ချစ်ခြင်းကို ခံစားရခြင်း

အရင်အချိန်တုန်းက ငါ့ဘ၀ဟာ ဆံပင်မရှိတဲ့ ဂတုံးတစ်ယောက်ရဲ့ လွတ်လပ်ပေါ့ပါးခြင်းနဲ့ပေါ့ ..။ ဒါပေမယ့် ခြင်ထောင်ထဲကို ၀င်လိုက်တိုင်း ဂတုံးနဲ့ ခြင်ထောင် ငြိတဲ့ ဒုက္ခတစ်ခုတော့ ရှိတယ် ..။ မင်းနဲ့တွေ့ပြီး နောက်ပိုင်းတော့ နေ့စေ့ လစေ့ ရောက်နေတဲ့ ဗိုက်ကြီးသည် တစ်ယောက်ရဲ့ လေးလံမွန်းကြပ်ခြင်းတွေ ခံစားလာရတယ် ..။ ဒါပေမယ့် ကိုယ်ဟာ ခွက်ပျောက်သွားတဲ့ သူတောင်းစားတစ်ယောက်ရဲ့ ဆာလောင်ခြင်းမျိုးနဲ့ မင်းကို တက်မက်ခဲ့ရတာပါ ..။ အခုတော့ သေမိန့်ကျပြီးသား ကြိုးသမားတစ်ယောက်လို မင်းလေးကို စိတ်လျော့လိုက်ပါပြီ ..။

( ဘာရယ်မဟုတ် .. သူငယ်ချင်းနဲ့ စကားပြောနေရင်း သူဟာသပြောတာလေးကို ကြားပြီး နည်းနည်း ကွန့်ရေးလိုက်ရခြင်းပါ ..။ )

15 comments:

Dream said...

ဟာဟား... မိုက်တယ်ကွာ.. ဂတုံးလေးနဲ့ ခြင်ထောင်ငြိ ရတယ်ဆိုတော့ ကိုရင်ဝတ်ထားတာလား... ဟတ်ဟတ်.။....

အားပါး...ဆာတာတောင် ခွက်ပျောက်သွားတယ်တဲ့ သူတောင်းစားဂိုဏ်းကိုဆွဲထည့်လိုက်တယ်ပေါ့လေ.....

အာ... ဘာလို့ စိတ်ထွေ လျော့ချလိုက်ရတာလဲ... ကြိုးစားလိုက်ပါဦးယုတ်ရ... စိတ်ဓာတ်မကျပါနဲ့... တစ်နေ့အဆင်ပြေမှာပါ..... အာဂျာ..အာဂျာ.. ဖိုက်တင်း... အဟီး.. :P :P


အတွေးအရေးက ရှယ်ပဲဟေ့... လေးစားပါတယ်...

ရော့်...ကော်ဖီတစ်ခွက် သောက်လိုက်နော်... :P

ကောင်းကင်ပြာ said...

စိတ်မလျှော့နဲ့ ကြိုးစားပါ၊

Smilemay said...

ဂတုံးနဲ့ ခြင်ထောင် ငြိတဲ့ ဒုက္ခကလွတ်အောင် ဆံပင် အရှည်ပဲ ထားတယ် အဲ့လောက်ထိ စိတ်ရှုတ်မခံနိုင်လို့လေ
:P
:D

flowerworld said...

တူမလေးမက်မက်ပြောတာလက်ခံပါတယ်ရှင့် ဟဟ ဂတုံးကခြင်ထောင်ငြိတယ်ဆိုတော့
အင်းးးးးးးးးး

kiim said...

အဟမ်း.
ရေးတတ်လိုက်တာလွန်ပါရော.. :P
ဖတ်လို့ ကောင်းတယ် အကိုရေံ..

ကိုတိုး said...

ရေးတတ်လိုက်တာနော် အကိုရဲ့ အားမလျော့နဲ့ ကြိုးစားထားအကိုရေ

Anonymous said...

စိတ်မလျှော့နဲ့ အကိုရေ...

ပန်းခင်းလေး said...

အဟတ် အဟတ် စောစောစီးစီး မျက်ရည်တောင်ကျတယ် တစ်မျိုးမထင်ပါနဲ့ 
ရီရလွန်းလို့ ပါ ငါ့ အစ်ကိုက ရေးတတ်တယ်နော်

ပျော်ရွှင်ပါစေ!

ညီမလေး

ပန်းခင်း

may16 said...

လာဖတ်သွားပါတယ်.

စိုင်းစိုင်းလားရှိုး said...

အတွေးအရေးကတော့ လန်းတယ်ဗျာ။

emayarKhin said...

ခေါင်းစဉ်တွေ့တာနဲ့
ရင်ခုန်ပြီးလာတာဒီရောက်တော့
ဟာသနဲ့ညားသွားတယ်....
နောက်တာလား....
ဒါပေမယ့်..ထိန်းမနိုင်သိန်းမရရီသွားတယ်....

lovelessguiter said...

်ကောင်းလိုက်တဲ့ စာသားတွေပါလားနော်.. မှတ်သားလောက်ပါပေတယ်...။

My Diary said...

အဟား2 နောက်ဆုံးတော့ လက်လျှော့သွားတာကို
ဘာများလည်းလို့ ကြိုးမိန့်တောင် ချပီဆိုတော့
လန့်သွားတာပဲ
Dream ပြောသလိုပဲ ဖိုက်တင်းးးးး

မြတ်သွယ် said...

ရေးထားတာလေးကတော့ ရှယ်ပါပဲဗျို့
စိတ်လျော့လိုက်ပြီလား
သဘောကျစွာဖတ်သွားပါတယ်း)

Mhu Darye said...

လာဖတ်တယ်ပဲ... :P