ဖြေဆေးတစ်ခွက်

သတိရတယ် .....
အစားထိုး ဖြေဖျောက်ဖို့ပဲ တွေးတွေးနေရတာ..
ဘာတစ်ခုမှ ထွက်မလာခဲ့ဘူး

တစ်ခါပြန် မြူးရအောင်လည်း
ကျွန်တော့် ......... , အနားမှာ ရှိမနေခဲ့ဘူး ...
စိတ်အရူးရူး အထွေထွေကြားမှာပဲ
ကြိတ်ကြိတ် လူးလွင့်နေရတာတွေ များနေပြီ

အတိုင်းအဆမဲ့တဲ့ နှလုံးသားကို
ကန့်သတ်ချက် ပေးခဲ့တာလည်း ... သူမ
ယှက်ဖြာနေတဲ့ အလင်းတန်းတစ်စုံအဖြစ်
သူမပဲ လင်းချင်းခွင့်တွေ ပေးခဲ့
မှောင်ရီပျိုးစ ညတွေမှာတောင်
လမ်းမလျှောက်ဝံ့ခဲ့ဘူး ...

တစ်ခါတစ်ခါ ဆက်ဆက်ရွာနေတဲ့ မိုးလေပြည်မှာ
စိုစွတ်မှုတွေက နေ့စဉ်ရက်ဆက်....
အသည်းအသန်ကို လွမ်းနေရတာ
မိုးနတ်မင်းတောင် ရိပ်စားသွားခဲ့..

အမှောက်အမှားတော့ မဟုတ်ခဲ့ဘူး
တစ်ထောက်နားခဲ့ရတဲ့ အခြေအနေမှာပဲ
ရောက်ရောက်သွားတဲ့ အနမ်းညတွေဆီ .....

အပြာရောင် ခန်းဆီစတွေက တလွင့်လွင့်
နာဖျားသေဆုံးရတဲ့ ၀ိဥာဏ်တွေ အတုံးအရုန်း
သက်ရှိနာမ်ရုပ်မှာတောင် ..
မပီမပြင်နဲ့ အနေခက်နေတာ
သူမ ပုံရိပ်လွှာတွေက နေသားတကျလှုပ်ရှား ...

င့ါ အလွမ်းညတွေဆီ ... ကူးခတ်သွားတယ်
ကမ်းစပ်ကို ရောက်လုပြီ
အကြိမ်ကြိမ် ကြိုးစားခဲ့တာပဲ..
တစ်ကြိမ်တစ်ခါတောင် ကမ်းကပ်ခွင့်မရခဲ့တာ
လွမ်းချင်းပင်လယ်မှာပဲ ..
အလွမ်းမိုးတွေ ကျဲကျဲချ
ကျွန်တော့်ရာသီတွေ ပြောင်းပြန် အချိုးကျနေပြီ ...

အချိန်အကြာကြီး မပြောနဲ့
တစ်ရက်တစ်ရက် ကုန်လွန်တဲ့နေ့ရက်တွေတိုင်း
တစ်ချက် .. တစ်ချက်
အသက်မဲ့သွားသလို ခံစားရတာ...
နီးစပ်ခွင့် မရသေးတဲ့ နှလုံးသားတစ်စုံကို
နွမ်းနွမ်းပြီး တတဲ့စိတ်က.. ထုနဲ့ထေး

နှလုံးသား ရေးရာတွေကိုက မကောင်းခဲ့တာ
စိတ်ကူးသမျှတွေကလည်း လွင့်ပါးသွားရတဲ့အဖြစ်
လွတ်လွတ်ကျတတ်တဲ့ နှလုံးသားမြို့တော်ကို
သူမကပဲ မွန်းမံပြင်ဆင်ပေးခဲ့....

ဆောင်ယောင်ကျဉ်းတဲ့ မှောင်တပြအလင်းတွေထဲ
တစ်ယောက်ထဲတော့ ထားထားမခဲ့ပါနဲ့...

အဲဒီရောင်စဉ်ဖြာ အလင်းနောက်
လိုက်လိုက်နေခဲ့မိတာ ...
အပြစ်လို့ မဆိုသာပါဘူးနော် ....

ရှုံးနိမ့်ခြင်း သီအိုရီ လော့ခ်လေး ကျကျနေတာ
ကယ်သူမဲ့ တမ်းခြင်းတွေလိုပဲ ....
တစ်ခါတစ်ခါ ,
အနာတရတွေက ပြန့်ကျဲ
တစ်စပြီး တစ်စ လိုက်လိုက် ကောက်နေရင်း ....
ကိုယ့်ကိုယ်ကို သိမ်းထုတ်မိတဲ့ အဖြစ်တွေက
ရှုံးနိမ့်ခြင်းများစွာ ထဲမှာပဲ ....
တစ်ခါတစ်ခါကျတော့လည်း
အနာရင့်ရင့်လာလေ ဖြေဆေးတစ်ခွက်တော့ ...
တဒင်္ဂလေးဖြစ်ဖြစ် သောက်ခွင့်တော့ ရချင်သား ။ ။

12 comments:

Mhu Darye said...

