နှလုံးလှပိုင်ရှင်နဲ့ ရက်စက်သူ

ကုန်လွန်ခဲ့တဲ့ နေ့ရက်အချို့မှာ အပြစ်တွေဝေးကွာလို့ အချစ်တွေနဲ့သာ မြူးနေတဲ့ ငါတို့နှစ်ယောက် နေ့ရက်တွေ ..ပျော်မြူးပါတယ် .. အဖေါ်ထူးတစ်ယောက်နဲ့ တွေ့ရသလိုပဲ .. ရိုးရိုးလေးနဲ့မင်းမူရာလေး အပြစ်ကင်းလို့ ရှင်းသန့်နေတယ် ..ငါဟာတစ်ကိုယ်ကောင်းဆန်သူလား .. လိုအပ်ချက်တစ်ခုကို ပုံအပ်တာ မင်းဆီမဟုတ်ခဲ့တာ နားလည်ပေးပါလို့ မတောင်းဆိုပါဘူး .. အဆိုးဆုံးခံစားချက်တွေနဲ့ မင်းနှလုံးသွေးကို စတေးခဲ့လို့ .. ငါ.. မင်းကိုတန်ဘိုးထားဆဲပါ .. မင်းဟာ မြင့်မြတ်တဲ့ မိန်းမတစ်ယောက်ဆိုတာ ငါသိနေလို့ ..။ အချစ်ဆိုတာ ခံစားစိတ်ကလေးထဲက မြူမှုန်လေးမျှသာ ဖြစ်ပေမယ့် ပြင်းပြနေတဲ့ သူတွေအဖို့တော့ ထုထည်ကြီးမားမှာပါ ..ခပ်ပြင်းပြင်း အရက်တစ်ခွက်ကို တရှိုက်မတ်မတ်နဲ့ ရူးမိုက်စွာသောက်သုံးမိတဲ့အခါ လည်မျိုမှာစီးဝင်ချိန်မှစလို့ ရှတတစီးမျောသွားတဲ့ င့ါအဖြစ်ကို မင်း .. စာနာနိုင်မလား ..။ဆန္ဒတွေဝေးကွာလို့ တစ်ခါပြန်မရတဲ့ ငါတို့နှစ်ယောက် ဇာတ်လမ်းဟာ တစ်ခန်းရပ်လို့ ဖြစ်ရပ်အမှန်တွေကို ကုန်လွန်စေခဲ့ပြီ ..ဝေးကွာခြင်းအဖြစ်မှာ ဆွေးရခြင်းခံစားမှုကို ရင်ဝယ်ပိုက်ထွေး မထားစေချင်ဘူး မိန်းကလေးရယ် ..ဘ၀တစ်ကွေ့မှာ ကြုံခဲ့လို့ ဆုံခဲ့ရပေမယ့် င့ါရဲ့ပေးဆပ်ခြင်းတွေက မင်းအပေါ် သက်ရောက်မှုမရှိခဲ့တာ င့ါရဲ့ တန်ဘိုးမရှိတဲ့ စိတ်ရိုင်းတစ်ခုကို မင်းရင်ထဲက ဆွဲနုတ်လိုက်ပါလို့ ပြောပါရစေ ..င့ါစိတ်မှာ တစ်ယောက်ယောက်ကို မြတ်နိုးနေမိတာ .. လွန်ဆန်မိတဲ့ မင်းတစ်ယောက်ကို တန်ဘိုးမဲ့ရာကျတဲ့ င့ါအဖြစ်ကိုလည်း မင်းစာနာ နားလည်ပေးပါ .. ကိုယ့်အပေါ် ပြည့်စုံအောင် မင်းဘက်က အမှားကင်းစွာ စောင့်ရှောက်ခဲ့ ကူညီခဲ့တဲ့ စေတနာအပြည့်ကို ငါသေဆုံးသွားချိန်အထိ တန်ဘိုးထားမှာပါ ..အရာရာကို အမြဲချင့်ချိန်တွေးတဲ့ ငါတစ်ယောက်ဟာ ဒီတစ်ကြိမ်မှာ နှလုံးသားခံစားချက်ကို ရှေ့တန်းတင်မိလိုက်တာ င့ါကိုအပြစ်မြင်စွာနဲ့ စိတ်နာမယ်ဆို နာလိုက်ပါတော့ .. နှလုံးလှပိုင်ရှင် မင်းတစ်ယောက်ဟာ မင်းနဲ့မထိုက်တန်တဲ့ အကျဉ်းသားတစ်ယောက် င့ါကို လူ့လောကအမြင်ကျယ်ကြီးထဲမှာ လျှောက်လှမ်းနေချင်တာကို မင်းလွှတ်ပေးလိုက်လို့ ငါဒုက္ခရောက်မယ်ဆိုလည်း ရောက်ပါစေတော့ .. မင်းဟာ မိန်းမမြတ်တစ်ယောက်အဖြစ် ဖြစ်တည်နေတဲ့ ဒီသံသရာမှာ ပျော်ရွှင်ငြိမ်းချမ်းတဲ့ ဘ၀လေးကို ဖြတ်သန်းရမှာပါ .. ငါလိုလူကတော့ လောကအလယ်မှာ ဘယ်ဝယ်ဘယ်စခန်းကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ တွေးတောနေရင်း .. ရင်ဘတ်ဟောင်းမှာ ငါကိုယ်တိုင်ထွင်းထားတဲ့ အနာကို ငါကိုယ်တိုင်ပဲ ကုစားရင်း အဝေးနေရာမှာ ဆွေးမနေပါနဲ့လို့ တောင်းဆုပြုရင်း ..ရက်စက်တတ်သူ င့ါအဖို့တော့ အချစ်ဆိုတာကို ခံစားလို့ထိနေဆဲပါ ..။

