နှလုံးလှပိုင်ရှင်နဲ့ ရက်စက်သူ

ကုန်လွန်ခဲ့တဲ့ နေ့ရက်အချို့မှာ အပြစ်တွေဝေးကွာလို့ အချစ်တွေနဲ့သာ မြူးနေတဲ့ ငါတို့နှစ်ယောက် နေ့ရက်တွေ ..ပျော်မြူးပါတယ် .. အဖေါ်ထူးတစ်ယောက်နဲ့ တွေ့ရသလိုပဲ .. ရိုးရိုးလေးနဲ့မင်းမူရာလေး အပြစ်ကင်းလို့ ရှင်းသန့်နေတယ် ..ငါဟာတစ်ကိုယ်ကောင်းဆန်သူလား .. လိုအပ်ချက်တစ်ခုကို ပုံအပ်တာ မင်းဆီမဟုတ်ခဲ့တာ နားလည်ပေးပါလို့ မတောင်းဆိုပါဘူး .. အဆိုးဆုံးခံစားချက်တွေနဲ့ မင်းနှလုံးသွေးကို စတေးခဲ့လို့ .. ငါ.. မင်းကိုတန်ဘိုးထားဆဲပါ .. မင်းဟာ မြင့်မြတ်တဲ့ မိန်းမတစ်ယောက်ဆိုတာ ငါသိနေလို့ ..။ အချစ်ဆိုတာ ခံစားစိတ်ကလေးထဲက မြူမှုန်လေးမျှသာ ဖြစ်ပေမယ့် ပြင်းပြနေတဲ့ သူတွေအဖို့တော့ ထုထည်ကြီးမားမှာပါ ..ခပ်ပြင်းပြင်း အရက်တစ်ခွက်ကို တရှိုက်မတ်မတ်နဲ့ ရူးမိုက်စွာသောက်သုံးမိတဲ့အခါ လည်မျိုမှာစီးဝင်ချိန်မှစလို့ ရှတတစီးမျောသွားတဲ့ င့ါအဖြစ်ကို မင်း .. စာနာနိုင်မလား ..။ဆန္ဒတွေဝေးကွာလို့ တစ်ခါပြန်မရတဲ့ ငါတို့နှစ်ယောက် ဇာတ်လမ်းဟာ တစ်ခန်းရပ်လို့ ဖြစ်ရပ်အမှန်တွေကို ကုန်လွန်စေခဲ့ပြီ ..ဝေးကွာခြင်းအဖြစ်မှာ ဆွေးရခြင်းခံစားမှုကို ရင်ဝယ်ပိုက်ထွေး မထားစေချင်ဘူး မိန်းကလေးရယ် ..ဘ၀တစ်ကွေ့မှာ ကြုံခဲ့လို့ ဆုံခဲ့ရပေမယ့် င့ါရဲ့ပေးဆပ်ခြင်းတွေက မင်းအပေါ် သက်ရောက်မှုမရှိခဲ့တာ င့ါရဲ့ တန်ဘိုးမရှိတဲ့ စိတ်ရိုင်းတစ်ခုကို မင်းရင်ထဲက ဆွဲနုတ်လိုက်ပါလို့ ပြောပါရစေ ..င့ါစိတ်မှာ တစ်ယောက်ယောက်ကို မြတ်နိုးနေမိတာ .. လွန်ဆန်မိတဲ့ မင်းတစ်ယောက်ကို တန်ဘိုးမဲ့ရာကျတဲ့ င့ါအဖြစ်ကိုလည်း မင်းစာနာ နားလည်ပေးပါ .. ကိုယ့်အပေါ် ပြည့်စုံအောင် မင်းဘက်က အမှားကင်းစွာ စောင့်ရှောက်ခဲ့ ကူညီခဲ့တဲ့ စေတနာအပြည့်ကို ငါသေဆုံးသွားချိန်အထိ တန်ဘိုးထားမှာပါ ..အရာရာကို အမြဲချင့်ချိန်တွေးတဲ့ ငါတစ်ယောက်ဟာ ဒီတစ်ကြိမ်မှာ နှလုံးသားခံစားချက်ကို ရှေ့တန်းတင်မိလိုက်တာ င့ါကိုအပြစ်မြင်စွာနဲ့ စိတ်နာမယ်ဆို နာလိုက်ပါတော့ .. နှလုံးလှပိုင်ရှင် မင်းတစ်ယောက်ဟာ မင်းနဲ့မထိုက်တန်တဲ့ အကျဉ်းသားတစ်ယောက် င့ါကို လူ့လောကအမြင်ကျယ်ကြီးထဲမှာ လျှောက်လှမ်းနေချင်တာကို မင်းလွှတ်ပေးလိုက်လို့ ငါဒုက္ခရောက်မယ်ဆိုလည်း ရောက်ပါစေတော့ .. မင်းဟာ မိန်းမမြတ်တစ်ယောက်အဖြစ် ဖြစ်တည်နေတဲ့ ဒီသံသရာမှာ ပျော်ရွှင်ငြိမ်းချမ်းတဲ့ ဘ၀လေးကို ဖြတ်သန်းရမှာပါ .. ငါလိုလူကတော့ လောကအလယ်မှာ ဘယ်ဝယ်ဘယ်စခန်းကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ တွေးတောနေရင်း .. ရင်ဘတ်ဟောင်းမှာ ငါကိုယ်တိုင်ထွင်းထားတဲ့ အနာကို ငါကိုယ်တိုင်ပဲ ကုစားရင်း အဝေးနေရာမှာ ဆွေးမနေပါနဲ့လို့ တောင်းဆုပြုရင်း ..ရက်စက်တတ်သူ င့ါအဖို့တော့ အချစ်ဆိုတာကို ခံစားလို့ထိနေဆဲပါ ..။

