ပွင့်လွှာဖြူ

ပန်းမြိုင်လည်တွင် ဆင်းရနံ့သင်းပါလို့
ရှင်းသန့်ယဉ် ၀င့်ထည်ပန်းကိုမှ
လင်းဖန့်ချည်လို့ ဖူးပွင့်သီ ။

သဏ္ဍာန်ဆင်းတွင်ဖြင့် မြင့်မြတ်စဖွယ်ယဉ်လှ၍
မြင်ရသူ ဘ၀င်တွင်းမှာမှ
စံနမူ ပွဲလည်တင့်လို့ရယ်
ဝင့်လို့တာရှည် ။

လေနှင်ရာ သင်းရနံ့မှာပ
ဖြူပြာညို တိမ်စိုင်တွေက
ပြာလွင်လွင် နောက်ခံရှိတ်အောက်
မြူးသလို့ ဟန်ပန်ချီ ။

ဖြူစင်ဝယ် တစ်သက်ဘယ်ဝယ်မညှိုးပါလို့
ဝတ်မှုံဆံရယ် ၀ဲပိတုန်းကပ်တောင်မှ
သွေဖီရာ လေနှင်ကြော
ရပ်တန့်လို့ အစဉ် ။

ပွင့်ချပ်လွှာ ဆင့်တိုင်းသာလို့
ဆူးချက်မပါ မွှေးပျံ့ထုံလေတော့
တွယ်ဖက်စရာ ပန်းမာန်တောမှာမှ
မူမပျက်တဲ့ ပွင့်ခတ်အလွှာ ။


အဖြူရောင်နတ်သမီး ဘလော့ခ်တစ်နှစ်ပြည့်
အမှတ်တရ ရေးဖွဲ့လက်ဆောင်ပေးခဲ့သော ကဗျာအား ပြန်လည်တင်ပြခြင်းပါ...။

တန်ဘိုးမဲ့ .... ကျွန်

အချိန်မှန် တစ်ရက်မှာလှ
လွမ်းချင်းစံ အကျွန့်အဖြစ်ရယ်က
ချစ်မိသမျှကဗျာ့ဥာဏ်နဲ့ လွမ်းလို့ရေးခဲ့တယ် ...။

ခန္ဓာတွင်ဆွေးမှိုင်ငယ်နှင့်
ရာဇ၀င်ပုံရိပ်တိုင်းကိုငဲ့ အချစ်တိုင်းရယ်တဲ့ သခင့်ထံ ...။

ခမ်းခြောက်ပြီ ရင်ဝယ်နှလုံးသားကိုမှ
သခင်တော် ငြူစူသပြန်တော့
အကျွန့်စိတ်အစုံ ထခုန်ကြွရှာတဲ့
ဟောသည့်တစ်ရက် ရင်ခုန်သံ ...။

စိတ်ဆိုင်းငယ်မှုန် ရင်ခတ်လှိုင်းတ၀ုန်းဝုန်းနှင့်
သောကအစုံ ကံဇာဘွားကိုမှ
စုပုံထားနိမိတ်ဆီတို့က ပြုံကြသတဲ့လေ ...။

ဝဿန်မိုးစွေလို့ ညှိုးအားကြီးလေတော့
အကျွန်မှာမဟန် ရင်ဘတ်အစုံဆီက
ကွဲအက်လို့ လှုံ့ဆော်ခဲ့ပြီ ...။

ပင်ယံထက် စိမ်းညှို့ရွက်ဝေေ၀နှင့်
နေရာမှန် အကျွန့်ဘ၀ကိုမှ
အစိမ်းသက်သက်ခြွေ ...။

ဒီရာသီနဲ့ဆို

တဖြည်းဖြည်းနဲ့ နီးရမယ်ထင်ခဲ့တာ
ကြယ်စင်တွေတောင်အစုလိုက်သက်ဆင်းကြွေကျ
အဆိပ်သင့်သလို လွန့်လူးစွာနဲ့ ...

