စာကြောင်းရေ ၅၂၉

ချစ်သူရဲ့ မျက်ဝန်း   အမြန်ချောစာအရောက်မှာ
င့ါနှလုံးသား ရာသီ
ဖေါက်ပြန်ရတော့တယ် ...
စိတ်ကူးနဲ့ ခိုးခိုး နမ်းဖူးတဲ့ပန်း
အလွမ်းတွေနဲ့
ခဏဏကြွေတာပဲ ...
ချစ်သူအပြုံးရဲ့
စားချက်ကလည်း ငါ့စာရွက်အိပ်မက်တွေကို
ဆုတ်ဖြဲသွားတာ အခါခါရှိပြီ ...
အချစ်ကို လက်ခမောင်းမခတ်ရဲလို့
ရင်ဘတ်ထဲ ထည့်ထားရတဲ့
ပင်လယ်တစ်စင်းကို
သတိရခြင်း သီချင်းတွေ
ဖွဲ့သီခဲ့တယ် ...
ခံစားမှု အထုံမကူးမီ
ကျေးဇူးပြုပြီး
အခုဖတ်နေတဲ့
ကဗျာလေးအတိုင်း ဆက်ပြီး
ပုံကြီးချဲ့ သရုပ်ဆောင်လိုက်ပါဦး ....။
                                                    (NWT)

အရိပ်ဘဝ

ရုပ်နာမ်တရားတွေ ကြားမှာပဲ
လောဘတွေ ရမ္မက်မပြေ ဖြစ်လို့ ...
လောဘတွေ မွှန်နေတဲ့ စိတ်မှာပဲ
သောကတွေ ဝေလို့ ...
အရာခပ်သိမ်းအတွက် အပယ်ချုပ်ငြိမ်းရာကို
မလူးဝံ့ မလွန့်သာခဲ့ဘူး ။

အခြေအနေတိုင်းအတွက်
စိတ်အခြေတွေ အပြိုင်းအရိုင်း ကျခဲ့ဖူးလည်း
မပြေလည်ရာ သမိုင်းက
ကျင်လည်ရာ ဘ၀လှိုင်းကို လှုပ်ခတ် ..
ရည်ရွယ်ရာ အနာဂတ်တိုင်းအတွက်
ဖြည်မဆည်နိုင် အရိပ်တိုင်းက ခြောက်လှန့်နေတယ် ..။

ဒီလိုနဲ့ ....
............................
......................................

သီအိုရီ

ကျွန်တော့်ရဲ့   သီအိုရီမလေးရေ ...
ကျွန်တော် မဟုတ်တဲ့ ကျွန်တော်က
ယုံကြည်မှု/မယုံကြည်မှု  ညီမျှခြင်းကျတဲ့ဘက်မှာ
နှစ်ထပ်ကိန်း ဂဏန်းကို ရှင်းချက် ထုတ်ထုတ်နေမိတတ်တယ် ..။

အပေါင်း အနုတ် အမြှောက် အစားတွေနဲ့
ခေါင်းကုတ်ခါလည်း တွေဝေဖူးတယ် ..။

ဖြေစရာမလိုတဲ့ ဥပမာ ပုစ္ဆာတစ်ပုဒ်ကိုလည်း
အတွင်တွင် အခါခါနဲ့ .......
...........................

ကျွန်တော့်ရဲ့ အတ္တဆန်ခြင်းက အများအမြင်လို မဟုတ်ခဲ့ပြန်ဘူး
မနက်ဖြန်ဖြေရမဲ့ မေးခွန်းတွေအတွက်
ဒီည ဂယက်ရိုက်တဲ့ စပေါ့လေး နည်းနည်း လိုက်မိတယ် ..။

ဒီလိုနဲ့ ......
.....................
ပုစ္ဆာတစ်ပုဒ်ကို နည်းမျိုးစုံနဲ့ တွက်တတ်ခဲ့တဲ့ ကျွန်တော်
အတွေးများစွာကြား အဖြေပေါ်စေတဲ့ သီအိုရီ
လိုလိုလားလားလေးနဲ့ အမှတ်ရစေတယ် / မှတ်ခဲ့တယ် ...
ထာဝရ အတွက် ...........။            ။

                         1
                      (2)
                   1  +  1
               1               1
           1                        1
           M          =            F

အရာရာ .. မင်း

မင်းနဲ့ငါ
တလွဲတွေးတာ မဟုတ်ဘူး ... အတွေးလွဲနေကြတာ
အလိုက်တွေ လွဲနေတာ ... မဟုတ်ဘူး ... အလွဲတွေလိုက်နေကြတာ
ဒီလိုနဲ့ ဖွဲ့တည်ရာ တိမ်စိုင်တွေလည်း တရွေ့ရွေ့ ..

အချစ်တွေ တဖွားဖွားနဲ့ ... အပြစ်တွေလည်း များခဲ့သား
အတွေးကပွား ... အဆွေးကများတော့
အလွမ်းတံတိုင်းမှာ အပြိုင်းအရိုင်း ခံစားချက်တွေကို
အရိုင်းအစိုင်း လုပ်ရပ်တွေနဲ့ ချစ်ခဲ့တာ မဟုတ်ဘူး .....

ချစ်သူ ... အတွေးသမိုင်းမှာ
အဆိပ်မှိုင်းတွေ ရှိခဲ့တာတွေ မလိုလားလို့
အငိုများနေတဲ့ င့ါဘ၀ထက်
အပိုများစေတဲ့ အချစ်တွေနဲ့ ကုစားပေးပါရစေ..

ရေရာမှု

စိတ်အနယ်ထိုင်မှာ
ငေးငိုင်ကာ ငူကာဆွေး ..
အထူးသဖြင့်လေ အရူးရင့်လေလို့
အလွမ်းမိုးစွေ လွမ်းတန်ခိုးလည်း ဝေခဲ့ပေါ့ ..

