စာကြောင်းရေ ၅၂၉

ချစ်သူရဲ့ မျက်ဝန်း   အမြန်ချောစာအရောက်မှာ
င့ါနှလုံးသား ရာသီ
ဖေါက်ပြန်ရတော့တယ် ...
စိတ်ကူးနဲ့ ခိုးခိုး နမ်းဖူးတဲ့ပန်း
အလွမ်းတွေနဲ့
ခဏဏကြွေတာပဲ ...
ချစ်သူအပြုံးရဲ့
စားချက်ကလည်း ငါ့စာရွက်အိပ်မက်တွေကို
ဆုတ်ဖြဲသွားတာ အခါခါရှိပြီ ...
အချစ်ကို လက်ခမောင်းမခတ်ရဲလို့
ရင်ဘတ်ထဲ ထည့်ထားရတဲ့
ပင်လယ်တစ်စင်းကို
သတိရခြင်း သီချင်းတွေ
ဖွဲ့သီခဲ့တယ် ...
ခံစားမှု အထုံမကူးမီ
ကျေးဇူးပြုပြီး
အခုဖတ်နေတဲ့
ကဗျာလေးအတိုင်း ဆက်ပြီး
ပုံကြီးချဲ့ သရုပ်ဆောင်လိုက်ပါဦး ....။
                                                    (NWT)

0 comments: