အလွမ်းဆွေလို့ နွမ်းကြွေနေဆဲ

လမ်းမကျယ်ဘေး ထိုင်ကာငေးရင်း
တိုင်းတာစရာ အဖြစ်တွေကို
နှိုင်းတပြစာ ခုလက်ရှိမှာ
ဗလာနတ္ထိနဲ့ ရှာကြံထိနေတယ် ...

ညယံချိန်ခါ မျှော်မှန်းလွမ်းရင်း
လေပြည်ဆော်မြူး ရွှေရင်ဦးမှာ
လာနိုးမျှော်မိ ဖြေမရှိရင်း
လွမ်းတာကပွား ချစ်စိတ်ဗျာကြား
မှိုင်လျှက်ကယ်ငေး စို့နင့်အတွေး ...

ရွှေပင်လယ်ကြီး ကာဆီးသည်ထင်
နီးမယ်မထင် ရွက်စိပ်ဖျင်၌
တစ်လွှာတစ်ကွက် ချုပ်ရိုးထပ်လို့
တဖျပ်ဖျပ်နဲ့ တဆတ်ဆတ်လူး
ဒီပင်လယ်ထဲ ရူးသွပ်နေဆဲ ...

မခမ်းတော့မယ့် အကြင်နာနဲ့
ကိုယ့်ရဲ့နဘေး မင်းရှိရေးကို
အရဲစွန့်တဲ့ ဒီသည်းလွှာမှာ
အမြဲလမ်းဖွင့် ကြိုဆိုနေမယ် ...

ပိတ်ပိတ်မှောင်တဲ့ င့ါအခန်းငယ်ထဲ
ဖယောင်းငယ်လို စွမ်းဖြာလင်းပြီး
ကြွေရာစိတ်မှာ လေအရိုက်လာ
ပျော်ရည်စီးလို့ မှိန်နေမီးလို
ငါတစ်ကိုယ်ထဲ လှုပ်ခပ်နေဆဲ ...

မှန်းဆကာ တမ်းတရင်းနဲ့
နှစ်ကိုယ်တူ ပျော်ကာထူးတဲ့
အချိန်နေ့ရက် ပြောင်းနေရွေ့လည်း
ဟောင်းမနေ အချစ်တွေနဲ့
လွမ်းနေ ဒီရင်ဘတ်မှာ
တမ်းတလို့ နွမ်းလျဆဲပါ ..။

19 comments:

Unknown said...

ကောင်းတယ်
လွမ်းဆွေးနေတာခံစားရတယ်
ရသလေးကို အရုပ်လေးကရှာပေးတာလား
အားပေးနေတယ်နော်

စိုင်းစိုင်းလားရှိုး said...

ဟိုက်.... အလိုလေး...... ကောင်းတယ်ကွယ်ရို့ ။ တစ်ခါထဲ ဖတ်ပြီးသွားတာနဲ့ နွမ်းလျသွားတာပဲ။ တောက်လျှောက်ဆွဲခေါ်သွားနိုင်ပါတယ်။ ကြိုက်တယ်။

Anonymous said...

ကဗျာအဆုံးလေးမှာ အလွမ်းတွေတောင် ဖြစ်သွားတယ်။
ကလောင်လက်စွမ်းက ထက်ပါ့ အရုပ်ကလေးရေ့... ကောင်းပြီးရင်းကောင်းနေတယ်။ လေးစားတယ်...

thinzar said...

ကိုအိကုကတော့ ရေးလိုက်ရင် လန်းနေတာပဲ....
အပိုဒ်တိုင်းကို ကြိုက်တယ်....
သေချာခံစားသွားပါတယ်....။

Anonymous said...

အဟီးး.. အလွမ်းကဗျာလေးက ဘယ်ဆိုးလို့တုန်း ကောင်းတယ်.. ရေးတတ်သားပဲငါ့အစ်ကိုက..း)
ချစ်သူကို တော်တော်ချစ်ပုံရတယ် ဟဲဟဲ

WWKM said...

အလွန်ကောင်းတဲ့ ကဗျာလေးပဲ မောင်လေးရေ.
အစ်မလဲ အရှုတ်တွေလုပ်နေလို့ မရောက်ဖြစ်တာ။း)

ညီအကိုများ said...

လွမ်းသွားတယ်ဗျာ...

မိုးကြယ်

ကိုရင်နော်ခင်လေးငယ် said...

အရုပ်လေးရေ..
လာဖတ်သွားပါတယ်..
ကဗျာလေးကကောင်း၏..း)

မြတ်သွယ် said...