စိတ်စေရာ ကြွေလွင့်မှုသမိုင်း 
မနက်ခြေရာ သူ့အဆင့်တိုင်းမှာ 
အခက်ဝေစွာ ချစ်ခဲ့ခြင်းဖြင့် 
အသက်ကြွေရာ ခန္ဓာငြိမ်းတောင် 
ရမ္မက်မပြေစွာ ချစ်ခြင်း 
ဘ၀အတွက် ရေရာချစ်ခြင်း....

သိစိတ် မသိစိတ်ကြား ဖြစ်တည်ခြင်း

ငါလည်း အသွေး အသားနဲ့ပါ

အဓိပ္ပါယ်က အိုဟောင်းမသွားဘူး

အဆိုးရွားဆုံးတွေနဲ့ အနိုးကြားဆုံး ချစ်ခဲ့တယ် ..

ဝိုးတ၀ါးနဲ့ ချစ်ခဲ့တာ မဟုတ်သလို

လိုလိုလားလားနဲ့ တောင်းဆိုခဲ့တာ သိခဲ့တယ်ဆိုရင်ဖြင့်

မင်း အသွေးအသားတွေအတွက် ငါတန်ဘိုးထားဆဲ/ ထာဝရအတွက်ဆိုတာ

ချစ်သူ သိလှည့်ပါ/မြင်လှည့်ပါ ..။

လောကဓံဖြစ်စဉ်ကြား ...အမေ့အတွက် အရွေးမမှားတဲ့

အတိတ်က သမိုင်းအတွက် .. ပစ္စုပ္ပန်အရိုင်းအစိုင်းတွေကို ပုံအောစေခဲ့တာ ..

အတွေ့အထိမှာ စွေကြည့်လို့တောင်မရခဲ့ဘူး ....၊

အရိပ်က အရိပ်လို့ နာမ မည်တယ် ..

နေပျောက်မထိုးတဲ့ ဘ၀မှာ

အသေအပျောက် များခဲ့တဲ့ နာဂစ်ကိုတော့ ကြောက်ရွံ့မိသား ..၊

ဦးနှောက်အသိတိုင်းအတွက် ရင်ဘတ်က အန်ဖတ်တိုင်းကို

အရိပ်မဲ့ တစ္ဆေရိုင်းဖြစ်အောင် ကြိုးစားခဲ့ရတာ ...

ဘ၀ရယ် နေမြဲဘ၀ကို မလိုချင်လို့

အခြေမြဲအောင် အနက်ရှိုင်းဆုံး အုတ်မြစ်ချကာမှ

အတုအယောင်တွေကို လက်ဝယ်ပိုက်ထွေးမိရက်သား ....၊

ကိုယ်ပိုင်မဟုတ် ... သူ့အလုပ်

ယုတ်စွအဆုံး ပျက်လုံးတောင် မထွင်ခဲ့တာမို့

ကိုယ့်ဘ၀ ကိုယ့်သမိုင်းက .. ဒီအဆင့်လား ...။

မဟုတ်ခဲ့ပါဘူး ..

အမေလို့ တကြော်ကြော် ဟစ်ကြွေးတဲ့အချိန် ..... အမေက အဝေးမှာ

အမေနဲ့ မဝေးချင်တဲ့ ဒီသား ..ကျွန်တော်

ဗျာပါများနေရတာ ...

ဒီကြားထဲ အချစ်ရမ္မက်က အဆိပ်တက် ..

ပြာဝေလာတဲ့ အမြင်အာရုံမှာတောင် မျက်ကြည်လွှာအဖြစ်မျိုး .... ယူသုံးခဲ့ရသူမျိုး .....

အယူသီးတာတဲ့ .. အပူမီးတွေ

ပြာယာခတ်တဲ့ လူတွေကြား ...

ပုထုဇဉ် ပါဝင်တအားမို့ ...................ကျွန်တော် ဆုံးဖြတ်လိုက်တယ်။

ပုရိသ .. ယောက်ျားတွေထဲ

ထုထည်ကြီးမားတဲ့ မေတ္တာတွေနဲ့

အရိပ်သုံးပါးထဲက သံယောဇဉ် အရိပ် ..၊

ခိုနားမိခဲ့သူပါ ..

ရည်ရွယ်ရာ ရည်ရွယ်ကြောင်း

အိပ်မက်ကို တစေ့တစောင်း လေ့လာနေဆဲပါ ....

ချစ်သူရယ် .. အပြစ်မယူတတ်တဲ့ စိတ်ကိုပဲကြည့် /အကြည့် တဝေေ၀နဲ့

အပြစ်တွေ စီရီခဲ့တာ မဟုတ်ခဲ့ဘူး ..။

ဝေဒနာအိမ်ကို ချေပါတယ် ..

အချိန်ဆိုတာ င့ါအတွက် စက္ကန့်မလပ် သတ်မှတ်ထားသူမို့

မင်းအတွက် ကန့်သတ်ချက် မဲ့နေတာလား ../ င့ါအတွက် ပိုမို ဖြစ်ထွန်းစေတာလား

အလုပ်နဲ့ အချစ်တဲ့ ..

ချစ်တာကို မလုပ်ယူခဲ့တာမို့

အပြစ်ခံကာ ငုပ်ယူနေရသူပါ ..။

လုပ်ယူမရတဲ့ အချစ်ကို အဟုတ်ယူငင် ရင်ရော ..

မယူပဲ လာချစ်တဲ့ အချစ်ကို အပြုတ်နှံခဲ့မယ်ဆိုရင်ရော ....

အေးအတူ ပူအမျှ စကား ..

င့ါအတွက် ခွန်အားဖက်စေမယ် ဆိုရင်ရော

မေးခွန်းပေါင်း များစွာ ...... င့ါကိုယ်ငါပြန်မေးမိလိုက်တယ် .........................