ရင်ခတ်သံ ၁၂

သူများတွေဆိုတတ်တဲ့ ပါးပြင်ကသနပ်ခါးနဲ့
လှပတတ်တဲ့ မျက်နှာကိုတော့
တကယ့်လက်တွေ့ မမြင်ဖူးပါဘူး ..
ဒါပေမဲ့ ...အမွှေးနံ့သာ ဘာမှမလိမ်းကျံပဲနဲ့
လှနေတဲ့မျက်နှာနဲ့ ကိုယ်သင်းရနံ့လေးကို
ခံစားရမိတဲ့ အချိန်တဒင်္ဂကိုတော့
သီချင်းတစ်ပုဒ် ကဗျာတစ်ပိုဒ်နဲ့
စာဖွဲ့လို့ လုံလောက်လိမ့်မယ်လို့တော့
ကျွန်တော် မထင်မိဘူး ....

ရင်ခတ်သံများ ၁၁

'မင်း'အိပ်ချင်တဲ့အခါ 'မင်း'ကို အိပ်ပျော်သွားစေချင်ပါတယ်..

အိပ်ပျော်သွားအောင်လည်း ကိုယ် 'မင်း' ကိုချော့သိပ်နေမှာပေါ့..

ဒါပေမဲ့, ' မင်း'အိပ်ပျော်သွားတဲ့အခါ ....

'မင်း'လှုပ်ရှားဟန်တွေ, စကားသံချိုတွေ ရပ်တန့်သွားတဲ့အခါ

ကိုယ် တစ်ယောက်ထဲ ကယောင်ချောက်ချား ဖြစ်ရတော့မယ်..

ကိုယ်တောင်းဆိုပါတယ်....'မင်း' အိပ်ပျော်သွားရင်တောင်

ယောင်ယမ်းပြီး ကိုယ့်ကို စကားတွေပြောနေပေးပါ...

