ပင်စည်

ထောင်ရောင်နေမင်း အမှောင်ခြွေလင်း
ရောင်စဉ်ဖြာသွယ် ကမ္ဘာတစ်ခွင်ဝယ် ..
နေရောင်ထိနွမ်း အားနည်းစွမ်းလည်း
ရှာကြံချစ်မယ့် ပင်စည်ငယ်ကို ...

အချစ်တွေနဲ့ ပြည့်ဖူးနေတဲ့
ပန်းငုံလွှာတွက် ၀တ်ဆံတစ်ခု
နှိုင်းမှီတုလျှင် ကိုင်းမှီသလို
ယှက်ဖြာထွက်တဲ့ အတက်ငယ်ကြား
ဝေဆာတင့်မွှမ်း ရနံ့ဆင်းက
ရိုးမအီလို့ စွဲယဉ်နေပြီ ...

အကိုင်းအဖျား တိုးထွက်ရောက်ဖို့
မြေဆီမြေနှစ် အားကောင်းနေရင်း
မြဲမြံစွာနဲ့ ကုတ်တွယ်မြစ်လို
စုပ်ယူအားနဲ့ ဖွံ့ဖြိုးစိမ်းလန်း
ရင့်သန်မှန်နဲ့ လုပ်ယူမရတဲ့
ဒီချစ်ခြင်းမှာ ထွေလီကာပြော
စိတ်၏သဘောမှာ တစ်သက်တာတွက်
ချစ်လျှက်ဆဲပါ ပင်စည်ငယ်ရေ ...

ပင်စည်မှ ကိုင်းဖျား
ကိုင်းဖျားမှ ပင်စည်
အမျှင်တန်းလို့ စိမ်းလန်းခြင်းနှင့်
ရေသောက်မြစ်မှ တစ်ပင်လုံးခြုံ
စိတ်အာရုံက ပင်စည်ငယ်ဆီ ...

တစ်နေ့တာရဲ့ အချိန်ဝန်းကျင်
တဒင်္ဂတိုင်း မှန်မှန်ဆက်တဲ့
သူ့ဖုန်းသံကို မျှော်လင့်တမ်းမက်
နေ့တွေရက်ဆက် င့ါနားစည်ထက်
သူ့သံသာချို ရယ်သံလေးကို
တရှိုက်မက်မက် စွဲလန်းထပ်လို့
ရင်ဝယ်အပျော် ပီတိမော်ပြီး
မြတ်နိုးလျှက်ပါ ပင်စည်ငယ်ရေ ...

ဖုန်းပြောစဉ်ခါ ငြိမ်သက်ခြင်းနှင့်
နှစ်ဦးနှစ်ဖက် တိတ်တဆိတ်ဖြစ်
အသက်ရှုသံ ရင်ခုန်စည်းချက်
ထပ်တူပြုရင်း သူ့စကားသံ
ကြားချင်လျှက်မို့ နားစွင့်ရင်းက
အတုံ့အလှည့်နဲ့ ခွန်းတုံ့စကားတော့
ပြောလှည့်ပေးပါ ပင်စည်ငယ်ရေ ...

နှစ်ကိုယ်တူညီ ဆုံကာတွေ့လို့
အတွေးဖလှယ် စကားတွေကြွယ်
ထိုင်ကာကြည့်ရင်း ကုန်လင့်ကုန်မှန်း
မေ့လျော့စခန်း အချိန်ပြန်ကြည့်
စိတ်အသိက အိမ်ပြန်ရချိန်
ရောက်ရှိသည်မို့ မခွဲချင်စိတ်
တူရှိစဉ်စိတ်ကို လျော့အားပေးလို့
ပန်းလေပြည်မှာ အလွမ်းတွေဆွေရင်း
တွဲလက်မြဲစွာ လမ်းတွေလျှောက်
ပန်းလှေဝန်းမှာ အချစ်တွေစစ်လို့
လွမ်းနေပါ့မယ် ပင်စည်ငယ်ရေ ...

