ချစ်ခြင်းကို ခံစားရခြင်း

အရင်အချိန်တုန်းက ငါ့ဘ၀ဟာ ဆံပင်မရှိတဲ့ ဂတုံးတစ်ယောက်ရဲ့ လွတ်လပ်ပေါ့ပါးခြင်းနဲ့ပေါ့ ..။ ဒါပေမယ့် ခြင်ထောင်ထဲကို ၀င်လိုက်တိုင်း ဂတုံးနဲ့ ခြင်ထောင် ငြိတဲ့ ဒုက္ခတစ်ခုတော့ ရှိတယ် ..။ မင်းနဲ့တွေ့ပြီး နောက်ပိုင်းတော့ နေ့စေ့ လစေ့ ရောက်နေတဲ့ ဗိုက်ကြီးသည် တစ်ယောက်ရဲ့ လေးလံမွန်းကြပ်ခြင်းတွေ ခံစားလာရတယ် ..။ ဒါပေမယ့် ကိုယ်ဟာ ခွက်ပျောက်သွားတဲ့ သူတောင်းစားတစ်ယောက်ရဲ့ ဆာလောင်ခြင်းမျိုးနဲ့ မင်းကို တက်မက်ခဲ့ရတာပါ ..။ အခုတော့ သေမိန့်ကျပြီးသား ကြိုးသမားတစ်ယောက်လို မင်းလေးကို စိတ်လျော့လိုက်ပါပြီ ..။

( ဘာရယ်မဟုတ် .. သူငယ်ချင်းနဲ့ စကားပြောနေရင်း သူဟာသပြောတာလေးကို ကြားပြီး နည်းနည်း ကွန့်ရေးလိုက်ရခြင်းပါ ..။ )