ခေါင်းစဉ်မသိတဲ့ ကဗျာ

ဒီတစ်ခါတော့ ကိုယ်တိုင်ရေးကဗျာမဟုတ်ပါ ၊ ဖတ်ဖူးတဲ့ စာအုပ်လေးထဲက နှစ်သက်မိလို့ တင်ပြရခြင်းပါ ..
ကဗျာစာအုပ်သည် ဘယ်နှစ်ခုနှစ်က ထုတ်ဝေခဲ့သော စာအုပ်မှန်း မသိပါ ၊ စာဖတ်သူတွေကို ဖတ်စေချင်တဲ့
ဆန္ဒလေးမို့ နားလည်ခံစား ဖတ်ရှုနိုင်ပါစေ ..။ ကဗျာရဲ့ ခေါင်းစဉ်လည်း မသိပါ .. ။


အချစ်အချစ် ဤအချစ်ကား
အချစ်တစ်ကယ် အမြစ်တွယ်က
ဘယ်ဝယ်ဘယ်တွက် ဆင်ခြေဖက်လည်း
ပယ်ဖျက်အတင်း သူဇာတ်သွင်း၏
ပျော်ခင်းသွယ်သွယ် မြှူစ,ဆွယ်၍
နောက်ဝယ်မယွင်း ပူဇော်ခင်းသည် ..
နှစ်မင်းသူဖြစ် ထိုအချစ် ...။

(အမည်မသိ)
....................................................................

ဆွတ်လှည့်ဆိုယောင် ပန်းလက်ဆောင်ဟု
ခွေးဟောင်ခေါ်မှတ် ကောကနဒ်လျှင်
ထပ်ထပ်ဖပ်ဖပ် သူ့ပွင့်ချပ်ဖြင့်
ပျပ်ဝပ်ညောင်းညိတ် ပန်းကြောင်းဖိတ်လည်း
အမြိတ်ရည်လူး ပွင့်သစ်ဦးမို့
မခူးရက်ဟန် မပန်ရက်ပဲ
လှကြည့်ဆဲတွင် လက်ရဲဇရာ
နေမင်းလာ၍ မညှာမလျှော့
ထင်တိုင်းဆော့က ပျော့တခွေခွေ
ကြွေလလုလု ပြု၍မရွှင်
ပြင်၍မလန်း လက်လွန်ပန်းကို
မှန်း၍အော်အော် တရားမြှော်က
ပါတော်ဖုလ္လမ်း တေးကိုတမ်းမိ
လွမ်းလည်းလွမ်းချင် မလွမ်းချင်နှင့်
လွမ်းလျှင်ကြေကွဲ ပွင့်ကြွေမြဲဟု
မလွဲသောဝန် မလွန်သောဘေး
လွန်ဘို့ရေးသည် ...ဧ၍မနေသာ တကား ။
(ကာဝိယ၀ါစီ အရှင်ဥာဏိဿရ)

10 comments:

thinzar said...

အချစ်အချစ် ဤအချစ်ကား
အချစ်တစ်ကယ် အမြစ်တွယ်က
ဘယ်ဝယ်ဘယ်တွက် ဆင်ခြေဖက်လည်း
ပယ်ဖျက်အတင်း သူဇာတ်သွင်း၏
ပျော်ခင်းသွယ်သွယ် မြှူစ,ဆွယ်၍
နောက်ဝယ်မယွင်း ပူဇော်ခင်းသည် ..
နှစ်မင်းသူဖြစ် ထိုအချစ် ...။

အင်း... အချစ်အချစ်....။
ကဗျာလေးတွေ ဖတ်လို့ကောင်းတယ် ကိုအိကုရေ...။

ကိုတိုး said...

ရေးထားတဲ့ကဗျာလေးလန်းတယ်နော်အကိုရေ ဖတ်ပြီးသားကိုမျှဝေတာဆိုပေမဲ့လည်းကောင်းပါတယ် အချစ်အချစ်တကယ်ချစ်တော့ အမြစ်တွယ်စေတယ်တဲ့နော် ဘယ်လိုမှာမုန်းလို့ရမယ်မထင်ပါဘူးနော်။ အဆင်ပြေပါစေဗျအကို နောက်မှာလာတော့မယ် အခုတော့စာလေးတွေလုပ်နေရလို့အကိုရေ။

စိုင်းစိုင်းလားရှိုး said...

ကဗျာကောင်းလေး လာဖတ်ပါတယ်။

Unknown said...

အမည်မသိကဗျာလေးဖတ်သွားပါတယ်
အဆင်ပြေပါစေအစ်ကိုတော်


ညီမတော်

ပန်းခင်း

မြတ်သွယ် said...

ကဗျာလာဖတ်သွားပါတယ် ကိုအရုပ်ကလေး
မျှဝေခြင်းအတွက် ကျေးဇူးတင်ပါတယ်း)

ကောင်းကင်ပြာ said...

ခံစားပီး ဖတ်သွားတယ်ရုပ်ရုပ်ရေ

Unknown said...

ကောင်းတယ်အရုပ်လေး
အားပေးတယ်
ဆက်ရေး
အဟိ
ခေါင်းစဉ်သိတဲ့အထိအပြင်မှာကောရင်မှာကောရေး
ချစ်သူများနေ့မှာပျော်ရွှင်ပါစေ

Anonymous said...

ကဗျာကောင်းလေးတွေ မျှဝေပေးတာ ကျေးဇူးပါ အရုပ်ကလေးရေ..

poemflower said...

ခေါင်းစဉ်မသိတဲ့ကဗျာတွေကို သေချာဖတ်သွားပါတယ် တအားနက်နဲသလိုပဲ လိုက်မမှီဘူး ကိုအရုပ်ကလေးရေ..

su wai said...

ကိုယ်တိုင်ရေး မဟုတ်လဲ ကဗျာကောင်းလေးတွေ ဝေမျှပေးတဲ့အတွက် ကျေးဇူး.. ဘလော့မရေးလဲ ဒီမှာတော့ ကဗျာတွေ အဆင်ပြေသလို လာဖတ်ဖြစ်နေဦးမှာပါ။

အဆင်ပြေ ပျော်ရွှင်ပါစေ :)