ရင်ခတ်သံများ ၁၀

အရုပ်တစ်ရုပ်လို ကစားဖို့ အသုံးချခဲ့ရင်တောင် ကြည်ဖြူစွာနဲ့ခွင့်ပြုပေးမှာပါ

မချစ်ဘူးလို့ငြင်းခဲ့ရင်တောင် ကြည့်ချင်ရက်နဲ့ ခေါင်းငုံ့နေရတဲ့ဘဝ

ချစ်နေရက်နဲ့ ဟန်ဆောင်နေရတဲ့ဒုက္ခတွေလောက် ဆိုးမှာ မဟုတ်ပါဘူး ...

ဘ၀တစ်ခုလုံးရခဲ့တဲ့ နောင်တတွေထဲမှာ မင်းလေးနဲ့ ဆုံတွေ့ခွင့် ရခဲ့တဲ့နောင်တကို

အမုန်းဆုံးပဲ ...

ရင်ခတ်သံများ ၉

မျှော်နေရတာ မောနေပြီ ကောင်မလေး ...ရေ

တို့နှစ်ယောက်ရဲ့ဆုံနိုင်ခွင့်အတွက် အချိန်ဘယ်လောက်တောင်ယူရမှာလဲ..

မင်းလေးကို ကြည့်ခွင့်တောင် မရှိတော့ဘူးလား ...

ခံစားရတာတွေက ရင်နဲ့ မဆံတော့ဘူး ... ကြာလာရင် ...။

ရင်ခတ်သံများ ၈

တစ်ချို့စာအုပ်တွေမှာ ဖတ်ဖူးတယ်

ချစ်သူလက်ကို ကိုင်ထားတဲ့အချိန်က ကမ္ဘာတစ်ခြမ်းကို ပိုင်သလိုပဲတဲ့

ကိုယ်ရော ဘယ်တော့မှများ ကမ္ဘာတစ်ခြမ်းကို ပိုင်ဆိုင်ခွင့်ရမှာလဲ...

မင်းရဲ့အနားမှာ အနီးဆုံးနေရမဲ့ မူပိုင်ခွင့်ကို ရဖို့အတွက် ကိုယ့်ရဲ့နာကျင်မှုတွေ...

ထိန်းချုပ်မှုတွေ... တိတ်တဆိတ်ကြေကွဲခဲ့ရတာတွေ ...ဘယ်လောက်တောင်ပေးဆပ်ခဲ့ရမှာလဲ

တွေ့ချင်နေတဲ့ အတ္တစိတ်က လွှမ်းမိုးနေမိတော့တယ်...

ဖြစ်နိုင်ရင် ခဏလောက်ဖြစ်ဖြစ်ပေါ့ ..... ( ပြန်ခဲ့ပါဦး )

ရင်ခတ်သံများ ၇

ယုံကြည်ပါလို့ မတိုက်တွန်းပါဘူး

ဒါပေမဲ့ အခွင့်ရလို့ မင်း ရဲ့ဘေးနားမှာ နေခွင့်ရခဲ့ရင်

ကိုယ့်ရဲ့ အချစ်တွေကို အချိန်က သက်သေပြသွားမှာပါ...။

ရင်ခတ်သံများ ၆

ကိုယ့်အတွက်တော့ မင်းနဲ့ ဆုံနိုင်မဲ့အခွင့်အရေးဆိုတာ ယုံတမ်းပုံပြင်တစ်ပုဒ်လိုပါပဲ..

ကြိုးစားပိုင်ခွင့်လည်း မရှိခဲ့ဘူးလေ..ပိုင်ဆိုင်ခွင့်မရှိခဲ့ရင်တောင် ဖွင့်ဟ၀န်ခံခွင့်တော့ရချင်တယ်

လှောင်ချင်လည်းလှောင်ပါစေတော့ ... မြတ်မြတ်နိုးနိုးနဲ့ ချစ်နေမိတယ်လို့ တစ်ခွန်းလောက်တော့ပြောပြချင်တယ်..

မင်းရဲ့အပြုံးတွေကိုသာယာမိသလို မင်းရဲ့စကားသံတွေမှာ နစ်မျောနေချင်မိတော့တယ်
ခွင့်ပြုမယ်ဆိုရင်ပေါ့ ...

