ဒီရာသီနဲ့ဆို

တဖြည်းဖြည်းနဲ့ နီးရမယ်ထင်ခဲ့တာ
ကြယ်စင်တွေတောင်အစုလိုက်သက်ဆင်းကြွေကျ
အဆိပ်သင့်သလို လွန့်လူးစွာနဲ့ ...

အက်ကွဲစပြုတဲ့
ဟောသည့် လည်ပြွန်ဝမှာတောင်
သခင့်နာမည်တွေက အပြိုင်အဆိုင်
ခေါင်းငုံ့နေရတာတွေ များလွန်းလို့တူပါရဲ့ ...

အဆုပ်လိုက်အဆုပ်လိုက်
ဖူးပွင့်ဝေတဲ့ ပန်းတွေတောင်မာန်လျှော့လို့ကြွေခရပြီ...

ဆက်ခနဲ မော့အကြည့်
ဖန်ဆင်းရှင်ရဲ့ပန်းတောမှာ
ဝတ်မှုံဆန်တွေ နေရာအနှံ့ပြန့်ကျဲ
အသားတကျ စုရုံးပွင့်ဖူးကျ...

တစ်ပွင့်ထဲသော..ပန်း
လန်းဆန်းလို့ ဝံ့ထည်နေတယ်
ဆုံနိုင်ခွင့်ဆိုတာ..
တစ်သက်တာ ငါ့ဘဝရဲ့ရောင်နီ
အလှပဆုံး သစ္စာတရားတွေနဲ့ ထုံမွှမ်းနေရင်း
တူနှစ်ကို တွဲလက်တွေမြဲမြံစေသား...

အယူခံဝင်ရမယ့်အချိန်မှာ
တယူသန်ဇွတ်တရွတ်တွေက
မင်းအလှမှာ မိန်းမောညွတ်ဆင်း
ကာရံတွေ
တစ်လွှာချင်း ... တစ်လွှာချင်း
ဦးစိုက်ခစား ...

နေရာဒေသတွေဝေးကွာနေတယ်
ဆွေးဝေဒနာတွေက
တစ်စ..တစ်စလှိုက်စား ..
ငါ့ရင်ဘတ်ဟင်းလင်းပြင်တစ်ခုလုံး
အမောစို့စို့နေတာ
ဒီရာသီနဲ့ဆို....

3 comments:

Anonymous said...

ချစ်ခြင်းတွေမှာ တူမျှတဲ့ ခံစားချက်ကိုယ်စီရှိကြတယ်..
ဝေးနေခြင်းနဲ့ နီးမလာခြင်းဟာ နေရာကိုသာ ပြညွှန်းနိုင်တာပဲ သူငယ်ချင်းရေ..
ချစ်ခြင်းတရားကိုတော့ နှိုင်းဆလို့မရပါဘူး..
အချစ်ကဗျာတွေ များများလာပီဆိုတော့ကာ ဒါအခြေအနေကောင်းလာတဲ့သဘော :P

Mhu Darye said...

ဒီကဗျာလေး ခံစားရတယ်..း)
အရုပ်ကလေး အဆင်ပြေပါစေ။

နွေဆူးလင်္ကာ said...

ရာသီဥတုကတော့ အရက်သမားအကြိုက် ရာသီဥတုတွေ ဖြစ်နေတာ များတယ်ဗျ။