မိုင်

ဘ၀တစ်ဆစ်ချိုးမှာ လှည့်ထွက်သွားတဲ့
ကြမ္မာဆိုးကြား လောကဓံကိုအံတု
ခံစားလို့သိတာ, မင်းအတွက်နဲ့
မပြုံးနိုင်ပဲ အခါခါရှုံးခဲ့တဲ့ .. ငါအဖြစ် ...

စေညွှန်ရာ စိတ်အရင်းခံပြီး
အလေးပေးမှုတွေနဲ့ နွေးထွေးခဲ့သလို
အချစ်သင့်ကျမ်းကို ဆုပ်ကိုင်မိတော့
အလွမ်းကိုအစပျိုးလို့ ကျမ်းအပိုထွက်ခဲ့တာ
မင်း ... သိနိုင်မလား ...

တာအထွက်မှာ ခြေတစ်လှမ်းနဲ့
နေကျန်ခဲ့ရတဲ့ ငါ့အဖြစ် ..
အခိုက်အတန့်နဲ့ လိုက်လျှက်သာပြေးနေလည်း
ရွှေရင်ဘုံမှာ မဟာမြေပျောက်သလိုပဲ
ရှာကြံတွေးသမျှ မင်းအကြောင်းတွေက
တဆစ်ဆစ်နဲ့ င့ါစိတ်ကို .. ကြောက်ရွံ့စေတယ် ...

တယုတယနဲ့ ချစ်နေလည်း
နုပြမလာတဲ့ မင်းတစ်ယောက်ကို
ဆိုးရွားစွာနဲ့ ချစ်နေဆဲပဲ ...

အတိတ်အကြောင်းတွေကို
ပိတ်တစ်သောင်းထက်မှာ ရုံတင်ပြပြီး
နိမိတ်ပြောင်းရယ်မလားလို့ ..
အတိတ်သံစဉ်နဲ့လည်း အလွမ်းဖြေခဲ့ဖူးတယ် ...

တိမ်တိုက်တစ်ခုရဲ့ ရွေ့လျားခြင်းနောက်
မင်းစကားသံတွေ လွင့်ပျံမတက်
င့ါနဘေး ပင့်သက်ကြွေတာ
မှောင်ဝင်နန်းရဲ့ လမ်းပြကြယ်က
လှောင်ရယ်လို့နေပြီ ...

ကမ်းလင့်လက်တစ်စုံရဲ့ လွတ်ကျမှုအောက်
သွေးအေးအေးနဲ့ စတေးရမဲ့အဖြစ်ကို
အပြန်ပြန် စဉ်းစားနေရင်း
မှားခြင်းသိကို မောချင်းစိတ်မှာ
မွေးစေခဲ့တာ ..
တစ်ကြိမ်တစ်ခါရယ် ....
အကြိမ်ကြိမ်အခါခါ အဖြစ်မျိုးကို
ဒီကမ္ဘာမှာ မိုင်ချီဝေးလို့
ခြားနေပါရစေ ...

မြွေဟောက်မ

ချစ်ပါသည်ဟု ကြံစည်ပြောကြား
သူ့နှုတ်ဖျား ...
မုန်းပါသည်ဟု ကြံစည်ပြောကြား
သူ့နှုတ်ဖျား ...
ပစိပစပ် ပြောဆိုတတ်သော
နှုတ်လျာနှစ်ခွ မြွေဟောက်မ၏
လှပကျော့ရှုံး တစ်ကိုယ်လုံးကို
တုံးပေါ်တင်၍ ခုတ်ပိုင်းလှီးဖြတ်
အချဉ်စွက်လို့ အရက်နှင့်သာ
မြည်းချင်သည် ...။

ကိုတင်ထွေး (ရမသ) ရေးတဲ့ကဗျာလေးပါ ...။