အက်ကွဲစပြုတဲ့
ဟောသည့် လည်ပြွန်ဝမှာတောင်
သခင့်နာမည်တွေက အပြိုင်အဆိုင်
ခေါင်းငုံ့နေရတာတွေ များလွန်းလို့တူပါရဲ့ ...

အဆုပ်လိုက်အဆုပ်လိုက်
ဖူးပွင့်ဝေတဲ့ ပန်းတွေတောင်မာန်လျှော့လို့ကြွေခရပြီ...

ဆက်ခနဲ မော့အကြည့်
ဖန်ဆင်းရှင်ရဲ့ပန်းတောမှာ
ဝတ်မှုံဆန်တွေ နေရာအနှံ့ပြန့်ကျဲ
အသားတကျ စုရုံးပွင့်ဖူးကျ...

တစ်ပွင့်ထဲသော..ပန်း
လန်းဆန်းလို့ ဝံ့ထည်နေတယ်
ဆုံနိုင်ခွင့်ဆိုတာ..
တစ်သက်တာ ငါ့ဘဝရဲ့ရောင်နီ
အလှပဆုံး သစ္စာတရားတွေနဲ့ ထုံမွှမ်းနေရင်း
တူနှစ်ကို တွဲလက်တွေမြဲမြံစေသား...

အယူခံဝင်ရမယ့်အချိန်မှာ
တယူသန်ဇွတ်တရွတ်တွေက
မင်းအလှမှာ မိန်းမောညွတ်ဆင်း
ကာရံတွေ
တစ်လွှာချင်း ... တစ်လွှာချင်း
ဦးစိုက်ခစား ...

နေရာဒေသတွေဝေးကွာနေတယ်
ဆွေးဝေဒနာတွေက
တစ်စ..တစ်စလှိုက်စား ..
ငါ့ရင်ဘတ်ဟင်းလင်းပြင်တစ်ခုလုံး
အမောစို့စို့နေတာ
ဒီရာသီနဲ့ဆို....

ချစ်သူ... မောင်

မောင် .....
အမည်နာမတစ်ခု ခေါ်ဆိုလိုက်တိုင်း
ကာရံတွေက အတိုင်းသားကြွေကျ ....
ရင့်ကျက်စပြုတဲ့ နှလုံးခုန်နှုန်းတွေတောင်
တစ်ချက်တစ်ချက် အသက်မဲ့မဲ့သွား....
မောင် .... သိပါလေစ ...။

မောင် ......
ဆုံခဲ့ရတဲ့ မျက်ဝန်းနက်တွေတိုင်း
နဂိုအဖက်တွယ်ခဲ့တဲ့ ရုပ်ကြွင်းတွေက ထထခုန်
ကမ္ဘာရဲ့ ဆွဲငင်အားလို ...
အလို ရမ္မက်တွေနဲ့ ကသောင်းကနင်းဖြစ်ချိန်
အကြည့်စူးတစ်ချက်ရဲ့ မိန်းမောစေတဲ့အဖြစ်တွေ
မောင်... သိပါလေစ ...။

ရွှန်းစိုနေတဲ့ မျက်ဝန်းတစ်စုံ
ကွန်းခိုနေဆဲ အရပ်က ... ကျမရင်ခုန်သံ
ခပ်တိုးတိုးလေးတော့ ကြားနေမလားပဲ ....
ကျမကိုက သိပ်ချစ်တတ်လွန်းခဲ့တာ ...
မောင် ... သိပါလေစ ...။

အနောက်ရိုးမမှာ နေကွယ်ပျောက်လို့
ရောင်နီရောက်လုပြီ .....
ကျမ ချစ်တာ မပြီးသေးဘူး ....
သတိလက်လွတ် အရာမ၀င်ခဲ့တဲ့ ပုံပြင်တွေက
အစိမ်းသက်သက် နိုးထစေခဲ့ ...
မောင် ... သိပါလေစ ...။