....................

......................??????????????????????

အလုပ်ဆိုတာ ?

အချစ်ဆိုတာ ?

အိမ်ထောင်ဖက် ဆိုတာ ?

................

............................... ဆိုတာတွေ ကြားထဲ

မြင့်မြတ်တဲ့ စိတ်ကို ကိန်းအောင်း

အချစ်ဖက်တဲ့ သစ္စာတရားကို အလေးထားရင်း

သူမကို သိပ်ချစ် ....

င့ါအဖြစ်က အမေ့ထံပါး မင်းတစ်ယောက်ကို အပ်နှင်းပါရစေ ...........

Ps .. အမေနဲ့သား တစ်ထပ်တည်းမို့ ..။(အရာအားလုံးတော့ မဟုတ် ..၊ ဖြစ်နိုင်တဲ့ ဖြစ်စဉ်တစ်ခုအတွက်)

ဖေးကာကူပါ အချစ်သာ နုစွာ

ချစ်တာတွေက နောက်.....

အပြစ်မယူစွာ တောက်လျှောက်ပြောခဲ့လည်း ...

အညိုအညင်တွေနဲ့ ငိုနေတာလည်း မင်းပဲ ..။

အပိုအလိုတွေနဲ့ ချောမြူကာ ကိုယ်အမြဲပဲ..

သည်မျှ သည်နောက်....

ချစ်တာက အဆိပ်တောက် ဖြစ်စေသလားပဲ ..။

သူ့အလိုကျ မနောပိုပြ

တစ်ခုအလိုမကျ အပြောငိုရခက်တာလည်း ကိုယ်ပဲ ၊

အတွေးအယူအရ ဖေးကူကာလည်း ချစ်စမြဲ

ဘေးလူက ငေးယူရ ကိုယ့်အဖြစ်ကလည်း ငိုင်ဆဲပဲ ..။

င့ါအဖြစ်က ဖေးကူမှ ဆွေးအပူကျွတ်စွနဲ့

နိမိတ်အယူအရ ကြိတ်ကာလည်း ဆုတောင်းမြဲ ..။

လွဲမှားနေတဲ့ လူ့ဘောင်မှာ

အတုအယောင်ဆိုတာလည်း ဖြစ်စမြဲမို့

ခွဲခြားမရတဲ့ ဖြစ်စဉ်က အလွဲအမှားတွေလည်း ဖြစ်တတ်တာပဲ။

ညစဉ်ညတိုင်း အလွမ်းသင့်ရာ ပန်ချီတံတိုင်းမှာ

မှီတည်ရာ အိပ်စက်ဖို့

သူ့အသွင် သူ့ဖြစ်အင်ကို

င့ါရင်ခွင် င့ါစိတ်ဘ၀င်မှာ ခိုဝင်အိပ်စက်စို့ ။

ပစ္စုပ္ပန် အဓိကအတွက်

အရာခပ်သိမ်းအတွက် အဆိပ်တွေသုတ်လိမ်းပြီး ကိုယ့်ကိုယ်ကို နေခဲ့တယ်..

လွဲမှားနေတဲ့ အတိတ်အရိုင်းတွေကို ပစ္စုပ္ပန် မှိုင်းတွေနဲ့ အခိုးပွင့်စေခဲ့ပြန်တယ်..

သူမ မသိခဲ့တာလား .. မသိဟန်ဆောင်နေခဲ့တာလား ။

အချစ်ရယ်လို ခုန်မင်တတ်စကတည်းက အပြစ်တွေလည်း မသိခဲ့ဘူး ...

အချစ် အရူးထမိတဲ့အချိန်မှာပဲ အမှားအမှန်ကို ဆုံးဖြတ် ..

လူတွင်ကျယ် တတ်ယောင်ကန်းပဲ လုပ်ခဲ့တယ်လို့ ထင်မိနေသလား ။

လောဘအမြင်တွေကြားမှာပဲ

သောကတွေ ထမ်းပိုးရတဲ့ လူ့စိတ်မှာ

နဂိုအရိပ်တွေက ရှိသင့်တာထက် ပိုနေရင်/ ပိုနေခဲ့မယ်ဆိုရင်

ချစ်သူ ...

လူလားမြောက်တဲ့နေ့ကစ အမှားမကင်းခဲ့တာမို့

အတိတ်ရဲ့အနာ အစိမ်းလိုက်ချုပ်ခြင်းက ပိုကျက်စေမှာပါ ။

ေ(သေ၀ထိုး) = ခ(ခေကြး)

သဝေထိုးမဟုတ်တဲ့ ခကွေးကို ယပင့် စသတ် ဆိုပြီး ဘ၀တစ်စိတ်တစ်ဒေသကို နိဂုံးချုပ် အဆိပ်တက်ရမှာလား ..

ခကွေး မဟုတ်တဲ့ သဝေထိုးကို အစပြုပြီး ခကွေးနဲ့ ပေါင်းစပ် ယပင့် ထပ်မံဖြည့်စွက်လို့ ပဲ နေရမှာလား .....။

ချစ်=ချေ

အချစ်အတွက် ချေပမှုတွေပဲ ပြုနေရတော့မှာလား ..

မလိုလားအပ်ဘူး ချစ်သူ ...

နှုတ်ခမ်းနှစ်လွှာကြားက ဖူးပွင့်သီကျလာတဲ့ စကားစုတွေ

လုပ်ဆောင်ပြုလုပ်ချက်တိုင်း ကပ်ပါငြိတဲ့ လူ့စိတ်အာသီသတွေမှာ

အနမ်းတစ်ပွင့်အတွက် ကမ်းလှင့်ခြွေဆက်တာလည်း မလိုချင်ပြန်ဘူး ..

အတိတ်ကို အဆိပ်လုပ် ..