......................
ဆက်ဆက်ရွာနေတဲ့ မိုးလေပြည်မှာ
စိုစွတ်မှုတွေက နေ့စဉ်ရက်ဆက်....
သတိရတယ် .....အချိန်အကြာကြီး မပြောချင်နဲ့

အပြာရောင် ခန်းဆီစတွေက တလွင့်လွင့်
နာဖျားသေဆုံးရတဲ့ ၀ိဥာဏ်တွေ အတုံးအရုန်း
သူမ ပုံရိပ်လွှာတွေက နေသားတကျလှုပ်ရှား ...
အလွမ်းညတွေဆီ ... ကူးခတ်သွားတယ်
မင့်ရာသီတွေ ပြောင်းပြန် အချိုးကျရပြီ


နီးစပ်ခွင့် မရသေးတဲ့ နှလုံးသားတစ်စုံကို
နွမ်းနွမ်းပြီး တတဲ့စိတ်က.. ထုနဲ့ထေး၊

ဆောင်ယောင်ကျဉ်းတဲ့ မှောင်တပြအလင်းတွေထဲ
ကယ်သူမဲ့ တမ်းခြင်းတွေလိုပဲ ....
ကိုယ့်ကိုယ်ကို သိမ်းထုတ်မိတဲ့ အဖြစ်တွေက
ရှုံးနိမ့်ခြင်းများစွာ ထဲမှာပဲ ...

တခါတခါတော့
ဖြေဆေးလေးကို ငါလည်း မင်းလိုတောင့်တတယ်။

zue said...

ဖြေဆေးတော့ ရမှာပါ.. အကိုရဲ့ ...

"သတိရတယ် .....
အစားထိုး ဖြေဖျောက်ဖို့ပဲ တွေးတွေးနေရတာ..
ဘာတစ်ခုမှ ထွက်မလာခဲ့ဘူး"

ကဗျာလေးကောင်းတယ် အကို...

Mhu Darye said...
This comment has been removed by the author.
s said...

အစ်ကိုရေ အရမ်းကောင်းတဲ့ကဗျာလေးပါ။ စာလုံးလေးတွေလည်းလှတယ် ပထမအပိုဒ်နဲ့ (၇)ပိုဒ်နဲ့ ၈ပိုဒ် ကို တော့ ပိုကြိုက်မိတယ် စာလုံးအသုံးအနှုန်းလေးတွေအရမ်းလှတယ်။

အရုပ်ကလေး said...

အားးးးးးးးးးးးးးးးးး

Mhu Darye said...

......................
ဆက်ဆက်ရွာနေတဲ့ မိုးလေပြည်မှာ
စိုစွတ်မှုတွေက နေ့စဉ်ရက်ဆက်၊
သတိရတယ်.....အချိန်အကြာကြီး မပြောနဲ့


အပြာရောင် ခန်းဆီစတွေက တလွင့်လွင့်
နာဖျားသေဆုံးရတဲ့ ၀ိဥာဏ်တွေ အတုံးအရုန်း
ဆောင်ယောင်ကျဉ်းတဲ့ မှောင်တပြအလင်းတွေထဲ
သူမ ပုံရိပ်လွှာတွေက နေသားတကျလှုပ်ရှား ...
တစ်ရက်တစ်ရက် ကုန်လွန်တဲ့နေ့ရက်များမှာ...
ကျွန်တော့်ရာသီတွေ ပြောင်းပြန် အချိုးကျပြီ


နီးစပ်ခွင့် မရသေးတဲ့ နှလုံးသားတစ်စုံကို
နွမ်းနွမ်းပြီး တတဲ့စိတ်က.. ထုနဲ့ထေး....................................

ကိုယ့်ကိုယ်ကို သိမ်းထုတ်မိတဲ့ အဖြစ်တွေက
ရှုံးနိမ့်ခြင်းများစွာ ထဲ
တစ်ချက် .. တစ်ချက်ကျ
အလွမ်းညတွေဆီ ... ကူးခတ်သွားမယ်..။

Mhu

ညလင်းအိမ် said...

အမှောက်အမှားတော့ မဟုတ်ခဲ့ဘူး
တစ်ထောက်နားခဲ့ရတဲ့ အခြေအနေမှာပဲ
ရောက်ရောက်သွားတဲ့ အနမ်းညတွေဆီ .....

