူ ပွဲလည်တင့်လို့ရယ်
ဝင့်လို့တာရှည် ။

လေနှင်ရာ သင်းရနံ့မှာပ
ဖြူပြာညို တိမ်စိုင်တွေက
ပြာလွင်လွင် နောက်ခံရှိတ်အောက်
မြူးသလို့ ဟန်ပန်ချီ ။

ဖြူစင်ဝယ် တစ်သက်ဘယ်ဝယ်မညှိုးပါလို့
ဝတ်မှုံဆံရယ် ၀ဲပိတုန်းကပ်တောင်မှ
သွေဖီရာ လေနှင်ကြော
ရပ်တန့်လို့ အစဉ် ။

ပွင့်ချပ်လွှာ ဆင့်တိုင်းသာလို့
ဆူးချက်မပါ မွှေးပျံ့ထုံလေတော့
တွယ်ဖက်စရာ ပန်းမာန်တောမှာမှ
မူမပျက်တဲ့ ပွင့်ခတ်အလွှာ ။


အဖြူရောင်နတ်သမီး ဘလော့ခ်တစ်နှစ်ပြည့်
အမှတ်တရ ရေးဖွဲ့လက်ဆောင်ပေးခဲ့သော ကဗျာအား ပြန်လည်တင်ပြခြင်းပါ...။

2 comments:

အဖြူရောင်နတ်သမီး said...

(၁)နှစ် တင်းတင်းပြည့်ခဲ့ပြီပေါ့...အရုပ်ရေ..။
ဘလော့ဂ် “စ”ဖွင့်ကတည်းကအခုချိန်ထိ အမရဲ့ post တွေမှာ ကဗျာလေးနဲ့ အားဖြည့်ရင်း comment ပေးလေ့ရှိတဲ့ အရုပ်ကို အမြဲအမှတ်ရနေပါတယ်..။

“ပွင့်လွှာဖြူ” ဆိုတဲ့ ကဗျာလေးကိုလည်း “အဖြူရောင်နတ်သမီး”ဘလော့ဂ် (၁)နှစ်ပြည့်လက်ဆောင်အဖြစ် အမှတ်တရသိမ်းထားမယ်နော်...။

ကဗျာတွေကို မြတ်နိုးတဲ့ အမအဖို့ အရုပ်ရေးပေးတဲ့ ကဗျာတပုဒ်ဟာ ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ပါဘူး..၊
ကဗျာလေးအတွက် အရမ်းကျေးဇူးတင်ပါတယ်နော်..။

ညလင်းအိမ် said...

တကယ်ကို ကောင်းတဲ့ ကဗျာလေးပါ ...
အရုပ် တော်ဧ။် ..