နိမိတ်ကို အရိပ်လုပ်ပြီး င့ါကျောမှာလည်း မထမ်းထားချင်ဘူး ..

ဘာသာဗေဒတူညီတဲ့ အဖြစ်အပျက်တွေမှာ..

ငိုညည်းမှု ၊ ထိခိုက်လွယ်မှု .. စသည်ဖြင့် ကျိုးကြောင်းဆီလျော်စွာပဲ ဖြစ်ခဲ့ တည်ခဲ့တာ ..

အရူးချည်းသက်သက် အားလုံးက ဘေးမဲ့ မပေးဘူး ..။

နားလည်ပါ ချစ်သူ ..

ဖွင့်မပြောရဲလို့ အနေခက်

ဖွင့်ပြောလို့ အနေကျပ်ခဲ့မယ်ဆိုရင်

အတွေးသဘောက ဇောချွေးပြန် ....

အရေးသဘောက ဇာတ်ထုတ်ကို အိပ်ကောင်းခြင်း အိပ်စေသလားပဲ ....

ဆုတောင်းခြင်းကို လက်ဝယ်ပိုက်ထွေး

စရိုက်အတွေးက ချစ်သူအတွက် ...

ဒဏ်ရာတစ်ဖက် နာကြဉ်းတာ အသက်ထက်အက္ခရာဆို

ထိုပဓာနပြုတဲ့ စကားလုံး

ပြက်လုံးနဲ့ပဲ အိပ်မောကျပါ ..။

အနေတွေ မခက်ပါဘူး

အခြေအနေတွေ အရပ်ရပ်ကလည်း

နဘေကာရံ စည်းချက်တွေ မပါချင်လို့

အခြေအနေ အဖန်ဖန်ကို စောင့်ခဲ့ကာမှ ..

သွေဖီရာ မာန်တစ်ကြောမှာ စီးမျောလို့ တသွင်သွင် ..။

မခွဲနိုင်မခွာရက် အသည်းခိုင် အညှာချက်ကိုမှ

တစ်သက်အစိုင် ပျက်ရယ်အဖြိုင်ဖြိုင်ကိုမှ သုံးရက်လေအား .....။

စကားပြေ

စကားပြေ တစ်ပုဒ်အတွက် ..

နိဒါန်း အစပျိုးလို့ အခိုးရမ္မက်တွေ ဝေခဲ့ရတယ် ။

ဘ၀ကိုထုဆစ်ဖို့ အနားသတ်မျဉ်း ဆွဲကာမှ

သည်ပေတံက မျဉ်းတစ်ဖြောင့်တည်းကျဖို့

အတိတ်ကို ပစ္စုပ္ပန်အထိ ဆွဲယူလာရတဲ့အဖြစ် ။

လူတွေထဲက လူလို့ သတ်မှတ်ချက် ပေးထားတဲ့ လူတစ်ယောက်

အယူလွဲမှားနေတဲ့ အဖြစ်တွေမှာပဲ

တစ်စ တစ်စ လှိုက်စားလို့ ..

သည်ပင်လယ်က ကျောက်ဆောင်ထက် င့ါမှာ အသားမာတက်လို့ ။

အဖြေလွန် မရတဲ့ အဖြစ်တွေလား

အမေးထုတ် စာရွက်ဗလာ ကံစမ်းမဲမှာပဲ

ပေါက်မဲနံပါတ်က ၁၅ ... နဲ့ ပြတ်နေခဲ့တယ်။

ထုတ်ယူမရဘူး

ငြင်းခုန်မရဘူး

အတွေးအယူတိမ်းတဲ့ အခြားဖက်မှာ

သည်ဂဏန်းက ညီမျှခြင်းခံနေတယ် ။

ယနေ့မှစ နောင်အနာဂတ် အခါခါ

ရီဝေယစ်မူးစေပစ်လိုက်တယ် ..

အခါခါ ခါးသီးတဲ့ အပြုံးတွေနဲ့

နံပါတ်စဉ်တပ် ရေတွက်ပါ ။

အမုန်းမဖက်တဲ့ သစ္စာတရားတွေနဲ့

အပြုံးမပျက် ချစ်နေဆဲဆိုတာ ..

...................

..............။

အဝေးဆုံးက ကြယ်စင်ရယ်

လကမ္ဘာပျက်သုဉ်းခြင်းမှာ

အစိုင်အခဲ/ဥက္ကာပျံ အဖြစ်နဲ့ အဆုံးသတ်ပေးပါ ..

ကြယ်ကြွေကောက်သူအဖြစ် ဘာအရာမှ မသိလိုက်ချိန်

ကလေးအတွေးအရ လက်မှာ ကောက်ကြောင်းဆွဲလိုက်တယ်.

သည် .. ကောက်ကြောင်း ချစ်တယ် ..။

လူလုံးမလှတဲ့ ရုပ်ထုအတွက်

ဖယောင်းလို မပျော့ပြောင်းလို့ ထုဆစ်မနေချင်ဘူး ..

ဘ၀ကိုက ခါးနေတာလား

ကိုယ်တိုင်ကပဲ ခါးစေတာလား

နာကျဉ်ပါတယ်ဆိုမှ .....။

သံသရာတဲ့ ...

အဖန်တစ်ရာ ကြုံလာနေလည်း

အခါခါ ဆုံကာနေတဲ့ င့ါစိတ်နဲ့ င့ါအချစ်

ဒီကံကြမ္မာမှာ ပြုံကာနေတာ

င့ါနှလုံးသား ဘယ်ဘက်ရင်အစုံကို

ကြက်ခြေခတ် နိမိတ်လှတဲ့ ချိန်ခါနေ့ရက်တွေ

သူမ ရေတွက်နေမလား ..။

တစ်ခွန်းတော့ ပြောပါရစေ ...

