ကျွန်မရဲ့ ထာဝရ မောင်

မောင့်အတွက် ထုံမွှမ်းခြင်းတွေအပြည့်

ချစ်ခြင်းတွေ အထပ်ထပ်ကို ပေးအပ်လို့

ဘ၀ရဲ့ မျက်နှာစာကြားမှာပဲ ပုံအပ်

မောင့်အတွက် ခွန်အားတစ်ဖက်ကို

ထာဝရ ဆောင်ကျဉ်းပေးမယ် .... မောင် ..

မောင်နဲ့ဝေးနေရခိုက် အသည်းလှိုက်ဖိုတိုးတဲ့

ဒီရင်ခုန်သံစည်းချက်မှာ

တစ်ချက်ကလေးမလပ်အောင် သတိရတာ

မောင့်တစ်ယောက်ထဲမို့

ဝေးနေရတဲ့ ချိန်ခါတွေတိုင်း

ကြိတ်မှိတ်လို့ မျိုသိပ်

တရိပ်ရိပ်နဲ့ တက်လာတဲ့စိတ်

မောင့်အနား အပြေးလေးလာချင်မိတယ် .. မောင် ..

ချိန်ခါတွေ ဖြတ်သန်း

ဘ၀လမ်းတွေ အတူတူလျှောက်လို့

နောင်အနာဂတ် တက်လှမ်းချီမဲ့ နှစ်ကိုယ်တူအချစ်

ခိုင်မြဲခြင်းတွေသာ ဖြစ်တည်မှာမို့

ခဏတာ ဝေးနေရတဲ့အဖြစ်တွေကြားမှာပဲ

မောင် ယဲ့ယဲ့လေး လွမ်းနေမလားပဲ ..။

1 comments:

အဖြူရောင်နတ်သမီး said...

မိန်းခလေး တယောက်ယောက်က ရေးတဲ့ကဗျာပုံစံလေးပဲ..
အရုပ်ကလေး ရေးတာတော့မဖြစ်နိုင်ဘူး...
(ဘဝတော့ မပြောင်းသွားပါဘူးနော်)