ဘ၀အလယ် လူ့ဘောင်တည့်ရင်း
စံပြအဖြစ် နှစ်ယောက်ချစ်က
ပစ်ရှုံးဖယ်ခွာ ရွံ့မမုန်းစွာနဲ့
သက်ဆုံးတိုင်အောင် စုပြုံချစ်မယ့်
ရင်ဘတ်တွင်းက ကိုယ်စီစိတ်ထား ...။

6 comments:

ပန်းခင်းလေး said...

ပင်စည်မှ ကိုင်းဖျား
ပင်စည်မှ ကိုင်းဖျား ... ကြားလား .. ကြားလား

ကြားရင် အကြောင်းပြန် .. ဟိ...ဟိ :P

ချစ်သူအတွက်ရေးဖွဲထားတဲ့ ကဗျာလေးကို
သေသေချာချာခံစားသွားပါတယ်
ကဗျာတစ်ပုဒ်လုံးမှာ ချစ်သူပေါ်ထားရှိတဲ့ 
ချစ်ခြင်းမေတ္တာတွေကို မြင်တွေ့ နေရတယ်
ကိုကြီးရဲ့  ချစ်သူလည်း ဒီကဗျာလေးကိုဖတ်ပြီး
ကြည်နူးနေမှာပဲနော် ...

ချစ်သူကို သစ္စာရှိရှိ မြတ်နိုးစွာချစ်တတ်တဲ့ 
အစ်ကိုတစ်ယောက် ချစ်သူဆီက တူညီတဲ့ 
ခံစားချက်တွေ ထာဝရပိုင်ဆိုင်ရရှိပါစေလို့ 
ဆုတောင်းပေးရင်းးး

အိမ်ပြန်သွားတယ် ...

တာ့ တာ

အစစအရာရာ အဆင်ပြေပါစေ ကိုကြီး

ညီမလေး

ပန်းခင်း

♥ Acacia ♥ said...

အရေးအသားကတော့ လန်းတယ်ဟေ့ ချစ်သူနဲ့ပျော်ရွှင်ပါစေကွယ်

ကိုတိုး said...

အရေးအသားလေးကို တစ်ကယ် ကြိုက်တယ်အကိုရေ။ ချစ်သူနဲ့အဆင်ပြေပါစေ ချစ်သူအတွက်ရေးဖွဲ့ထားတဲ့ကဗျာလေး ကောင်းတယ်အကိုရေ။

may16 said...

ကဗျာလေးက ကောင်းတယ် ချစ်သူကကံကောင်းလိုက်တာ.

မြတ်သွယ် said...

စံပြအချစ်တဲ့လားဗျ
ကောင်းတယ်ဗျား)
-အချစ်တွေနဲ့ ပြည့်ဖူးနေတဲ့
ပန်းငုံလွှာတွက် ၀တ်ဆံတစ်ခု
နှိုင်းမှီတုလျှင် ကိုင်းမှီသလို
ယှက်ဖြာထွက်တဲ့ အတက်ငယ်ကြား
ဝေဆာတင့်မွှမ်း ရနံ့ဆင်းက
ရိုးမအီလို့ စွဲယဉ်နေပြီ ...- ဒီနေရာလေး နှစ်သက်မိပါ၏း)

အမြဲပျော်ရွှင်ပါစေလို့ ချစ်သူနှစ်ဦးကိုဆုတောင်းပေးပါတယ်း)

ခင်မင်စွာဖြင့်
ညီမလေး ပုလဲ

thinzar said...

ရေးထားလိုက်တာ နုနုလေးတွေ
သူများတွေများ ရေးထားလိုက်တာ
အားကျချာကြီး.......

ချစ်သူနဲ့ အိုကေပြီး
အသီးတွေ အပွင့်တွေ မြန်မြန် သီးပွင့်နိုင်ပါစေ အကိုရေ....