ကက်ကင်းတွေနဲ့ မယှဉ်သန်ခြင်လို့

သူ့အတွက် မပျက် မပျက် ချစ်ခြင်းတွေက

သည်ပျိုးက င့ါအတွက် နိဂုန်းအဖြစ် ရေးစေတောင်

င့ါစကားပြေက ....

အစွန်းရောက် အာရုံအဖုံးဖုံးနဲ့

အရေးတယူ နမ်းရိုက်တာကို သတိရ သိတတ်ရင် ကျေနပ်မယ် ။

ထပ်ပြောပါရစေ ....

ငါလေ ညီမျှခြင်းအပေါ်မှာ တက်ထိုင်နေမိတယ် ။

အတွေ့

ချစ်ရသူရေ ...

အိပ်မက်ကျမ်းတွေကို မကုစားချင်သူ င့ါအဖို့

အဆိပ်တွေကိုလည်း မသုတ်လိမ်းချင်ဘူး ..။

ချစ်ရသူရေ ...

လက်တွေ့ဖြစ်စဉ်တွေကို အလေးထားချင်သူ င့ါအဖို့

နိမိတ်တွေကိုလည်း မယုံကြည်ချင်ဘူး ..။

ချစ်ရသူရေ ...

ရင်းနှီးခွင့် ချိန်ခါတွေကို အပေးအယူမျှချင်သူ င့ါအဖို့

ညည့်နက်သန်းခေါင်တွေကိုလည်း မရောက်ချင်ဘူး ..။

ချစ်ရသူရေ ...

ပါးပါးလေးနဲ့ နွမ်းနေရတာ မသိလို့ပဲလား မသိဟန်ဆောင်တာလား ချစ်သူ

အရိပ်တွေက အေးချမ်းတာ ပြောစမှတ်တွင်ဖူးပေမယ့်

မင်းအရိပ်တွေ မကျတဲ့ နေစောင်းတဲ့အဖြစ်မှာ

ငါလေ အဆုံးသတ်ကို ရှုံးမတွက်ချင်ဘူး ..။

ချစ်ရသူရေ ...

အစွဲအလန်းနဲ့ ခွဲခွာမနေချင်တာ မသိလို့ပဲလား မသိဟန်ဆောင်တာလား ချစ်သူ

နိမိတ်တွေက လက်တွေ့လို့ ပြောစမှတ်တွင်ဖူးပေမယ့်

မင်းအသိစိတ်တွေ ပါမလာတဲ့ ချိန်ခါတွေမှာ

ငါလေ အဆုံးသတ်ကို ဝေးလျက်မနေချင်ဘူး ..။

ချစ်ရသူရေ ...

အတိတ်တွေကို ခ၀ါချ

ပစ္စုပ္ပန်တွေကို လက်တွေ့ကျလို့

အနာဂတ် အားအင်ပြည့်ဖြစ်တည်ခြင်းနဲ့

အတိတ်ရဲ့ ဖြစ်စဉ်

ပစ္စုပ္ပန်ရဲ့လိုအင်

အနာဂတ်ရဲ့ ဖြစ်အင်တွေအတွက် တို့နှစ်ဦး တွဲလက်မြဲပါစို့ ....။ ။

(ကဗျာမကျ စကားစု အပေါ့အကျအင်္ဂါရပ် မညီညာတဲ့ စာစုလေး တစ်စု)

ရိုးမြေကျ

မင်း .... လိုချင်မက်မောခဲ့လား

မသိ / မရှိပါပဲ ..။

သို့တည်း ...

အနမ်းလေးတွေ ပေးပြီး မထားခဲ့ပါနဲ့ .....

အလွမ်းလေးတွေ ပေးပြီးလည်း မချန်ရစ်ခဲ့ပါနဲ့ ....

ချစ်တတ်တဲ့ ဒီကောင့် ရင်ဘတ်က အသည်း ခပ်နုနုရယ် ။

အနမ်းကို ခုန်မင်ခဲ့တာထက် တစ်ဘ၀စာ ရိုးမြေကျ ဖြစ်ချင်ခဲ့တဲ့ကောင်

အကြိမ်ကြိမ်အခါခါကြားမှာ တစ်ကြိမ်တစ်ခါနဲ့ ဖြည့်ဆည်းမှု ပျက်ပြယ်ခွင့် မရချင်တဲ့ကောင်

အတိတ်က ဆိုးခဲ့ .. ပေခဲ့ .. မိုက်ခဲ့ ..

လူ့ပတ်ဝန်းကျင် အဆင့်တိုင်းက မြင့်မြတ်သတဲ့လား ..

အလေးထားမှုတွေနဲ့ မင်းရှေ.

ငါ ......

ခြေလှမ်းကြွကြွနဲ့ မက်လောက်စရာ မရှိအောင် နေပြချင်ခဲ့တဲ့ကောင် ..။

ညခင်းရဲ့ လမ်းမအောက်

တောင်းစားနေတဲ့ သူတောင်းစားရယ်

အိမ်ရှေ့ မျက်နှာစာမှာ မြူးထူးဆော့ပါးနေတဲ့ ကလေးငယ်တွေရယ် ..

အကြည့်တစ်ချက်ပါပဲ

ရင်မှာ သိုဝှက်တတ်တဲ့ အက္ခရာတွေကို သတ်ပုံကျမ်းမှာ ပြန်မရှာချင်ဘူး ....။

ငါ ထိုင်နေတယ် ..

ထိုင်လက်စ နေရာမှာပဲ ကောင်းကင်က လမင်းကို မျှော်နေတတ်တဲ့ကောင်

ဒီကောင့်ရင်ဘတ် အတွေးအသိက

မင်း မယုံနိုင်စရာ ပုံပြင်ဟောင်း ..

