လွင့်ခြင်းကြားမှ ကြယ်စင်ငယ်

တောင်ထိပ်နေရာ ကျောက်ငူစွယ်မှာ
ထိုင်ကာလွမ်းမော့ ညဥ့်နက်ညမှာ
စိမ့်အေးမြရင်း သစ်တစ်ပင်အောက်
ညဥ့်လေရောက်တော့ အလွမ်းစုတဲ့
ဒီရင်ဘုံမှာ ကြယ်ရောင်လင်းတယ် ..

တောင်စွယ်တောင်တန်း ညှို့မှိုင်းအုံ့တော့
အတိတ်စေရာ ဖြစ်ရပ်တစ်ချို့
လက်တွေ့စဉ်မှာ ဟပ်ထင်နေလည်း
ဝင်လာပါလို့ တောင်းဆိုမရဲ
ချက်လျှက်ပဲမို့ မျှော်လင့်ရင်းနဲ့
ကြယ်စုံညဟာ ပြိုးပြက်နေတယ် ...

ငါတို့နှစ်ယောက် လမ်းတွေလျှောက်ရင်း
အပြင်ပန်းမှာ အမြင်ဆန်းလို့
ကြည်နူးပီတိ စိတ်အသိမှာ
နီးစပ်ဖို့ရေး တိုင်ပင်တွေးလို့
အရောက်လှမ်းချင် နှစ်ယောက်ကမ္ဘာခွင်မှ
ထွက်ပြူနေမယ့် ကြယ်စင်နန်းဆီ ...

ကြယ်စုကြယ်ဝေး ဖြန့်ကြတ်များတော့
လင်းလက်တောက်ပ ကောင်းကင်တပြ
လှမ်းဆွတ်ချူလို့ ကမ်းလင့်ယူလည်း
လှမ်းမှီသလို ကြွေဆင်းမလိုနဲ့
င့ါရင်ဖိုမှာ စိုးရွံ့နေတယ် ...

ထိုအဝေးမှ ကြယ်များအကြား
မမှိတ်မသုံ ညရင်ခွင်ဖြတ်,
အာရုံမနက် လင်းအားရောက်လို့
ကွယ်ကာပျောက်လည်း ..
ညရင်ပြင်မှာ လှဖြာစုတဲ့
ကြယ်စင်ငယ်ကို မြင်ယောင်ဆဲပဲ ...

ကြယ်များအကြား ကြည့်နေရင်းက
အမှတ်မထင် မျက်ဝန်းပြင်မှာ
ဆန်းယဉ်သလို စိတ်ကူးယဉ်တော့
ဖိတ်စင်ကျမယ့် ကြယ်စင်ငယ်မို့
ကောင်ကင်တစ်ခွင် ကြယ်ရောင်ပြိုးပြက်
အလွမ်းတွေဆက်လို့ သာယာလင်းတယ် ...

ဘယ်ခါနေ့ရက် လင်းထွက်မလဲ
စိတ်ဝယ်မှန်းဆ မော့နေရင်းက
အချိန်တွေကုန် ညတွေတိုင်းလည်း
မျက်ဝန်းစုံမှာ ရှာဖွေရင်းက
ကြယ်များအလယ် စုကာကြွယ်မယ့်
ကြယ်စင်ငယ်မှ အခြားမရှိ
မျှော်မှန်းဆင့်ကာ တမ်းတတစ်ဖြစ်
စိတ်ဝယ်ညစ်လို့ ငြူစူသယောင်
လွမ်းခြင်းဆောင်လို့ ဆုံတွေ့မယ့်ချိန်
ထွက်ပြူလှည့်ပါ ကြယ်စင်ငယ်ရေ ...။

17 comments:

ကိုတိုး said...

ကြယ်စင်တွေ စုဝေးနေတဲ့ကောင်းကင်ကြီးမှာ သာယာပျော်ရွှင်မှုနဲ့ အလင်းရောင်လေးတွေနဲ့ ပျော်ရွှင်နိုင်ပါအကိုရေ လွင့်ခြင်းကြားမှ ကြယ်စင်ငယ် လေးကိုသေချာဖတ်သွားတယ်အကိုရေ အရေးအသားကတော့ အရမ်းကိုမိုက်တယ်နော် နောက်လည်းဆက်လက်ပြီးရေးနိုင်ပါစေဗျာ။

sandar said...

သေချာဖတ်လိုက်ပါတယ်း။ ကဗျာလေးက လှတယ် ။အေ၇းအသားလည်း ပျော့ပျောင်းတယ်။ တည်တည်ငြိမ်ငြိမ်လေးနဲ ပေါ်လွင်ပါတယ်။ ကြယ်စင်လေးတစ်ပွင့် ကို တမ်းတနေတာလား လွမ်းနေတာလား။ လိုချင်နေတာလား ။

kiim said...

