ချစ်သူ... မောင်

မောင် .....
အမည်နာမတစ်ခု ခေါ်ဆိုလိုက်တိုင်း
ကာရံတွေက အတိုင်းသားကြွေကျ ....
ရင့်ကျက်စပြုတဲ့ နှလုံးခုန်နှုန်းတွေတောင်
တစ်ချက်တစ်ချက် အသက်မဲ့မဲ့သွား....
မောင် .... သိပါလေစ ...။

မောင် ......
ဆုံခဲ့ရတဲ့ မျက်ဝန်းနက်တွေတိုင်း
နဂိုအဖက်တွယ်ခဲ့တဲ့ ရုပ်ကြွင်းတွေက ထထခုန်
ကမ္ဘာရဲ့ ဆွဲငင်အားလို ...
အလို ရမ္မက်တွေနဲ့ ကသောင်းကနင်းဖြစ်ချိန်
အကြည့်စူးတစ်ချက်ရဲ့ မိန်းမောစေတဲ့အဖြစ်တွေ
မောင်... သိပါလေစ ...။

ရွှန်းစိုနေတဲ့ မျက်ဝန်းတစ်စုံ
ကွန်းခိုနေဆဲ အရပ်က ... ကျမရင်ခုန်သံ
ခပ်တိုးတိုးလေးတော့ ကြားနေမလားပဲ ....
ကျမကိုက သိပ်ချစ်တတ်လွန်းခဲ့တာ ...
မောင် ... သိပါလေစ ...။

အနောက်ရိုးမမှာ နေကွယ်ပျောက်လို့
ရောင်နီရောက်လုပြီ .....
ကျမ ချစ်တာ မပြီးသေးဘူး ....
သတိလက်လွတ် အရာမ၀င်ခဲ့တဲ့ ပုံပြင်တွေက
အစိမ်းသက်သက် နိုးထစေခဲ့ ...
မောင် ... သိပါလေစ ...။

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
ကြားရုံနဲ့ နွေးထွေးစေတဲ့ ရင်အစုံ
မောင့်ရဲ့လိမ်ညာမှုတော့ မဟုတ်ခဲ့ဘူးနော် ....
မဖြစ်ပါရစေနဲ့ ...
စာနာလှည့်ပါ ... မောင်

အကြိမ်ကြိမ် ရူးသွပ်နေတဲ့ကြားက
ကြယ်စင်တွေရဲ့ ခွန်းတောက်အားလို
လန်းဖြာကျလာမဲ့နေ့ရက်
ကျမ စောင့်နေတယ် ...
မောင် ... သိပါလေစ ...။

အပိုအလို မရှိပါဘူး .
နဂိုကတည်းက ခပ်ရူးရူးကျမက
တစ်ချက် တစ်ချက်တော့ ချစ်တတ်သားဆိုတာ
မောင် ... သိပါလေစ ... ။ ။

ညီမ လိပ်ပြာလေး နဲ့ စကားစပ်မိရင်း နှစ်ယောက်သား ရေးသားထားတဲ့ ကဗျာလေးပါ ...။

5 comments:

Cameron said...

ဟယ် အရုပ်မနာက နင့်ကို ဘ၀ပြောင်းသွားတယ်မှတ်လို့

မိုးငွေ့

s said...

:P :P ဆော်ရီးပဲ အစ်ကိုပဲ ခုမှ အိပ်ရာနိုးလို့ ကွန်မတ်လာပေးရတား)

မိုက်တယ်နော် ကဗျာလေးက :P အစ်ကိုအသက်သွင်းပေးလို့ လန်းသွားတဲ့ကဗျာလေးပါ ကျေးဇူးအများကြီးတင်ပါ၏.....နော်း)

s said...

ဆော်ရီးပဲ အစ်ကိုရေ လို့ ရေးတာနော် *မှားလို့ :P

ညလင်းအိမ် said...

မောင် .. မောင် .. မောင် ...

တမောင်တည်းကို မောင်နေတော့တာပဲ ..း)

Anonymous said...

မှောင်နေရင်ကွယ် မီးထွန်းလိုက် :P... (စတာ)
ကဗျာရေးဖော်ရေးဖက်တွေ အတူတူ သီကုံးနိုင်ခွင့် ရင်ဖွင့်နိုင်ခွင့်ရှိတာ ကောင်းလိုက်တာ..