ဘယ်ကိုမှ မယွင်းမတည်ပဲ မင်းကိုချစ်တတ်လို့ အကြမ်းဖက်ခဲ့တဲ့ကောင်

မင်းအတွက် မုန့်လုံး စက္ကူကပ်သလိုပဲလား ..။

သာတဲ့ လမင်းက

နေရီစောင်းတဲ့ ညနေမှာ တ၀က်တပျက်သာလို့

ငါလေ .. ညအမှောင်ကိုရောက်မှာ စိုးရွံ့နေတယ် ..။

င့ါရှေ့မှာ မြင်နေရတဲ့ လူ့ပတ်ဝန်းကျင် အပြုအမူတွေရယ်

မိုးအုံ့နေတဲ့ နွေလည်နေ့လေးတစ်နေ့ရယ်..

င့ါစိတ်ကို မရိုးမရွ ဖြစ်စေခဲ့တာ

ချစ်သူ .. မင်းကတော့ ဥပေက္ခာ မူဝါဒတွေနဲ့

င့ါကို အလဲသတ်ထိုးနှက် .. ပြောစမှတ်တွင်အောင် င့ါနှလုံးသားကို နာကျဉ်စေသတဲ့လား ..။

ကောင်းကင်က သူ့အရောင်နဲ့သူ

မနေတတ် မထိုင်တတ် ဒီကောင့်ရင်ဘတ်ကိုမှ လှုပ်ရွစေသတဲ့လား ..။

သင်ပုန်းကြီးစာတွေနဲ့ ကကြီး ခကွေး ....

စ သင်ခါစ ကလေးတစ်ယောက်လို

လမင်းသာတာကြည့်ပြီး မြူးထူချင်နေတတ်တာ ..။

အလွမ်းမြို့ရိုးတံတိုင်းမှာ ငါလည်း ထိုင်ဖူးတာပေါ့ ..

အစိမ်းသက်သက်တော့ ဟုတ်မနေခဲ့ဘူး ..

တွေ့ကြုံဖူးတဲ့ အဖြစ်တွေကို ရင်ကျက်စပြုတယ်လို့

မသတ်မှတ် ပါရစေနဲ့ ....။

နမ်းဖူးတဲ့ ဒီနှုတ်ခမ်းတစ်စုံရဲ့ တုန်ယင်မှု

ဒီကောင့် နှလုံးသားကိုတောင် ..

ထထ ခုန်စေတာ

အိပ်မက်တွေကို တံတိုင်းအဖြစ် ဖြန့်ကျက် ကာရံထားပါရစေ...

မည်သူ တစ်ဦးတစ်ယောက်မှ

မင်းနှလုံးသားကို မသွတ်သွင်းရ ..

အမိန့်စာတွေနဲ့ မဟုတ်ဘူး

နှလုံးသွေးနဲ့ င့ါကိုငါ အတ္တ တင်ထားတယ် ..။

ဒီကောင့် ရင်ဘတ်မှာ အထင်ကရနဲ့ ချစ်တတ်ခဲ့တာ

အရာအားလုံးအတွက် နေ၀င်သွားတာမျိုး မရှိချင်ဘူး ..။

ခရာသံတစ်ချက်အောက်မှာ

ငြိမ်နေတဲ့ အကျဉ်းသားလိုပဲ ..

သူ့နေရာနှင့်သူ .. နှလုံးသားက ပုံစံခွက်ထဲ အစီအစဉ်တကျ ဖြစ်တည်လို့ ...။

အမြဲတမ်း ဒီကောင့်ရင်ဘတ်ကို နင်းနေဦးမှာလား

အကောင်းပကတိနဲ့ ချစ်သူကို ပျော်စေချင်ခဲ့သူ ..

ကိုယ်တိုင်ရော သူ့အတွက် ပျော်ရွှင်စရာ လုပ်ခဲ့သလား/ လုပ်ခဲ့တယ်

သူမအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့လား / ဖြစ်ခဲ့တယ်

မရည်ရွယ်ပါဘူး ချစ်သူ ...

ရည်ရွယ်မိတာတွေက မင်းအတွက် ပျော်စေခြင်း / င့ါအတွက် အတ္တကို ခုန်မင်ခြင်း

သူ့နှုတ်ခမ်း အရဲလေးကိုက . . င့ါအတွက် တသစေခြင်း

အကြိမ်ကြိမ် နမ်းရှိုက်ခွင့်အတွက် တစ်ကြိမ်တစ်ခါ နမ်းရှိုက်ဖူးတဲ့

ဒီကောင့် ရင်ခွင်မှာတောင်

ပုခုံးထက် မှီစက်ခဲ့တဲ့ မင်းအသွင် ...

ငါလေ . တစ်သက်မမေ့ဘူး ..။

အသစ်အသစ်တွေရဲ့ကြားမှာ အချစ်ရဲ့အနှစ်ကို မရှာဖွေချင်ဘူး ..

ဘ၀အတွက် မယွင်းမပျက်တဲ့ ဒီချစ်ခြင်းနဲ့ပဲ ... သူ့ကို ချစ်ပါရစေ ..။

ချစ်သူရယ် ...

င့ါအတွက် လင်းချင်းခွင့်ဆိုတာ

မင်းဘ၀ မင်းဇာတ်အတွက် အကန့်သေးသေးလေးမှာ တည်နေရင်တောင်

လိုသလို မသုံးပြုပါ ..

မယူခံ ၀င်စရာမလိုဘူး / တယူသန် မင်းအကျင့်တွေနဲ့ပဲ

ဒီကောင့်ရင်ဘတ်ကို ကုသပေးပါ ..။

မျက်ဝန်းညို

ကြည်လဲ့ရွှန်းစို မျက်ဝန်းညို ..

နွေဥသြအတွက် င့ါရဲ့ တမ်းတခြင်းတွေကို ချမပြခဲ့ဘူး ..

သူ့တေးသွားမှာတောင် င့ါအတွက် ကွန်ခိုဆဲအရပ်က ပုလဲတွေသီလို့ ..။

ကြည်လဲ့ရွှန်းစို မျက်ဝန်းညို ..