ကိုအရုပ်ကလေးရက်စက်ပါတယ်ဂျို့ ...
ဟီးးး ကဗျာလေးကကောင်းလွန်းလို့ပါး)
-ညယံချိန်ခါ မျှော်မှန်းလွမ်းရင်း
လေပြည်ဆော်မြူး ရွှေရင်ဦးမှာ
လာနိုးမျှော်မိ ဖြေမရှိရင်း
လွမ်းတာကပွား ချစ်စိတ်ဗျာကြား
မှိုင်လျှက်ကယ်ငေး စို့နင့်အတွေး ...-

ကြိုက်၏း)

တမ်းတလို့နွမ်းလျနေတဲ့ ရင်ဘတ်ကြီးရေးတဲ့ကဗျာကို အလွန်ပင်နှစ်သက်မိပါကြောင်း :)

ပန်းခင်းလေး said...

အလွမ်းကဗျာလေးဖတ်သွားတယ်အစ်ကိုတော်
အဲ့ လောက်တောင်ပဲလား
အလွမ်းတွေအရမ်းများနေတယ်
နဲနဲလျော့  :P


ညီမလေး

ပန်းခင်း

Smilemay said...

ကဗျာ နောက်ဆုံးအပိုဒ်ကို ပိုခိုက်တယ်

lovelessguiter said...

ကဗျာလေးကတော့ ဟတ်ထိတယ်ဝေ့.... ဘယ်သူ့ကိုလွမ်းရမှန်းသာ မသိတယ်...။:P

ကိုတိုး said...

အကိုရေ ကဗျာလေးတွေက အရမ်းကောင်းတယ်ဗျာ။ ကဗျာလေးအဆုံးမှာ အလွမ်းတွေတောင်ဖြစ်သွားတယ်နော်။

may16 said...

ကဗျာလေးက အရမ်းဖတ်လို့ကောင်းပါတယ် ဘယ်နားကဘယ်လိုလေးမှန်းမသိဘူး ဖတ်ရတာ အရသာလေးနက်ပါတယ်ကိုအရုပ်ကလေး

ကောင်းကင်ပြာ said...

အတူတူလွမ်းပေးသွားတယ်နော်

meelayzar said...

ရွှေပင်လယ်ကြီး ကာဆီးသည်ထင်
နီးမယ်မထင် ရွက်စိပ်ဖျင်၌
တစ်လွှာတစ်ကွက် ချုပ်ရိုးထပ်လို့
တဖျပ်ဖျပ်နဲ့ တဆတ်ဆတ်လူး
ဒီပင်လယ်ထဲ ရူးသွပ်နေဆဲ ...

မခမ်းတော့မယ့် အကြင်နာနဲ့
ကိုယ့်ရဲ့နဘေး မင်းရှိရေးကို
အရဲစွန့်တဲ့ ဒီသည်းလွှာမှာ
အမြဲလမ်းဖွင့် ကြိုဆိုနေမယ် ...
ဒီအပိုဒ်လေးသဘောကျတယ်အကိုရေ ကောင်း၏........ခံစားသွားပါတယ်ရှင်

flowerworld said...

ရွှေပင်လယ်ကြီး ကာဆီးသည်ထင်
နီးမယ်မထင် ရွက်စိပ်ဖျင်၌
တစ်လွှာတစ်ကွက် ချုပ်ရိုးထပ်လို့
တဖျပ်ဖျပ်နဲ့ တဆတ်ဆတ်လူး
ဒီပင်လယ်ထဲ ရူးသွပ်နေဆဲ ...

မခမ်းတော့မယ့် အကြင်နာနဲ့
ကိုယ့်ရဲ့နဘေး မင်းရှိရေးကို
အရဲစွန့်တဲ့ ဒီသည်းလွှာမှာ
အမြဲလမ်းဖွင့် ကြိုဆိုနေမယ် ...
ဒီအပိုဒ်လေးသဘောကျတယ်အကိုရေ ကောင်း၏........ခံစားသွားပါတယ်ရှင်
ခုနကနာမည်မှားသွားလို့ ဟီးးးးး

su wai said...

ဘယ်လမ်းမဘေးမှာ သွားငေးနေတာလဲ.. ကားတွေရှုပ်ရင် သတိလဲထားဦးနော် :P

ဒီကဗျာလေးကို ခေါင်းစဉ်ကစလို့ တစ်ပုဒ်လုံးကြိုက်တယ်.. နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံး.. ကဗျာကောင်းလေးတွေ အများကြီး ဆက်ရေးနိုင်ပါစေလို့...

My Diary said...

ကဗျာလေးကောင်းတယ်
အဲလိုမစပ်တက်ဘူး
သင်ပေး သင်ပေး