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
ကြားရုံနဲ့ နွေးထွေးစေတဲ့ ရင်အစုံ
မောင့်ရဲ့လိမ်ညာမှုတော့ မဟုတ်ခဲ့ဘူးနော် ....
မဖြစ်ပါရစေနဲ့ ...
စာနာလှည့်ပါ ... မောင်

အကြိမ်ကြိမ် ရူးသွပ်နေတဲ့ကြားက
ကြယ်စင်တွေရဲ့ ခွန်းတောက်အားလို
လန်းဖြာကျလာမဲ့နေ့ရက်
ကျမ စောင့်နေတယ် ...
မောင် ... သိပါလေစ ...။

အပိုအလို မရှိပါဘူး .
နဂိုကတည်းက ခပ်ရူးရူးကျမက
တစ်ချက် တစ်ချက်တော့ ချစ်တတ်သားဆိုတာ
မောင် ... သိပါလေစ ... ။ ။

ညီမ လိပ်ပြာလေး နဲ့ စကားစပ်မိရင်း နှစ်ယောက်သား ရေးသားထားတဲ့ ကဗျာလေးပါ ...။

ရင်ဝယ်ပိုက်ထွေး အချစ်သွေး

ရင်ခုန်သံတွေ ကျူးရင့်
ယိမ်းနွဲ့နေတဲ့ အနမ်းလေပြည်ကြားမှာ
မိန်းမောသွားစေတဲ့ခဏ
အရာရာကိုမေ့ပျောက်
စိတ်အနောက်လေးတွေ
ပြေပျောက်ခဲ့ဖူးပါတယ်...

“ ”အနား.....
တစ်ဖဝါးမှမခွာမိတဲ့ အချိန်လေးမှာ
ပေါင်းစည်းမှု သင်္ကေတတွေက
တုနှိုင်းမမှီတဲ့ ပန်းပုလက်ရာတစ်ခုလို
မက်လုံးတွေနဲ့ အသက်ဝင်တဲ့အချိန်....

လက်ယာရစ်မှာ
မခွဲခွာဘူးဆိုတာ
ထာဝရ...ယုံ...

အိပ်မက်တွေ ပျက်သုဉ်းမသွားဘူး
ကမ်းလင့် လှမ်းတဲ့လက်တွေ
အားအင်အပြည့်နဲ့...
မေ့မေ့ပျောက်ပျောက် ဖြစ်ဖို့ဆိုတာထက်
မေ့မရလို့ စွဲနေတဲ့အသိမှာ
ဘောင်ဝင်အောင် စကားလုံးတွေသွတ်သွင်း
ချစ်မိတဲ့ သံစဉ်တွေက
တေးသွားတွေကြား လွင့်ပျံမတက်...

နှုတ်မရတဲ့ဆူးအတွက်
နာကျဉ်တယ်ဆိုပေမယ့်
နှုတ်မရတဲ့ အချစ်ဆူးကို
ရင်ဝယ်ပိုက်လို့
ချစ်ငမိုက်ပဲဖြစ်ချင်တယ်...။

သူမအနားရှိချိန်

ဟော......ဟိုက ရှုခင်းလေး
တည်မြဲနေလိုက်တာ,
ငါ့စိတ်တွေကတော့ လှိုင်းခတ်နေလေရဲ့.....

ရုတ်ချည်းပြောင်းလဲသွားတဲ့ စိတ်မဟုတ်ဘူး...
အဟုတ်ကြီးတကယ်ကို
ချစ်တဲ့အချိန်တွေမှာပဲ,
ဆွံ့အ ဝေးလွင့်စေတဲ့အရာ....

အတတ်ဟော ပညာတွေနဲ့
အမှတ်အမှား မရှိတဲ့ ပညတ်ချက်တွေမှာပဲ...
အဓိပ္ပါယ်တွေအိုဟောင်း
ရုပ်လုံးကြွဖို့
အသံလှိုင်းတခုကို အရင်းတည်...
မာကျူရီ မီးရောင်အောက်မှာပဲ
သံစဉ်တွေက မိတစ်ချက်
မမိတစ်ချက်...