15 comments:

Unknown said...

သွပ်သွပ်................
အရုပ်ကလေး ရင်ခတ်သံက ဒို့ရင်ကိုရိုက်ခတ်သွားပါရဲ့.........

kiim said...

နှလုံးလှပိုင်ရှင်နဲ့ ရက်စက်သူ
လာဖတ်သွားတယ်နော်..
ခံစားချက်တွေပြင်းထန်လှချည်လား..

poemflower said...

ရက်စက်သူတဲ့ ... ခံစားချက်တွေကထိတယ်.ကိုအရုပ်ကလေး..

ကိုတိုး said...

အကိုရေ ခံစားချက်တွေက အရမ်းကိုထိတယ်ဗျာ။
အရက်တစ်ခွက်ကို တရှိုက်မတ်မတ်နဲ့ ရူးမိုက်စွာသောက်သုံးမိတဲ့အခါ ရင်ထဲမှာပူလောင်သွားစေတယ်ဆိုတာလေးက မိုက်တယ်ဗျာ ရင်တွင်းခံစားချက်လေးကို ပိုင်နိုင်စွာဖတ်သွားပါတယ်အကို ပျော်ရွှင်ပါစေဗျာ။

thinzar said...

ရက်စက်လိုက်တာ .....

အဲဒါပေါ့ ကိုယ့်အသည်းကိုယ်ခွဲတာ...

♥ Acacia ♥ said...

ရက်စက်သူ... ရက်စက်သူ... ဒီလိုအဖြစ်မျိုးတွေ ရှိသလား...? :(

♥ Acacia ♥ said...

ဒီစာကို ဖတ်ရတာ အရမ်းထိတယ် :( ဒီစာကို ဖတ်ရတာ........ :')

♥ Acacia ♥ said...

:'(

Anonymous said...

ကိုယ်တိုင်ခံစားခဲ့ရတယ်နဲ့တူတယ် အရေးအသား
တွေ ထိချက်ပြင်းတယ်ဗျို့။

flowerworld said...

သောက်လိုက်တာသီးတောင်သွားတယ် အဟွတ်ဟွတ်
ခံစားတယ်ဗျာ ပြောရင်းနဲ့စားလို့ကောင်းမှကောင်း ဟိဟိ

မြတ်သွယ် said...

မိန်းကလေးလည်း သနားစရာ၊ ရေးသူလည်း ခံစားစရာ ...
ဖတ်ရတဲ့ ညီမလေးတော့ ရင်ထဲမတတ်သာဘူးး(

Anonymous said...

ဆိုလိုရင်း ရေးသားချက်ကို သိနေသလိုပဲ....
ဒါပေမဲ့ သိပ်မသေချာဘူးဖြစ်နေတယ်...
မိန်းကလေးကို မေးချင်လာတယ်...
ဒါပေမဲ့... ထားပါတော့......

My Diary said...

နှလုံးလှပိုင်ရှင်ရက်စက်သူ
ဒါလည်းကောင်းတာပဲ
ရေးတက်သူကြီးရေ
ခံစားချက် ဒီထက်ပျင်းလို့ ဒီထပ် ပိုရေးသားနိုင်ပါစေ
ကောင်းလိုက်တာ

lovelessguiter said...

အချစ်ဆိုတာ တကယ်ထိတဲ့ အရာတစ်ခုပဲမဟုတ်လားကွ... ခံစားမှုတွေ ဖတ်ရှုပြီး ၀င်ရောက်ခံစားမိပါတယ်..။

Anonymous said...

ရင်ဘတ်ထဲမှာ နင့်နေအောင်ခံစားရတယ်ဗျာ။
စာသားတွေက ထိသလို။
ခံစားချက်ကလည်းပြင်းထန်လှပါတယ်။