အရိပ်

အာရုံဦးမှာ အနမ်းပွင့်တွေ ဝေခဲ့တယ်..

သူမအတွက်..

အိပ်မက်ကို အသက်သွင်းပေးခဲ့သလိုမျိုး

ကျွန်တော် ထိတွေ့မိလေသလား ၊ ထိတွေ့မိတယ် လုပ်ခဲ့မိတယ်။

လေပြည်အယိမ်းမှာ စကားအစအနတွေ ဖွင့်ဟခဲ့တယ် ..

သူမအတွက်..

ပျော်ရွှင်ဘွယ် လမ်းစရေးရေးလေးမျိုး

ကျွန်တော် ပြောခဲ့မိလေသလား ၊ ပြောခဲ့မိတယ် လုပ်ခဲ့မိတယ်။

တွေ့ဆုံခြင်းမှာ စကားအစနတွေ ယိမ်းခဲ့တယ်..

သူမအတွက်..

တဆစ်ဆစ် အက်ဆစ်ပြင်းပြင်း လောင်းခံရတာမျိုး

ကျွန်တော် ပြောခဲ့မိလေသလား ၊ ပြောခဲ့မိတယ် လုပ်ခဲ့မိတယ်။

နေ၀င်ညနေမှာ မှော်ဝင်လမ်းပြကြယ် ဖြစ်ခဲ့တယ်..

သူမအတွက်..

စကားရပ်တွေနဲ့ ဓါတ်မတည့်တာမျိုး

ကျွန်တော် ပြောခဲ့မိလေသလား ၊ ပြောခဲ့မိတယ် လုပ်ခဲ့မိတယ်။

တစ်နေ့တာမှာ နီးခွင့်ရချင်တဲ့ဆန္ဒတွေ ဖြစ်ခဲ့တယ်..

သူမအတွက်..

အတွေးများစရာတွေနဲ့ တဒင်္ဂမှင်သက်မိတာမျိုး

ကျွန်တော် ပြောခဲ့မိလေသလား ၊ ပြောခဲ့မိတယ် လုပ်ခဲ့မိတယ်။

မတွေ့ရတဲ့ အချိန်တွေတိုင်းမှာ တမ်းတလွမ်းခဲ့တယ်..

သူမအတွက်

သတိတရ အင်္ဂါရပ်မျိုး

ကျွန်တော် ပြောခဲ့မိလေသလား ၊ ပြောခဲ့မိတယ် လုပ်ခဲ့မိတယ်။

ဒီိလိုနဲ့ပဲ တစ်နေ့တာတွေကုန်ဆုံး

လူလုံးလုံးဖြစ်ရတဲ့နေ့ကစလို့ ပစ္စုပ္ပန်အတွေ့မှာ

သူမကို ကျွန်တော် သိပ်ချစ်တယ် ..။ ။

ဆက်စို့ ( ဟိုအဝေး)

ချစ်သူ ...

သူမတူတဲ့ချစ်ခြင်း .. မပျက်မယွင်း သီးသန့်ဖြစ်တည်မှုအတွက်

င့ါနှလုံးသား ဘယ်အစုံမှာ ထထခုန်နေတယ် ..။

ချစ်သူ ...

မူယာမာယာမျာတဲ့ခေတ်ထဲ

ဗျူဟာစစ်အထဲလည်း မလိုက်ချင်ဘူး ..။

ချစ်သူ ...

ရူပကာတွေ ခြံရံနေလည်း မြင်နေတာတွေအမှန်တွေပဲမို့

တယူသန်ဝေဖန်မှုတွေလည်း မပေးချင်ဘူး ..။

ချစ်သူ ...

အဖြည့်ခံ အခွင့်ထူးကံအတွက်

ဆက်ရန်မနက်ဖြန်မှာ ပတ်သက်ရန်အမှန်ပဲမို့ ...

လက်တစ်ဖက်ချန်ရန်ကာ ချိတ်ဆက်စို့ ..။

ချစ်

ချစ်အာရုံ ချစ်ဇောနှင့် ၊ ချစ်အပြော ချစ်ဆို၊

ချစ်မနော ချစ်ကိုယ်ငယ် ၊ ချစ်အပို ချစ်ဆဲ၊

ချစ်ဆန္ဒ ချစ်အာသာ ၊ ချစ်ခါခါ ချစ်ကပိုကဲ။

ချစ်မ၀ ချစ်စစ်ပါတယ် ၊ ချစ်မေတ္တာ ချစ်စွဲ၊

ချစ်သစ္စာ ချစ်မြဲလို့ ၊ ချစ်အသဲ ချစ်ပုံ၊

ချစ်ရာထောင် ချစ်သိန်းသန်း ၊ ချစ်ကိန်းခန်း ချစ်လို့မကုန်။

ချစ်ပြီးရင်း ချစ်အဟုန်ငယ် ၊ ချစ်နှစ်စုံ ချစ်ပေါင်းလို့၊

ချစ်အဟောင်း ချစ်သစ်တွေ ၊ ချစ်စို့ ချစ်ကေ၊

ချစ်သမို့ ချစ်မသွေတယ် ၊ ချစ်တမေ ချစ်အုန်းဗျလေး ။ ။

(ဓမ္မစရိယ ဦးထွန်းရွှေ ရေးသားပြုစုသော ကျမ်းမှ ကောက်နုတ်ဖေါ်ပြပါသည်) လေးထပ်ကျော့ စကြာတေးထပ်ဟု ဖေါ်ပြထားသည်။)