အဲဒီအချိန်လေးပေါ့....
ဆက်သွယ်မှုတွေ ပြတ်တောက်စေတာ...။

လူလတ်တန်းစားနဲ့ ဒေါ်လာ

ဒီလိုပါပဲ......
အတိတ်သမိုင်းတွေက မရိုင်းခဲ့ဘူး ......
ခဲရာခဲဆစ် အက္ခရာကိုလည်း ကမ္ဗည်းမထိုးခဲ့ဘူး ....
သိုသိုသိပ်သိပ်နေတဲ့ ဖြစ်စဉ်မှာပဲ
နှလုံးသားက ထထခုန်တာ ... သူမမှ မသိခဲ့တာ ..

အိပ်စက်ဖို့တောင် အခွင့်မရခဲ့
လုပ်ကြံဖန်တီး ဇာတ်ထုပ်မှာ အနာတရဖြစ်ခဲ့ပေမယ့်
မင်းကိုယ်တိုင်ကတဲ့ပွဲ .... ငါလေ ကြည့်ချင်သား ....

နိမိတ်ရိုင်းလား ...... အတိတ်သမိုင်းလား .....
သေချာတဲ့ နာမ်ရုပ်က အဆိပ်ကို မှိုင်းဝေစေခဲ့တာ ....

ဒေါ်လာစားနဲ့ အလုပ်သမား....
မြန်မာငွေ အခစားတဲ့ လူလတ်တန်းစားက
နိမိတ်တိုင်းကို အဆင့်တိုင်း သတ်မှတ်ခဲ့တာကအစ
အတိတ်သမိုင်းက လူတွင်ကျယ်ဟစ်..
တဒင်္ဂလေးတော့ ပျော်တော်ဆက်ရတာ
အဆိပ်ကိုက လူးလွန့်စေတဲ့အရာ ...

ဒေသန္တရ ကို မသွားဘူး ..
ကာလဒေသကိုပဲ အညှိုး ဖက်တွယ်ခဲ့ .....
ကာလာ အနုအရင့်ကြားမှာပဲ နစ်မြောမဆုံးတဲ့ အမည်းစက်တွေ
လှည့်စားတာလား ... ရန်များတာလား ....
သေချာတဲ့ ခုနှစ် .... ၂၀၁၀ခုနှစ်
ဒေါ်လာတွေ လူလတ်တန်းစားဝင်တာ .....
အဲဒီနေ့ပေါ့ ...
ရှေးဟောင်းနှောင်းမီ ပြောခဲ့တာ ....
အဲဒီလူ .... ကိုသျှားညိုနဲ့ ...... ။

ကိုသျှားညို မွေးနေ့မှာ စကားပြောဖြစ်ရင်း အမှတ်တရ ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ ..။

ရုပ်ကြွင်းသက်သက်မဟုတ်တဲ့ .. ချစ်ခြင်း

နှုတ်တော်က ခွန်းသီစကားတွေလား
အလွမ်းပုရပိုဒ်တွေကပဲ နှစ်စေ့သွားတာလား..
ဆွေးလက်စမှာတော့ တစ်စစီပြန့်ကျဲ

“..”နဲ့ပတ်သက်သမျှ အလွမ်းတွေကလေ
သေမိန့်ချထားရသူရဲ့
ဆုတောင်းခြင်းမှာတမ်းများလို
တရစပ်မထွက်နိုင်အောင် တစ်စို့နေခဲ့.....

ဈေးကစားတဲ့ လှည့်ကွက်တခုလို
မျက်တောင်တခတ် လျှပ်တပြက်မှာပဲ
ယုံတမ်းစကားတွေ ပုံအောသလို
နှလုံးရုပ်ကြွင်းသက်သက်တော့
ဟုတ်မနေခဲ့ဘူး...