နွေဥသြအတွက် င့ါရဲ့ ဆွေးဝေဒနာတွေကို ချမပြခဲ့ဘူး ..

သူ့တေးသွားမှာတောင် င့ါအတွက် ကွန်ခိုဆဲအရပ်က ပုလဲတွေသီလို့ ..။

ကြည်လဲ့ရွှန်းစို မျက်ဝန်းညို ..

ဖျော့တော့မှေးမှိန်ဆဲ မင်းမူရာလေး ...

င့ါအတွက် အလွမ်းသင့်ပန်းချီခန်းမှာပဲ ချိတ်ဆွဲပါရစေ ..။

ကြည်လဲ့ရွှန်းစို မျက်ဝန်းညို ..

အသွေးသားတောင့်တချက်တိုင်း မင်းမူဆဲနှလုံးသားက

စိတ်စေရာ ပျော်ရွှင်ခြင်း မင်းအတွက်အပ်နှင်း ပါရစေ ..။

ကြင်ဖေါ်

အိပ်မက်ညပျိုလေးရေ ...
ငါတို့ တိမ်းဖက်တဲ့ နိဒါန်းက " ခက် " ဆိုတဲ့ အဖြစ်အပျက်နဲ့ အသက်ဝင်ခဲ့တာ ..။

အိပ်မက်ညပျိုလေးရေ ...

ငါတို့ အစိမ်းသက်သက်မဟုတ်ခဲ့ခြင်းက " ဆစ် " ဆိုတဲ့ အဖြစ်အပျက်နဲ့ အသက်ဝင်ခဲ့တာ ..။

အိပ်မက်ညပျိုလေးရေ ...

ငါတို့အနာဂတ်က ခက်ဆစ်တစ်ခုကို ၀ါကျဖွဲ့ဖို့အတွက် သင်ယူလေ့လာကြိုးစားနေတုန်းပဲမလား ..။

အိပ်မက်ညပျိုလေးရေ ...

ငါတို့ ချစ်ခြင်းတွေကို ကြင်နာစုအရပ်သို့ ပြောင်းရွေ့ ၀ါကျဖွဲ့ပါစို့ ..။

အိပ်မက်ညပျိုလေးရေ ...

ခက်ဆစ်အတွက် မနက်သစ်မှာ ကမ္ဘာသစ်ချီမဲ့ စာကြောင်းလေး တစ်ကြောင်း တည်ဆောက်စို့ ..။

အရိပ်

အာရုံဦးမှာ အနမ်းပွင့်တွေ ဝေခဲ့တယ်..

သူမအတွက်..

အိပ်မက်ကို အသက်သွင်းပေးခဲ့သလိုမျိုး

ကျွန်တော် ထိတွေ့မိလေသလား ၊ ထိတွေ့မိတယ် လုပ်ခဲ့မိတယ်။

လေပြည်အယိမ်းမှာ စကားအစအနတွေ ဖွင့်ဟခဲ့တယ် ..

သူမအတွက်..

ပျော်ရွှင်ဘွယ် လမ်းစရေးရေးလေးမျိုး

ကျွန်တော် ပြောခဲ့မိလေသလား ၊ ပြောခဲ့မိတယ် လုပ်ခဲ့မိတယ်။

တွေ့ဆုံခြင်းမှာ စကားအစနတွေ ယိမ်းခဲ့တယ်..

သူမအတွက်..

တဆစ်ဆစ် အက်ဆစ်ပြင်းပြင်း လောင်းခံရတာမျိုး

ကျွန်တော် ပြောခဲ့မိလေသလား ၊ ပြောခဲ့မိတယ် လုပ်ခဲ့မိတယ်။

နေ၀င်ညနေမှာ မှော်ဝင်လမ်းပြကြယ် ဖြစ်ခဲ့တယ်..

သူမအတွက်..

စကားရပ်တွေနဲ့ ဓါတ်မတည့်တာမျိုး

ကျွန်တော် ပြောခဲ့မိလေသလား ၊ ပြောခဲ့မိတယ် လုပ်ခဲ့မိတယ်။

တစ်နေ့တာမှာ နီးခွင့်ရချင်တဲ့ဆန္ဒတွေ ဖြစ်ခဲ့တယ်..

သူမအတွက်..

အတွေးများစရာတွေနဲ့ တဒင်္ဂမှင်သက်မိတာမျိုး

ကျွန်တော် ပြောခဲ့မိလေသလား ၊ ပြောခဲ့မိတယ် လုပ်ခဲ့မိတယ်။

မတွေ့ရတဲ့ အချိန်တွေတိုင်းမှာ တမ်းတလွမ်းခဲ့တယ်..

သူမအတွက်

သတိတရ အင်္ဂါရပ်မျိုး

ကျွန်တော် ပြောခဲ့မိလေသလား ၊ ပြောခဲ့မိတယ် လုပ်ခဲ့မိတယ်။

ဒီိလိုနဲ့ပဲ တစ်နေ့တာတွေကုန်ဆုံး

လူလုံးလုံးဖြစ်ရတဲ့နေ့ကစလို့ ပစ္စုပ္ပန်အတွေ့မှာ

သူမကို ကျွန်တော် သိပ်ချစ်တယ် ..။ ။

ဆက်စို့ ( ဟိုအဝေး)

ချစ်သူ ...

သူမတူတဲ့ချစ်ခြင်း .. မပျက်မယွင်း သီးသန့်ဖြစ်တည်မှုအတွက်

င့ါနှလုံးသား ဘယ်အစုံမှာ ထထခုန်နေတယ် ..။

ချစ်သူ ...

မူယာမာယာမျာတဲ့ခေတ်ထဲ

ဗျူဟာစစ်အထဲလည်း မလိုက်ချင်ဘူး ..။

ချစ်သူ ...