မိုက်တယ်ဗျာ ရေးထားတာ အ၇မ်းကောင်းတယ် ...

အရုပ်အရုပ်
တရှုပ်ရှုပ်တော့ မငိုပါနဲ့
အလွမ်းညဆိုတာ
တမ်းတနေတာပါ
လှမ်းထစရာ အိပ်မက်ဆိုတာလည်း
အရက်ခါးခါးလို
ပြတ်သားလှပါပေတယ်
ဆက်သွားစရာ လမ်းဆုံးမှတော့
တချက်မှားမိတဲ့ ဆန္ဒတွေ
တဘ၀လုံးစာ နောင်တ မဟုတ်လောက်ပါဘူး ....

အဟီးဟီး ...
လျှာရှည်မိပြီ .. :P :P :P

Unknown said...

သြော်..နင့်မလဲအရုပ်ရယ်..
ဒီလောက်သောက်နေရတာကို.... :P
ဒီကဗျာကို ငါသိတယ်..ငါသိတယ်.. :Pfa

Cameron said...

အရုပ်မရယ်...ရှည်လိုက်တဲ့ကဗျာ...
နောက်ကဗျာတိုတိုလေးလည်းရေးစမ်းပါဦးဟ ဖတ်ရတာမောလွန်းလို့...။ စကားလုံးတွေတော့ အရမ်းလှတယ် သုံးထားတာတွေ..။

ခင်မင်စွာဖြင့်
မိုးငွေ့

Anonymous said...

နှလုံးသား ရေးရာတွေကိုက မကောင်းခဲ့တာ
စိတ်ကူးသမျှတွေကလည်း လွင့်ပါးသွားရတဲ့အဖြစ်...

ဒီလိုပါပဲ သူငယ်ချင်း
ဒီလိုနဲ့ပါပဲ.. အချိန်ဆိုတာ သမားတော်တဲ့
အချိန်ကပဲ ကုစားပေးသွားပါလိမ့်မယ် ..

အဖြူရောင်နတ်သမီး said...

....“င့ါ အလွမ်းညတွေဆီ ... ကူးခတ်သွားတယ်
ကမ်းစပ်ကို ရောက်လုပြီ
အကြိမ်ကြိမ် ကြိုးစားခဲ့တာပဲ..
တစ်ကြိမ်တစ်ခါတောင် ကမ်းကပ်ခွင့်မရခဲ့တာ
လွမ်းချင်းပင်လယ်မှာပဲ ..
အလွမ်းမိုးတွေ ကျဲကျဲချ
ကျွန်တော့်ရာသီတွေ ပြောင်းပြန် အချိုးကျနေပြီ ...

အချိန်အကြာကြီး မပြောနဲ့
တစ်ရက်တစ်ရက် ကုန်လွန်တဲ့နေ့ရက်တွေတိုင်း
တစ်ချက် .. တစ်ချက်
အသက်မဲ့သွားသလို ခံစားရတာ...”....



အဲဒီစာသားလေးတွေ အရမ်းလှတယ်...အရုပ်ရေ...
ကဗျာရှည်တွေ ဖတ်လေ့မရှိပေမယ့် အရုပ်ရေးတဲ့ကဗျာရှည်လေးကို သေသေခြာခြာဖတ်သွားတယ်နော်...
ရွှင်လန်းချမ်းမြေ့ပါစေကွယ်...

Angel Shaper said...

အစားထိုး ဖြေဖျောက်ဖို့ပဲ တွေးတွေးနေရတာ.. ဘာတစ်ခု ထွက်မလာခဲ့ဘူး...
ကြိုက်စ်တယ်.....

အတိုင်းအဆမဲ့ နှလုံးသားကို ကန့်သတ်ချက်ပေးခဲ့တာလည်း သူမ....

ရှုံးနိမ့်ခြင်း သီအိုရီ လော့ခ်လေး ကျကျနေတာ
ကယ်သူမဲ့ တမ်းခြင်းတွေလိုပဲ ....
တစ်ခါတစ်ခါ
အနာတရတွေက ပြန့်ကျဲ
တစ်စပြီး တစ်စ လိုက်လိုက် ကောက်နေရင်း ....
ကိုယ့်ကိုယ်ကို သိမ်းထုတ်မိတဲ့ အဖြစ်တွေက
ရှုံးနိမ့်ခြင်းများစွာ ထဲမှာပဲ ....
တစ်ခါတစ်ခါကျတော့လည်း
အနာရင့်ရင့်လာလေ ဖြေဆေးတစ်ခွက်တော့ ...
တဒင်္ဂလေးဖြစ်ဖြစ် သောက်ခွင့်တော့ ရချင်သား ။ ။

ရင်ဘတ်ချင်းတူသွားတယ်... ဘာမှ မပြောတော့ဘူး....