ရင်ခတ်သံများ ၅

မျှော်နေမယ်ဆိုတာ မသိဟန်ဆောင်နေတာလား တစ်ကယ်ပဲ မသိခဲ့တာလားကွာ
ဘာမှမဆိုင်သေးတဲ့လူတစ်ယောက်အတွက် ဒီလိုစဉ်းစားမိတာ အတ္တများကြီးနေပြီလားဆိုတာတွေလဲမတွေးတတ်တော့ပါဘူး..
အခုလတ်တလောနေရတဲ့ ကိုယ့်အတွက်တော့ အချစ်ဆိုတာ ၀မ်းသာစရာလား ဒါမှမဟုတ် ၀မ်းနည်းစရာလားဆိုတာတွေလည်း မတွေးတတ်တော့ပါဘူး...

ရင်ခတ်သံများ ၎

အရာရာအတွက် မျှော်လင့်ချက်တစ်ခုရှိမယ်ဆိုရင် မင်း ကိုမျှော်လင့်ချက်ထားရှိဆဲပါ..

တစ်ခဏတာမဟုတ်ပါဘူး .. ရင်ဘတ်ကြီးနဲ့ အပြည့်ခံစားပြီး မင်းကို သိပ်ချစ်ပါတယ်..

မင်းနဲ့တွေ့မှ နှလုံးသားအချစ်စိတ် ရုတ်တရက်ထခုန်တာဆိုပေမဲ့ တစ်ချိန်တစ်ခါက
အချစ်ဆိုတာ ၀ါးတားတားလေး တွေ့ဖူးခဲ့ပါတယ်..

ရင်ခတ်သံများ ၃

မှောင်မည်းနေတဲ့ ညမှာ ကြယ်လေးတွေ တိမ်တွေအောက်မှာ ပုန်းနေလေရဲ့
မြင်နိုင်ခွင့်တွေရချင်တဲ့ကိုယ့်မှာတော့ အိပ်ပျက်ညတွေနဲ့သာ ကုန်လွန်စေခဲ့ပါပြီ ..


မင်း စကားသံတွေရပ်သွားတဲ့အခါ ဘေးနားမှာ ငြိမ်ငြိမ်လေး ရှိနေပေးပါ..

ရင်ခုန်သံရဲ့အတိမ်အနက်ကို အိပ်မက်လို မက်နေပြီလား မိန်းကလေးရေ..

ရင်ခတ်သံများ ၂

အိပ်မက်လေးတွေမက်တိုင်း မက်တဲ့အိပ်မက်လေးတွေ
လန့်နိုးပြီးပျောက်ကွယ်သွားမှာစိုးရိမ်မိတယ်..

အိပ်မက်မဟုတ်တော့မေ့ရခက်တယ်..
အာရုံမှာစွဲနေတာတွေကို အတွေးတွေနဲ့ပဲ ကျေနပ်နေရပြီ ကောင်မလေး .. ရေ..
ဒီဘ၀မှာ မင်းနဲ့ဆုံဆည်းခွင့်မရှိတော့ပေမဲ့လည်း မင်းစိတ်အစဉ်ထဲမှာ ငါ့ကိုတော့ ရှိနေပေးပါ..


ရင်ခတ်သံများ ၁

  • ခံစားတတ်သူတိုင်း မလွမ်းပါဘူး ... လွမ်းတတ်တဲ့ငါသာ ခံစားနေရတာပါ
  • ကောင်မလေး ...ရေ 'မင်း'နဲ့တွေ့ချင်လို့စောင့်နေရတဲ့ ငါ့အဖြစ်ဟာလေ
  • ညတစ်ညကိုဖြည့်စွမ်းပေးတဲ့ ကြယ်စင်လိုပါပဲ အချိန်တန်လို့ပျောက်ကွယ်သွားပြီး
  • နောက်တစ်ရက်မှာပေါ်လာဖို့အရေးကို မျှော်တွေးစောင့်နေမိပါတယ်