အင်္ကျင်္င်္ိ

အခုဆို ....
သူမက မီးအိမ်ရှင်
ညအမှောင်ထုတွေကြား ငြိမ်သက်စွာ.....
အလျားအနံ ဖြတ်ချိုးအရိပ်တွေထက်
အလင်းစုအားတွေက
စိတ်ဖေါက်နေတဲ့,
င့ါ ... ညအာရုံများစွာအတွက် ॥

အခုဆို ....
သူမက တာရာရှင်လမင်း
တောနက်နက်ထဲက ည၀တ်ရုံလွှာတွေကြား လဆမ်းစွာ .....
အလင်းဖျောက်လေးတွေအဖြစ်နဲ့
ေ၀၀ါးနေတဲ့,
င့ါ .. မျက်ဝန်းအစုံအတွက် ..။

အခုဆို ....
သူမက အိပ်မက်နတ်သမီး
ခပ်ဖွဖွ ခြေလှမ်းတွေနဲ့ ညင်သာတိုးတိတ် ......
စွန်းထင်းနေတဲ့,
င့ါ ... အိပ်မက်အအိုတွေအတွက် ॥

အခုဆို....
သူမက ဖန်ဆင်းရှင်
တည်ငြိမ်မှု စိတ်အလင်းဖန့်များစွာနဲ့ ရပ်တည် .....
စိတ်ကစဉ်ကလျားဖြစ်နေတဲ့,
င့ါ .. ရူးသွပ်မှုများစွာအတွက် ..။

လွန်လေပြီးသော ကြယ်ကြွေစိုင်တွေအတွက်
သစ်အိုပင်တွေ....
သွေ့လန့်မှုတွေ .....
အညတရ ပုံပြင်တွေ ....
သွေးစက်တန်းလန်းနဲ့ အမြီးနှံနေတဲ့ ဘ၀တွေ....
ဒုက္ခအတိ ပွင့်ဖူးဝေနေတာတွေ .....
ကဗျာ ရူးသွပ်နေတာတွေ ......
.....................တွေ
.........................တွေ ...... အတွက်
သက်တန့်ရောင်စုံနဲ့ ဖုံးအုပ်ပစ်လိုက်တဲ့ ...သခင် ။ ။

အခိုးအငွေ့

အတိတ်ကို အတိတ်မှာပဲထားခဲ့
အရိပ်က အလင်းဘာသာဗေဒနဲ့ ပေါင်းစပ်မှ ဖြစ်ထွန်းတာ ...
အဲဒါ နိမိတ်ဖြစ်မလာဘူး ...။

ပစ္စုပ္ပန်ကို ယခုရှုရှိုက်
လက်တွေ့က ခေါင်းငိုက်စိုက်နေတဲ့ အခြေအနေမှာပဲ
ရင်သပ်ရှုမော ..
အဲဒါ ရေတွက်မရဘူး ..။

အနာဂတ်ကို မှန်းဆကြည့်
စိုးရွံ့နေတဲ့ကြားက မှန်းဆမရတဲ့ ဆောင်ပုဒ်
ငါအလွတ်ကျက်မှတ်နေတာ ..
အဲဒါ ဖြေရှင်းမရဘူး ..။

နောက်ဆုံး .... ငါ့ကိုယ်ငါ ရိုက်ခွဲ ..
တစ်စစီပြန့်ကျဲ ....
ပြန်ဆက်မရတဲ့ အခြေအနေမှာပဲ
မီးခိုးငွေ့တွေ အုံ့ဆိုင်းလာတယ် ..
င့ါဈာပန အခမ်းအနား...... အဆုံးသတ်တော့မယ် ။ ။

ကဗျာငိုတဲ့ ..ည



၁၅.၀၆.၂၀၁၀.....
အမှတ်တရ နေ့လေးဖြစ်ခဲ့တယ်...
တရက်ထဲ တချိန်ထဲမှာ လူ(၂)ယောက်
အသဲကွဲခဲ့တယ်...

အသည်းကွဲတဲ့နေ့မှာပဲ
အလွမ်းတွေက ယိုဖိတ်သေဆုံး
နှလုံးသားတွေရဲ့ လောင်မြိုက်မှုက
ယုံတမ်းပုံပြင်လိုလွင့်ပါးသွားရ

ဒီလိုပါပဲ....
အတိတ်မဲ့တဲ့ညတွေမှာ
အနာဂတ်တွေက
သက်ပြင်းငွေ့ငွေ့လေးပင့်သက်ချ

အဲဒီညမှာပဲ
အတိတ်..အနာဂတ်..ပစ္စုပ္ပန်က တသားတည်း
ဖမ်းဆုပ်မရတဲ့ အလွမ်းတွေက
တစစီခြွေချ

နှလုံးသားလှလှတွေ ကြွေလွင့်သွားချိန်
နေရာတွေ အသက်မဲ့သွားတယ်
အဲဒီညလေး တညမှာပါပဲ.....

ရင်ခုန်သံတွေထပ်တူကျ
အော်မြည်သံတွေတဝုန်းဝုန်းနဲ့
နှလုံးသားကမ်းတွေ
တအိအိနဲ့ပြိုဆင်းသွားတယ်....
ရွှေရောင်အငွေ့တွေလွင့်ပျံ
ရီဝေအတွေးတွေကြားမှာ
ကဗျာတပုဒ်အရည်ပျော်သွားတယ်

အဲဒီညလေးမှာပဲ
ခံစားချက်အတိတ်ကိုခဝါချ
ရှေ့ဆက်ရမယ့်အနာဂတ်
မနက်ဖြန်တွေမှာ
ရင်ခုန်သံ အသစ်..အသစ်တွေကိုရင်မှာပိုက်လို့

ရင်ခုန်သံ ထပ်တူကျတဲ့
ငါတို့အသဲကွဲသမားတွေရဲ့
ရင်ခုန်သံ အသစ်ညတွေအတွက်..

လွင့်ပါးသွားရတဲ့ဖြစ်စဉ်တွေ
သေခြာနေတဲ့မရေရာမှုတွေကြား
မှန်ပြောင်း(အဝေးကြည့်)တခုလို
အနီးလား...အဝေးလား
သေခြာတဲ့သရုပ်က
ငါ့အမြင်တွေဝေဝါးစေတယ်

အဲဒီသမိုင်းမှာပဲ
ငါဟာ....
ကောက်ကြောင်းဖြစ်ခဲ့ရ...

ဒီနေ့ဟာပြဿဒါး
သရုပ်ပြမှု အလွဲတွေထဲ
အသဲကွဲသူတွေကြောင့်
ဘေးလူတွေနှလုံးအိမ်မှာ
ဆွံ့အ အက်ကွဲသံတွေနဲ့
ဖြေသိမ့်စရာကဗျာဟာ
အဆုံးသတ်တွေမဲ့လို့ပေါ့....

အဆုံးသတ်တွေမလှတဲ့ည
တယောက်နှလုံးသား တယောက်နှစ်သိမ့်လို့
ရှောင်မရ တိမ်းမရနဲ့
ဒီညွှတ်ကွင်းထဲပြိုဆင်း
တဝဲလည်လည်နဲ့ပြန်ရောက်ခဲ့တယ်

အဲဒီရာစုလေးမှာပဲ
နှလုံးသားဗဟိုပြုတဲ့ညခင်းလေး
မောင်နှမတွေစုံကာစုတဲ့
ဟောသည်ည ရင်ခုန်သံ
သံစဉ်တွေက မတိမ်းမယိမ်း
သိုသိုသိပ်သိပ်ပါပဲ...

