မိုင်

ဘ၀တစ်ဆစ်ချိုးမှာ လှည့်ထွက်သွားတဲ့
ကြမ္မာဆိုးကြား လောကဓံကိုအံတု
ခံစားလို့သိတာ, မင်းအတွက်နဲ့
မပြုံးနိုင်ပဲ အခါခါရှုံးခဲ့တဲ့ .. ငါအဖြစ် ...

စေညွှန်ရာ စိတ်အရင်းခံပြီး
အလေးပေးမှုတွေနဲ့ နွေးထွေးခဲ့သလို
အချစ်သင့်ကျမ်းကို ဆုပ်ကိုင်မိတော့
အလွမ်းကိုအစပျိုးလို့ ကျမ်းအပိုထွက်ခဲ့တာ
မင်း ... သိနိုင်မလား ...

တာအထွက်မှာ ခြေတစ်လှမ်းနဲ့
နေကျန်ခဲ့ရတဲ့ ငါ့အဖြစ် ..
အခိုက်အတန့်နဲ့ လိုက်လျှက်သာပြေးနေလည်း
ရွှေရင်ဘုံမှာ မဟာမြေပျောက်သလိုပဲ
ရှာကြံတွေးသမျှ မင်းအကြောင်းတွေက
တဆစ်ဆစ်နဲ့ င့ါစိတ်ကို .. ကြောက်ရွံ့စေတယ် ...

တယုတယနဲ့ ချစ်နေလည်း
နုပြမလာတဲ့ မင်းတစ်ယောက်ကို
ဆိုးရွားစွာနဲ့ ချစ်နေဆဲပဲ ...

အတိတ်အကြောင်းတွေကို
ပိတ်တစ်သောင်းထက်မှာ ရုံတင်ပြပြီး
နိမိတ်ပြောင်းရယ်မလားလို့ ..
အတိတ်သံစဉ်နဲ့လည်း အလွမ်းဖြေခဲ့ဖူးတယ် ...

တိမ်တိုက်တစ်ခုရဲ့ ရွေ့လျားခြင်းနောက်
မင်းစကားသံတွေ လွင့်ပျံမတက်
င့ါနဘေး ပင့်သက်ကြွေတာ
မှောင်ဝင်နန်းရဲ့ လမ်းပြကြယ်က
လှောင်ရယ်လို့နေပြီ ...

ကမ်းလင့်လက်တစ်စုံရဲ့ လွတ်ကျမှုအောက်
သွေးအေးအေးနဲ့ စတေးရမဲ့အဖြစ်ကို
အပြန်ပြန် စဉ်းစားနေရင်း
မှားခြင်းသိကို မောချင်းစိတ်မှာ
မွေးစေခဲ့တာ ..
တစ်ကြိမ်တစ်ခါရယ် ....
အကြိမ်ကြိမ်အခါခါ အဖြစ်မျိုးကို
ဒီကမ္ဘာမှာ မိုင်ချီဝေးလို့
ခြားနေပါရစေ ...

13 comments:

thinzar said...

တာအထွက်မှာ ခြေတစ်လှမ်းနဲ့ နေကျန်ခဲ့ရတဲ့ ငါ့အဖြစ်....
စာသားလေးကောင်းလို့ ဘာမှ ကို ပြောမထွက်တော့ဘူး...။
ရင်ဘတ်နဲ့ခံစားသွားတယ် ကိုအိကုရေ...။

su wai said...

ကဗျာဖတ်ပြီး မောသွားသလို ခံစားလိုက်ရတယ်...

အတွေးအရေးနဲ့ ပေးထားတဲ့ ကဗျာခေါင်းစဉ် လိုက်ဖက်ညီတယ်... အသစ်မျှော်နေတဲ့သူတွေ ကျေနပ်အောင် ကဗျာကောင်းလေး ပေးလိုက်တယ်ပေါ့လေ။

ကောင်းကင်ပြာ said...

ကဗျာလေးရေးတဲ့ အတွေးလေးတွေ ကောင်းလိုက်တာ

Eaindra said...

ကဗျာလာဖတ်သွားပါတယ်..အရုပ်ကလေး..

စာသားလေးတွေ အနုစိပ်လာတယ်..
ချပြချင်တာလေးကို သိမ်သိမ်မွေမွေ့ပြောထားတဲ့ကဗျာလေးပါပဲ...

ကဗျာကောင်းတွေဆက်လက်ရေးသားနိုင်ပါစေ..

ခင်ခင်မင်မင်

အိန္ဒြာ

Min Myat Soe said...

ကဗျာတွေ ရေးလိုက်ရင် အရှည်ကြီးတွေ ရေးပြီး စာသားတွေကလည်း မိုက်ပါ့ဗျား

ကိုတိုး said...

ကမ်းလင့်မဲ့လက်တစ်စုံရဲ့အောက်မှာ လွတ်ကျသွားတဲ့ သွေးအေးတဲ့အဖြစ်မျိုးတဲ့နော်............. ကဗျာလေးဖတ်ရတာ အနှစ်သာရတွေ ပြည့်ဝလိုက်တာနော်......... မိုင်ဆိုတဲ့ ကဗျာလေးအတိုင်းမိုင်ပေါင်းထောင် ချီအောင်ဝေးသွားပြီလားမသိဘူးနော်။

မသက်ဇင် said...

ကဗျာဆရာရေ
ကဗျာရှည်တွေရေးတာတော်တယ်
ခံစားဖတ်သွားပါတယ်
ပျော်ရွှင်ပါစေ

နေရီနွယ် said...

“ မိုင် ” ကိုလာခံစားသွားပါတယ် အဘိုးရှင့် အရမ်းကောင်းတဲ့ ကဗျာလေးပဲနော် အဘိုး

ကဗျာဦး said...

ကဗျာတွေကတော့အမြဲလန်းတယ်
ကိုအရုပ်ကလေး
ခင်မင်တဲ့

ဝေလေး said...

မောတယ်.... :))

နောက်ဆုံးအပိုဒ်လေးကြိုက်တယ်

~~ မှားခြင်းသိကို မောချင်းစိတ်မှာ
မွေးစေခဲ့တာ ..
တစ်ကြိမ်တစ်ခါရယ် ....
အကြိမ်ကြိမ်အခါခါ အဖြစ်မျိုးကို
ဒီကမ္ဘာမှာ မိုင်ချီဝေးလို့
ခြားနေပါရစေ ... ~~

lovelessguiter said...

ရှယ်ပဲကွာ..ကဗျာလေးကတော့
မပြုံးနိုင်ပဲ အခါခါရှုံးခဲ့တဲ့ .. ငါအဖြစ် ...
ဆိုပါလား....

မသက်ဇင် said...

မှားခြင်းသိကို မောချင်းစိတ်မှာ
မွေးစေခဲ့တာ ..
တစ်ကြိမ်တစ်ခါရယ် ....
အကြိမ်ကြိမ်အခါခါ အဖြစ်မျိုးကို
ဒီကမ္ဘာမှာ မိုင်ချီဝေးလို့
ခြားနေပါရစေ ...

အရုပ်လေးရေ
ထပ်လာဖတ်ပါတယ်

Anonymous said...

ကဗျာဖတ်သွားတယ် တာအထွက်မှာ ထဲက နောက်ကျခဲ့တဲ့ ခြေးလှမ်းမျိုး နောက်တခါမဖြစ်စေနဲ့ဗျာ