ရူပကာတွေ ခြံရံနေလည်း မြင်နေတာတွေအမှန်တွေပဲမို့

တယူသန်ဝေဖန်မှုတွေလည်း မပေးချင်ဘူး ..။

ချစ်သူ ...

အဖြည့်ခံ အခွင့်ထူးကံအတွက်

ဆက်ရန်မနက်ဖြန်မှာ ပတ်သက်ရန်အမှန်ပဲမို့ ...

လက်တစ်ဖက်ချန်ရန်ကာ ချိတ်ဆက်စို့ ..။

ချစ်

ချစ်အာရုံ ချစ်ဇောနှင့် ၊ ချစ်အပြော ချစ်ဆို၊

ချစ်မနော ချစ်ကိုယ်ငယ် ၊ ချစ်အပို ချစ်ဆဲ၊

ချစ်ဆန္ဒ ချစ်အာသာ ၊ ချစ်ခါခါ ချစ်ကပိုကဲ။

ချစ်မ၀ ချစ်စစ်ပါတယ် ၊ ချစ်မေတ္တာ ချစ်စွဲ၊

ချစ်သစ္စာ ချစ်မြဲလို့ ၊ ချစ်အသဲ ချစ်ပုံ၊

ချစ်ရာထောင် ချစ်သိန်းသန်း ၊ ချစ်ကိန်းခန်း ချစ်လို့မကုန်။

ချစ်ပြီးရင်း ချစ်အဟုန်ငယ် ၊ ချစ်နှစ်စုံ ချစ်ပေါင်းလို့၊

ချစ်အဟောင်း ချစ်သစ်တွေ ၊ ချစ်စို့ ချစ်ကေ၊

ချစ်သမို့ ချစ်မသွေတယ် ၊ ချစ်တမေ ချစ်အုန်းဗျလေး ။ ။

(ဓမ္မစရိယ ဦးထွန်းရွှေ ရေးသားပြုစုသော ကျမ်းမှ ကောက်နုတ်ဖေါ်ပြပါသည်) လေးထပ်ကျော့ စကြာတေးထပ်ဟု ဖေါ်ပြထားသည်။)

လွမ်း

လွမ်းစပွေ လွမ်းလေတော့ လွမ်းခွေပြော့ ညှိုးမှိုင်

လွမ်းငွေဖေါ့ တိုးလှိုင်တယ် လွမ်းအိုးဒိုင် ပေါက်ကွဲ

လွမ်းတဖေ့ လွမ်း၍နေတယ် လွမ်းလေ့လေ လွမ်းရအမြဲ။

လွမ်းတတ လွမ်းရရှာ လွမ်းကသာ လွန်ကဲ

လွမ်းကြွကာ ချွန်သဲ၍ လွမ်းစွန်ပွဲ ပြိုင်ကာ

လွမ်းညှိုးပွေ လွမ်းဝေလျက်* လွမ်းခွေလျက် လွမ်းရခါခါ။

လွမ်းတွက်ကြောင့် လွမ်းခက်ဖြာတယ် လွမ်းစက်ပါပျော်ဘဲမို့

လွမ်းသော်လဲ လွမ်းပြေပေါင် လွမ်းစတွေထောင်။

လွမ်းမီးက လွမ်းပြီးလောင်တယ် လွမ်းသည်းခေါင် ကျွမ်းလှပေါ့လေး။

* လွမ်းဝေလျက် - လွမ်းခွေလျက် - ကို - လွမ်းဝေပွက် - လွမ်းခွေလျက် ဟုစပ်က - ၀ဂ်နင်းလွတ်သည် ။

(ဓမ္မစရိယ ဦးထွန်းရွှေ ရေးသားပြုစုသော ကျမ်းမှ ကောက်နုတ်ဖေါ်ပြပါသည်) နှစ်ထပ်ကျော့ စကြာတေးထပ်ဟု ဖေါ်ပြထားသည်။

ရေးသားဟန် စကြာပုံနှုင့်တကွ ဖေါ်ပြချင်သော်လည်း ပုံတင်ရန် ခက်ခဲနေ၍ မတင်လိုက်ခြင်းပါ။

ကျွန်မရဲ့ ထာဝရ မောင်

မောင့်အတွက် ထုံမွှမ်းခြင်းတွေအပြည့်

ချစ်ခြင်းတွေ အထပ်ထပ်ကို ပေးအပ်လို့

ဘ၀ရဲ့ မျက်နှာစာကြားမှာပဲ ပုံအပ်

မောင့်အတွက် ခွန်အားတစ်ဖက်ကို

ထာဝရ ဆောင်ကျဉ်းပေးမယ် .... မောင် ..

မောင်နဲ့ဝေးနေရခိုက် အသည်းလှိုက်ဖိုတိုးတဲ့

ဒီရင်ခုန်သံစည်းချက်မှာ

တစ်ချက်ကလေးမလပ်အောင် သတိရတာ

မောင့်တစ်ယောက်ထဲမို့

ဝေးနေရတဲ့ ချိန်ခါတွေတိုင်း

ကြိတ်မှိတ်လို့ မျိုသိပ်

တရိပ်ရိပ်နဲ့ တက်လာတဲ့စိတ်

မောင့်အနား အပြေးလေးလာချင်မိတယ် .. မောင် ..

ချိန်ခါတွေ ဖြတ်သန်း

ဘ၀လမ်းတွေ အတူတူလျှောက်လို့

နောင်အနာဂတ် တက်လှမ်းချီမဲ့ နှစ်ကိုယ်တူအချစ်

ခိုင်မြဲခြင်းတွေသာ ဖြစ်တည်မှာမို့

ခဏတာ ဝေးနေရတဲ့အဖြစ်တွေကြားမှာပဲ

မောင် ယဲ့ယဲ့လေး လွမ်းနေမလားပဲ ..။