လွမ်း

လွမ်းစပွေ လွမ်းလေတော့ လွမ်းခွေပြော့ ညှိုးမှိုင်

လွမ်းငွေဖေါ့ တိုးလှိုင်တယ် လွမ်းအိုးဒိုင် ပေါက်ကွဲ

လွမ်းတဖေ့ လွမ်း၍နေတယ် လွမ်းလေ့လေ လွမ်းရအမြဲ။

လွမ်းတတ လွမ်းရရှာ လွမ်းကသာ လွန်ကဲ

လွမ်းကြွကာ ချွန်သဲ၍ လွမ်းစွန်ပွဲ ပြိုင်ကာ

လွမ်းညှိုးပွေ လွမ်းဝေလျက်* လွမ်းခွေလျက် လွမ်းရခါခါ။

လွမ်းတွက်ကြောင့် လွမ်းခက်ဖြာတယ် လွမ်းစက်ပါပျော်ဘဲမို့

လွမ်းသော်လဲ လွမ်းပြေပေါင် လွမ်းစတွေထောင်။

လွမ်းမီးက လွမ်းပြီးလောင်တယ် လွမ်းသည်းခေါင် ကျွမ်းလှပေါ့လေး။

* လွမ်းဝေလျက် - လွမ်းခွေလျက် - ကို - လွမ်းဝေပွက် - လွမ်းခွေလျက် ဟုစပ်က - ၀ဂ်နင်းလွတ်သည် ။

(ဓမ္မစရိယ ဦးထွန်းရွှေ ရေးသားပြုစုသော ကျမ်းမှ ကောက်နုတ်ဖေါ်ပြပါသည်) နှစ်ထပ်ကျော့ စကြာတေးထပ်ဟု ဖေါ်ပြထားသည်။

ရေးသားဟန် စကြာပုံနှုင့်တကွ ဖေါ်ပြချင်သော်လည်း ပုံတင်ရန် ခက်ခဲနေ၍ မတင်လိုက်ခြင်းပါ။

ကျွန်မရဲ့ ထာဝရ မောင်

မောင့်အတွက် ထုံမွှမ်းခြင်းတွေအပြည့်

ချစ်ခြင်းတွေ အထပ်ထပ်ကို ပေးအပ်လို့

ဘ၀ရဲ့ မျက်နှာစာကြားမှာပဲ ပုံအပ်

မောင့်အတွက် ခွန်အားတစ်ဖက်ကို

ထာဝရ ဆောင်ကျဉ်းပေးမယ် .... မောင် ..

မောင်နဲ့ဝေးနေရခိုက် အသည်းလှိုက်ဖိုတိုးတဲ့

ဒီရင်ခုန်သံစည်းချက်မှာ

တစ်ချက်ကလေးမလပ်အောင် သတိရတာ

မောင့်တစ်ယောက်ထဲမို့

ဝေးနေရတဲ့ ချိန်ခါတွေတိုင်း

ကြိတ်မှိတ်လို့ မျိုသိပ်

တရိပ်ရိပ်နဲ့ တက်လာတဲ့စိတ်

မောင့်အနား အပြေးလေးလာချင်မိတယ် .. မောင် ..

ချိန်ခါတွေ ဖြတ်သန်း

ဘ၀လမ်းတွေ အတူတူလျှောက်လို့

နောင်အနာဂတ် တက်လှမ်းချီမဲ့ နှစ်ကိုယ်တူအချစ်

ခိုင်မြဲခြင်းတွေသာ ဖြစ်တည်မှာမို့

ခဏတာ ဝေးနေရတဲ့အဖြစ်တွေကြားမှာပဲ

မောင် ယဲ့ယဲ့လေး လွမ်းနေမလားပဲ ..။

အနာဂတ်

နေ့ရက်အစီအရီတွေကြားမှာပဲ ချစ်ခြင်းတွေသီတဲ့ကြိုး

အလှတစ်မျိုးလို့ ဆိုချင်ဆို .....

ဘ၀လောကဓံကြားက ပန်းတစ်ပွင့်

ဖူးငုံသစ်စ လန်းဆန်းလို့

အရှုံး

နှလုံးသားဒဏ်ရာတစ်ခုရဲ့ အတိမ်အနက်ကို

သီကုံးပန်းလို....

ရင်နှင့်မဆုံး အရှုံးတစ်ခုအဖြစ်

လွယ်ပြုံးနေရပေမယ့်

ရင်ဘတ်အထိမှာ

တငင်ဖက်တဲ့ လွမ်းစက်လက်ကို

အချစ်အမြတ်အတွက် စာရင်းချုပ်လိုက်တယ် ...