အချစ်ဆိုတာ

  • အချစ်ဆိုတာ ဖြေရှာညှိမရတဲ့ ဝေဒနာအသိတစ်ခုကို ဖွေရှာမိနေတဲ့ ခံစားမှုတစ်ခု ..

  • အချစ်ဆိုတာ ရှုံးနိမ့်ခြင်း အောင်နိုင်ခြင်းတွေနဲ့ ကြုံတွေ့ရသလို တစ်ခါတစ်ရံ မျိုသိပ်ထားရာမှ ပုန်းလျှက်ထွက်လာတဲ့ စိတ်စေညွှန်တဲ့အရာ ..

  • အချစ်ဆိုတာ မေတ္တာစစ်ရင် ရှုံးလျှက်နေရင်တောင် အမုန်းမဖက်တဲ့ သစ္စာတရား ..

  • အချစ်ဆိုတာ ရှိုက်ထိလွယ်လို့ လှိုက်ဖိုမိစေတဲ့ စိုးရိမ်ကြောင့်ကြမှု ..

  • အချစ်ဆိုတာ လေယူရာတိမ်း ယိမ်းနွဲ့တတ်ပေမယ့် ယှက်ဖြာနေရင် ရုန်းမထွက်လို့ ယိမ်းမသွားစေတဲ့ စစ်မှန်ခြင်းသဘော ..

  • အချစ်ဆိုတာ ရုပ်ဆင်းသဏ္ဍာန်နှင့် ထိတွေ့ပြောဆိုမှုအပေါ် သာယာစေတတ်တဲ့ တဏှာပေမ ..

  • အချစ်ဆိုတာ ကြောက်စိတ်ကို ပယ်ပျက်စေသလို ရဲရင့်မှုကို ဂုဏ်ဆောင်စေတဲ့ သတ္တိ ..

  • အချစ်ဆိုတာ သတိရတက်မက်မှုကြောင့် ရယူလိုစိတ် ဖြစ်ပေါ်ခြင်းနှင့် မဖြစ်နိုင်မှန်း သိခြင်းစလို့ စွန့်လွှတ်ရခြင်းအဖြစ်ကို ပေးဆပ်ရတဲ့ ထွေပြားစေတဲ့အရာ ..

  • အချစ်ဆိုတာ ပြောရခက်ပေမယ့် ခံစားသိတဲ့ အာရုံတစ်ပါး ..

  • အချစ်ဆိုတာ တစ်ယောက်ထဲအတွက် ပိုင်ဆိုင်မှုများစွာကို လိုလားမိတဲ့ လောဘ ..

  • အချစ်ဆိုတာ ရေပျော်ငါးလို လူးလွန့်စေတဲ့ စိတ်ကြွမှု ..

  • အချစ်ဆိုတာ အတောင်အလက်နဲ့ ပျံသန်းနေရင်း အချိန်တန်ရင် ပျောက်ရှသွားမယ့် မမြဲခြင်းတရား (ခန္ဓာငြိမ်းသည့်အခါ) ..

  • အချစ်ဆိုတာ ကြင်နာယုယ အစဉ်သာနုပြစေသလို တစ်ခါတစ်ရံ အခန့်မသင့်လို့ လမ်းပျောက်ရင် ဆောင့်တတ်စေတတ်တဲ့ ဒေါသ ..

  • အချစ်ဆိုတာ ကိုယ့်ချစ်သူက ကိုယ့်တစ်ယောက်ထဲကို လူပုံအလယ် နှစ်ယောက်ကမ္ဘာငယ်မှာ အရမ်းချစ်ပြတာကို လိုလားမိတဲ့ ဆန္ဒ ..

  • အချစ်ဆိုတာ ငြီးငွေ့လွယ်ပြီး ထိတွေ့ကြွယ်သလို တိုးပွားချစ်စေတဲ့ ပြောင်းလဲမှုတစ်ခု ..

  • အချစ်ဆိုတာ လူ့ဘ၀ဖြစ်စဉ်မှာ ထူးကဲစွာ တွေ့ဆုံကြုံကွဲရတဲ့ ဖြစ်ရပ် ..

  • အချစ်ဆိုတာ တစ်ခါတစ်ရံ နှလုံးခုန်နှုန်းကို ပိုမြန်စေတဲ့ သွေးလည်ပတ်မှု ..

  • အချစ်ဆိုတာ နီးခြင်း ဝေးခြင်းထက် တန်ဘိုးထား မြတ်နိုးမှုအပေါ် မူတည်၍ ခိုင်မြဲစေတတ်တဲ့ ဆုံဆည်းခြင်း ..

  • အချစ်ဆိုတာ လူတွေ သတ်မှတ်ထားတဲ့ ပညတ်ချက်တစ်ခု ..

  • အချစ်ဆိုတာ ယုံကြည်မှုရှိရင် ပုံအပ်နှင်းတတ်တဲ့ မိုက်မဲမှု ..

  • အချစ်ဆိုတာ မချစ်တတ်သူ ၊ တန်ဘိုးမထားသူတွေအတွက် ဖယောင်းမီးလို ထွန်းညှိလင်းနေပေမယ့် အကာအကွယ်ပေးမထားမိရင် လေအတိုက်မှာ ဟုတ်ခနဲနဲ့ ဖျတ်ခနဲ ပျောက်ပျက်သွားတတ်တဲ့ အလင်းရောင် ..

  • အချစ်ဆိုတာ အချစ်ငတ်သူတွေအဖို့ ဟိုယောင်ဒီယောင်နဲ့ အချစ်လိုချင်ပြီး မရရှိတဲ့ အထီးကျန်ခြင်းတစ်မျိုး ..