ကြယ်စင်ငယ်ရေ..
ထွက်ပြူပေးလိုက်ပါ..
အကိုတယောက်သနားပါတယ်..အဟီး
လာဖတ်သွားတယ်နော်..
ပျော်ရွှင်ပါစေ.. :)

thinzar said...

လိုချင်တမ်းတနေတဲ့ ကြယ်စင်လေးနဲ့ အဆင်ပြေပါစေ
အကိုရေ....

s said...

ဒီကဗျာလေးကို ခံစားချက်တူလို့ကြိုက်တယ်အကို.

Anonymous said...

အရေးလဲကောင်း၊အတွေးလဲ ကောင်း၊ ရှယ်ပဲဗျို့
ခံစားသွားတယ်ဗျ။

စိုင်းစိုင်းလားရှိုး said...

ကြယ်စင်စုဝေးရာမှ ကြယ်စင်ငယ်လေး ပြူထွက်လာပါပြီ ခင်ဗျား.........

poemflower said...

ကဗျာလေးကိုဖတ်ပြီး ဘာကိုဘယ်လိုလွမ်းမိသွားမှန်းမသိ ပါဘူး ကိုအရုပ်ကလေး ရယ် အရေးတွေညက်လိုက်တာ.

WWKM said...

ထွက်ပြူလိုက်ပါ ကြယ်စင်ငယ်လေးရေ.. မြေးလေး
သနားပါတယ်။း)

ကောင်းကင်ပြာ said...

ထွက်ကြည့်လိုက်ပါတော့ ကြယ်စင်ရေ၊

flowerworld said...

ဘယ်ခါနေ့ရက် လင်းထွက်မလဲ
စိတ်ဝယ်မှန်းဆ မော့နေရင်းက
အချိန်တွေကုန် ညတွေတိုင်းလည်း
မျက်ဝန်းစုံမှာ ရှာဖွေရင်းက
ကြယ်များအလယ် စုကာကြွယ်မယ့်
ကြယ်စင်ငယ်မှ အခြားမရှိ
မျှော်မှန်းဆင့်ကာ တမ်းတတစ်ဖြစ်
စိတ်ဝယ်ညစ်လို့ ငြူစူသယောင်
လွမ်းခြင်းဆောင်လို့ ဆုံတွေ့မယ့်ချိန်
ထွက်ပြူလှည့်ပါ ကြယ်စင်ငယ်ရေ ...။
ဒီအပိုဒ်ပိုကြိုက်တယ် ..........ထွက်ပြူလည့်ပါကြယ်စင်ငယ်ရယ်တဲ့ ဟုတ်ပနော် ခံစားသွားတယ်ချင့် အဟင့်

Unknown said...

ကြယ်စင်ငယ်လေးရေ မြန်မြန်ထွက်ပေးလိုက်ပါတော့ 
စောင့်မျှော်နေရတဲ့  တို့ အစ်ကို လည်ပင်းညောင်ရေအိုး
ဖြစ်နေပြီ .... မြန်မြန်ထွက်ပေးလိုက်ပါနော်


ညီမလေး

ပန်းခင်း

Welcome said...

ကဗျာနဲ့ ပတ်သက်လာရင်
သင်ယူလျက်ပါ
အဆင်ပြေ ပျော်ရွှင်ပါစေ ..

My Diary said...

အားလား2 ကဗျာလေးက မိုက်လှချည်လား
Good တယ်ဗျို့
ကောင်းကင်ကိုကြည့်ပီး ကဗျာစပ်လိုက်တာ တော်2ထွက်လာတာပဲ . သမုဒရာကို မြင်ယောင်ပြီး နောက်တစ်ပုဒ်လောက်

emayarKhin said...

အားပါးပါး...အကိုရေ....
တော်တော်ကိုပဲဖွဲ့နွဲ့ထားတာပါလား....
ကောင်းတယ်ဗျို့...ကျေကျေနပ်နပ်ကြီးဖတ်သွားတယ်...

အောင်မြေ said...

ကဗျာလေး လာဖတ်ပါတယ်
တကူးတက အလည်ရောက်လာလို့
ကျေးဇူးအထူးပါနော်။

မြတ်သွယ် said...

-ကြယ်စုကြယ်ဝေး ဖြန့်ကြတ်များတော့
လင်းလက်တောက်ပ ကောင်းကင်တပြ
လှမ်းဆွတ်ချူလို့ ကမ်းလင့်ယူလည်း
လှမ်းမှီသလို ကြွေဆင်းမလိုနဲ့
င့ါရင်ဖိုမှာ စိုးရွံ့နေတယ် ...- ဒီနေရာလေးကြိုက်တယ် ကိုအရုပ်ကလေးး)
ကြယ်စင်ငယ်တဲ့လား ... လှတယ်