လွင့်ပါးခဲ့ရတဲ့ဖြစ်စဉ်တွေက
“အနှိုင်းမဲ့”....
ငါ....တခွက်သောက်ချလိုက်တယ်
ရီဝေယစ်မူးတဲ့ ယမကာအမူးမှာပဲ
တို့တတွေ...အားလုံးချစ်ကြတဲ့
အဲဒီ.....
၁၅.၀၆.၂၀၁၀...ည

အဖြူရောင်နတ်သမီးညလင်းအိမ်အရုပ်ကလေးမိုးငွေ့အနှိုင်းမဲ့


ကျွန်တော်တို့ ငါးယောက် တွေ့ဆုံဖြစ်တုန်းက အမှတ်တရ လက်တန်းချရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ။
မေတ္တာရပ်ခံချက်>>>ပို့စ်တင်ရန် အခက်အခဲဖြစ်နေပါသဖြင့် ကြိုတင်လိုက်ခြင်းပါ .. ပုံကိုလည်း တစ်ပုံရအောင် မနည်းတင်လိုက်ရတယ် .. connection ကောင်းတဲ့အခါ နောက်တစ်ပုံကျန်တာ ကြိုးစားပြီး တင်ပေးပါမည် ..

စေညွှန်ရာ

ကောင်းကင်ကိုမော့ကြည့်လိုက်တယ် ...
................
.......................
အမြဲတစေ ကပ်ပါလာတဲ့ ကျောပိုးအိတ်ထဲ
ဘ၀ကို ဒဏ်ခတ်ထားတဲ့
အပိုင်းအစတွေ ....

လှိုင်းကြက်ခွပ်တို့ တ၀ုန်းဝုန်းပြေးအရိုက်
လေထန်မိုးထန်ထဲ
ကမ်းပါးတွေ ကြွေမွလွင့်စဉ်....

အဆန်းတကြယ်မဟုတ်တဲ့
ဦးခေါင်းတစ်လုံး ....

တိတ်ဆိတ်ငြိမ်သက်ခြင်းမျိုး
ခပ်ရေးရေးမှမရှိတဲ့
အမဲလိုက်ညတွေ ...
ဆာဟာရတစ်ခုမှ
ကန္တာရအသွင် ပြောင်းလဲသွားကျ ....

ကောင်းကင်ကိုမော့ကြည့်နေတုန်းပဲ
မနက်ခင်း ရောင်နီလား ...
သဘာဝ ကကွက်ဆန်းတွေနဲ့
ရောက်ရောက်လာတတ်ကြတာ,
င့ါကိုယ်ငါတောင် မနိုင်မနင်း ထမ်းပိုးသယ်ရ ...

အချိန်တွေလင့်ကုန်ပြီ
တဝေါဝေါနဲ့ မိုးစက်တွေသွန်းဖြိုး
နှဖူးပေါ်လက်တင်ပြီး စိုစွတ်မှုကို ကာကွယ်လိုက်တာပါပဲ
လုံခြုံမှု မရှိတဲ့ ....ငါ့လက်ဖ၀ါးနှစ်ဖက်
ဘာမှကို အရာမရောက်ခဲ့တာ သိလိုက်ချိန်
.................
......................
ငါလေ ..... ခပ်ရှိန်းရှိန်းအဖျားတွေ တက်သထက် တက်လာပြီ ...။ ။

ဖြေဆေးတစ်ခွက်

သတိရတယ် .....
အစားထိုး ဖြေဖျောက်ဖို့ပဲ တွေးတွေးနေရတာ..
ဘာတစ်ခုမှ ထွက်မလာခဲ့ဘူး

တစ်ခါပြန် မြူးရအောင်လည်း
ကျွန်တော့် ......... , အနားမှာ ရှိမနေခဲ့ဘူး ...
စိတ်အရူးရူး အထွေထွေကြားမှာပဲ
ကြိတ်ကြိတ် လူးလွင့်နေရတာတွေ များနေပြီ

အတိုင်းအဆမဲ့တဲ့ နှလုံးသားကို
ကန့်သတ်ချက် ပေးခဲ့တာလည်း ... သူမ
ယှက်ဖြာနေတဲ့ အလင်းတန်းတစ်စုံအဖြစ်
သူမပဲ လင်းချင်းခွင့်တွေ ပေးခဲ့
မှောင်ရီပျိုးစ ညတွေမှာတောင်
လမ်းမလျှောက်ဝံ့ခဲ့ဘူး ...

