ရေရာမှု

စိတ်အနယ်ထိုင်မှာ
ငေးငိုင်ကာ ငူကာဆွေး ..
အထူးသဖြင့်လေ အရူးရင့်လေလို့
အလွမ်းမိုးစွေ လွမ်းတန်ခိုးလည်း ဝေခဲ့ပေါ့ ..

စိတ်စေရာ ကြွေလွင့်မှုသမိုင်း 
မနက်ခြေရာ သူ့အဆင့်တိုင်းမှာ 
အခက်ဝေစွာ ချစ်ခဲ့ခြင်းဖြင့် 
အသက်ကြွေရာ ခန္ဓာငြိမ်းတောင် 
ရမ္မက်မပြေစွာ ချစ်ခြင်း 
ဘ၀အတွက် ရေရာချစ်ခြင်း....

0 comments: