တန်ဘိုးမဲ့ .... ကျွန်

အချိန်မှန် တစ်ရက်မှာလှ
လွမ်းချင်းစံ အကျွန့်အဖြစ်ရယ်က
ချစ်မိသမျှကဗျာ့ဥာဏ်နဲ့ လွမ်းလို့ရေးခဲ့တယ် ...။

ခန္ဓာတွင်ဆွေးမှိုင်ငယ်နှင့်
ရာဇ၀င်ပုံရိပ်တိုင်းကိုငဲ့ အချစ်တိုင်းရယ်တဲ့ သခင့်ထံ ...။

ခမ်းခြောက်ပြီ ရင်ဝယ်နှလုံးသားကိုမှ
သခင်တော် ငြူစူသပြန်တော့
အကျွန့်စိတ်အစုံ ထခုန်ကြွရှာတဲ့
ဟောသည့်တစ်ရက် ရင်ခုန်သံ ...။

စိတ်ဆိုင်းငယ်မှုန် ရင်ခတ်လှိုင်းတ၀ုန်းဝုန်းနှင့်
သောကအစုံ ကံဇာဘွားကိုမှ
စုပုံထားနိမိတ်ဆီတို့က ပြုံကြသတဲ့လေ ...။

ဝဿန်မိုးစွေလို့ ညှိုးအားကြီးလေတော့
အကျွန်မှာမဟန် ရင်ဘတ်အစုံဆီက
ကွဲအက်လို့ လှုံ့ဆော်ခဲ့ပြီ ...။

ပင်ယံထက် စိမ်းညှို့ရွက်ဝေေ၀နှင့်
နေရာမှန် အကျွန့်ဘ၀ကိုမှ
အစိမ်းသက်သက်ခြွေ ...။

6 comments:

Unknown said...

ကြွေ သင့် ရင်တော့ ကြွေ ပလိုက် ညီရေ..

Anonymous said...

အချိန်မှန် တစ်ရက်မှာလှ
လွမ်းချင်းစံ အကျွန့်အဖြစ်ရယ်က
ချစ်မိသမျှကဗျာ့ဥာဏ်နဲ့ လွမ်းလို့ရေးခဲ့တယ် ...
သခင့်ထံပါး လွမ်းလို့ရေးတဲ့ စာလွှာတွေ ပါးနေတာပေါ့လေ :)

Mhu Darye said...

အချိန်မှန် တစ်ရက်မှာလှ
လွမ်းချင်းစံ အကျွန့်အဖြစ်ရယ်က
ချစ်မိသမျှကဗျာ့ဥာဏ်နဲ့ လွမ်းလို့ရေးခဲ့တယ် ...။


:)
အရေးအသားတွေကတော့ ညွှန့်နေတာပဲဗျာ။

အစိမ်းသက်သက်ခြွေရင်တောင်မှ
မကြွေပါနဲ့ဦးလေ။

လာရောက်ခဲ့တယ်။

နွေဆူးလင်္ကာ said...

ဟော်ဗျာ ... မော်ဒန်ကနေ ဘယ်တွေ ရောက်ကုန်တာတုန်းဗျ

Unknown said...

အတွေးနဲ. အရေးအသားလေးကိုကြိုက်တယ်....း)

ညလင်းအိမ် said...

ပင်ယံထက် စိမ်းညှို့ရွက်ဝေေ၀နှင့်
နေရာမှန် အကျွန့်ဘ၀ကိုမှ
အစိမ်းသက်သက်ခြွေ ...။

အလွန့်ကို ကောင်းဧ။် ..