တစ်ခါတစ်ခါ ဆက်ဆက်ရွာနေတဲ့ မိုးလေပြည်မှာ
စိုစွတ်မှုတွေက နေ့စဉ်ရက်ဆက်....
အသည်းအသန်ကို လွမ်းနေရတာ
မိုးနတ်မင်းတောင် ရိပ်စားသွားခဲ့..

အမှောက်အမှားတော့ မဟုတ်ခဲ့ဘူး
တစ်ထောက်နားခဲ့ရတဲ့ အခြေအနေမှာပဲ
ရောက်ရောက်သွားတဲ့ အနမ်းညတွေဆီ .....

အပြာရောင် ခန်းဆီစတွေက တလွင့်လွင့်
နာဖျားသေဆုံးရတဲ့ ၀ိဥာဏ်တွေ အတုံးအရုန်း
သက်ရှိနာမ်ရုပ်မှာတောင် ..
မပီမပြင်နဲ့ အနေခက်နေတာ
သူမ ပုံရိပ်လွှာတွေက နေသားတကျလှုပ်ရှား ...

င့ါ အလွမ်းညတွေဆီ ... ကူးခတ်သွားတယ်
ကမ်းစပ်ကို ရောက်လုပြီ
အကြိမ်ကြိမ် ကြိုးစားခဲ့တာပဲ..
တစ်ကြိမ်တစ်ခါတောင် ကမ်းကပ်ခွင့်မရခဲ့တာ
လွမ်းချင်းပင်လယ်မှာပဲ ..
အလွမ်းမိုးတွေ ကျဲကျဲချ
ကျွန်တော့်ရာသီတွေ ပြောင်းပြန် အချိုးကျနေပြီ ...

အချိန်အကြာကြီး မပြောနဲ့
တစ်ရက်တစ်ရက် ကုန်လွန်တဲ့နေ့ရက်တွေတိုင်း
တစ်ချက် .. တစ်ချက်
အသက်မဲ့သွားသလို ခံစားရတာ...
နီးစပ်ခွင့် မရသေးတဲ့ နှလုံးသားတစ်စုံကို
နွမ်းနွမ်းပြီး တတဲ့စိတ်က.. ထုနဲ့ထေး

နှလုံးသား ရေးရာတွေကိုက မကောင်းခဲ့တာ
စိတ်ကူးသမျှတွေကလည်း လွင့်ပါးသွားရတဲ့အဖြစ်
လွတ်လွတ်ကျတတ်တဲ့ နှလုံးသားမြို့တော်ကို
သူမကပဲ မွန်းမံပြင်ဆင်ပေးခဲ့....

ဆောင်ယောင်ကျဉ်းတဲ့ မှောင်တပြအလင်းတွေထဲ
တစ်ယောက်ထဲတော့ ထားထားမခဲ့ပါနဲ့...

အဲဒီရောင်စဉ်ဖြာ အလင်းနောက်
လိုက်လိုက်နေခဲ့မိတာ ...
အပြစ်လို့ မဆိုသာပါဘူးနော် ....

ရှုံးနိမ့်ခြင်း သီအိုရီ လော့ခ်လေး ကျကျနေတာ
ကယ်သူမဲ့ တမ်းခြင်းတွေလိုပဲ ....
တစ်ခါတစ်ခါ ,
အနာတရတွေက ပြန့်ကျဲ
တစ်စပြီး တစ်စ လိုက်လိုက် ကောက်နေရင်း ....
ကိုယ့်ကိုယ်ကို သိမ်းထုတ်မိတဲ့ အဖြစ်တွေက
ရှုံးနိမ့်ခြင်းများစွာ ထဲမှာပဲ ....
တစ်ခါတစ်ခါကျတော့လည်း
အနာရင့်ရင့်လာလေ ဖြေဆေးတစ်ခွက်တော့ ...
တဒင်္ဂလေးဖြစ်ဖြစ် သောက်ခွင့်တော့ ရချင်သား ။ ။