အခိုးအငွေ့

အတိတ်ကို အတိတ်မှာပဲထားခဲ့
အရိပ်က အလင်းဘာသာဗေဒနဲ့ ပေါင်းစပ်မှ ဖြစ်ထွန်းတာ ...
အဲဒါ နိမိတ်ဖြစ်မလာဘူး ...။

ပစ္စုပ္ပန်ကို ယခုရှုရှိုက်
လက်တွေ့က ခေါင်းငိုက်စိုက်နေတဲ့ အခြေအနေမှာပဲ
ရင်သပ်ရှုမော ..
အဲဒါ ရေတွက်မရဘူး ..။

အနာဂတ်ကို မှန်းဆကြည့်
စိုးရွံ့နေတဲ့ကြားက မှန်းဆမရတဲ့ ဆောင်ပုဒ်
ငါအလွတ်ကျက်မှတ်နေတာ ..
အဲဒါ ဖြေရှင်းမရဘူး ..။

နောက်ဆုံး .... ငါ့ကိုယ်ငါ ရိုက်ခွဲ ..
တစ်စစီပြန့်ကျဲ ....
ပြန်ဆက်မရတဲ့ အခြေအနေမှာပဲ
မီးခိုးငွေ့တွေ အုံ့ဆိုင်းလာတယ် ..
င့ါဈာပန အခမ်းအနား...... အဆုံးသတ်တော့မယ် ။ ။

4 comments:

Cameron said...

အရုပ်မ ဒီတစ်ခါရေးတဲ့ ကဗျာလေးကို အကြိုဆုံးပဲ (တိုတိုလေးမို့...အဟိ)...။
စားလုံးတိုင်း စာကြောင်းတိုင်း အဓိပ္ပယ်ထိမိပြီး ခံစားချက်ကိုလဲ ထင်းခနဲပေါ်လွင်စေတယ် ခါတိုင်းလို ဝေ့မနေဘူး...။ ကောင်း၏...ကောင်း၏...။


ခင်မင်စွာဖြင့်
မိုးငွေ့

Anonymous said...

ဒီကဗျာလေး ငါကြိုက်တယ်..
အတိတ်ကိုလဲ မတွေးနဲ့
အနာဂတ်လဲ သိပ်မစဉ်းစားနဲ့
ပစ္စုပ္ပန်တည့်တည့်မှာပဲ နေ..
တခါတလေတော့လဲ နာကျင်ရတာပေါ့ဟာ..
ပျော်စရာတွေလဲ ရှိနေနိုင်တာပဲ..

Mhu Darye said...

မဟုတ်သေးဘူးထင်တယ်..း)

ဘာပဲဖြစ်ဖြစ် comment ၀င်ရေးသွားတယ်။

ညလင်းအိမ် said...

ကောင်းတယ် ကဗျာလေး ...

အတိတ်ဆိုတာ အိပ်မက်
ပစ္စုပ္ပန်ဆိုတာ ရလဒ်
အနာဂတ်ဆိုတာ မျှော်လင့်ချက်
ဒီလိုနဲ့ တရက် တရက်
မှိုတက်လာတဲ့ ဘ၀တွေ
ညှိုမှိုင်းလာလိုက်တာလေ ...

ခင်တဲ့
ညလင်းအိမ်