  • အချစ်ဆိုတာ ချစ်နေတုန်းမှာ ကြည်နူးသလို အသည်းကွဲတဲ့အခါ ၀မ်းနည်းခြင်းစိတ်ကို အစပြုလို့ နာကြဉ်စေတတ်သလို ရှောင်ဖယ်လို့ မျိုသိပ်ကြိတ်မှိတ်တတ်ပြီး ပွင့်အန်ထွက်စေတဲ့ အပြုအမူနှင့်အတူ ရင်ဖွင့်ဖေါ် တိုင်ပင်ဖေါ် ရှိစေတတ်တဲ့ ဒွိဟများစေတဲ့ စိတ် ..

  • အချစ်ဆိုတာ မုန်းတီးခြင်းနှင့် နောင်တရစေမှုကို ဖြစ်ပေါ်စေတတ်တဲ့ မာန် ..

  • အချစ်ဆိုတာ အညှိုးအတေးတွေနဲ့ လုပ်ကြံတတ်သလို တစ်ကယ်မချစ် အစစ်မပါတဲ့ ဟန်ဆောင်မှုတစ်မျိုး ..(အချစ်စစ်မဟုတ်ရင်)

  • အချစ်ဆိုတာ မမေးပဲ မပြောပဲသိတဲ့ စကားဝှက်ရဲ့အဖြေ ..

  • အချစ်ဆိုတာ ကိုင်တွယ်မြင်တွေ့ ထိလျှင်မရပေမယ့် အိမ်ထောင်မှု တည်ဆောက်ချင်အောင် တွန်းအားပေးစေတဲ့ အာသီသ ..

  • အချစ်ဆိုတာ စိတ်အသိမှ ရင်ဘတ်အထိ မိပြီးတော့ ပါးစပ်ခံတွင်းမှ ပွင့်အန်ထွက်လာတဲ့ လေအသုံးတော်ခံစကား ..

  • အချစ်ဆိုတာ နောက်ဆုံးမှာ သဘာဝလောကကြီးနှင့်ယှဉ်ရင် မဖြစ်စလောက်ပေမယ့် လှုပ်ရှားရှင်သန်နေသူတွေအဖို့တော့ အချစ်ကြောင့် အရာရာကိုဖြစ်ပေါ်စေသလို ပြောင်းလဲစေတတ်တဲ့ သီအိုရီမရှိတဲ့ နိယာမတစ်ခု ..

  • အချစ်ဆိုတာ သေချာတစ်ခုကတော့ အချစ်ရှုံးလို့ လူဖြစ်ရှုံးရတဲ့ လူတွေရှိသလို အချစ်ခံလို့ အပြန်အလှန် အစစ်အမှန်တွေနဲ့အတူ ထာဝရမှာ ပျော်လျှက်သာ ဖြတ်သန်းကုန်လွန်စေတဲ့ လူဖြစ်ခြင်းနှင့် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေလို့ ဆုတောင်းရင်း ..

ညီမလေး ပန်းခင်း .. tag ထားတဲ့ အချစ်ဆိုတာကို ပြန်လည်ဖြေခြင်းပါ ..။
ညီမလေးလည်း သိချင်လှတဲ့ အတွေးကို ဖွင့်ဟရေးပြီးပြီမို့ ဒီလောက်နဲ့တင် ကျေနပ်ပါလို့ ပြောရင်း ..
အချစ်ဆိုသည်မှာ ဆိုတဲ့ ခေါင်းစဉ်နဲ့လည်း tag ပို့စ်တစ်ပုဒ် ရေးခဲ့ပြီးပါပြီ ..။

25 comments:

ကောင်းကင်ပြာ said...

အချစ်အကြောင်း ဒသနတွေ အကုန်မှတ်ထားလိုက်ပီ အရုပ်ကလေးရေ၊ရေးတတ်လိုက်တာ

မြတ်သွယ် said...

ဟူး... များကြီးပဲ
အကုန်ဖတ်သွားပါတယ် ကိုအရုပ်ကလေး
အချစ်ဆိုတာ အဲ့လိုလား ... :)

Anonymous said...

အချစ်ဆိုတာ. ခြိမ်းခြောက်ခြင်းကို ကြောက်တတ်ခြင်း
အချစ်ဆိုတာ. ဟိန်းဟောက်ခြင်းကို ရွံ့တတ်ခြင်း
အချစ်ဆိုတာ. အနိုင်ယူခြင်းကို ခံယူရခြင်း
အချစ်ဆိုတာ. တကိုယ်ကောင်းဆန်ခြင်းကို သီးခံရခြင်း

Sein Lyan Tun said...

သြော်.. အချစ် ဒဿန တွေ က တော်တော်များသားဗျ..
မှတ်သားသွားပါတယ်...
စာရေးကောင်းတယ်နော်..

မသက်ဇင် said...

"အချစ်ဆိုတာ"
လာဖတ်ပါတယ်---
ဗဟုသုတတွေ ရရှိပါတယ်--
လူ ရယ်----လို့ဖြစ်လာရင်--
အချစ်--
ရှိနေမှာပါ--

♥ Acacia ♥ said...

အဲ မိုက်တယ်ဟ သေချာမှတ်သားသွားပါတယ် ဖီလော တွေကတော့ အလန်း အလန်း :)

ကိုရင်နော်ခင်လေးငယ် said...

အရုပ်ကလေးရေ..

အချစ်အကြောင်းတွေ စုံလို့ပါလား...း)

“အချစ်ဆိုတာ မမေးပဲ မပြောပဲသိတဲ့ စကားဝှက်ရဲ့အဖြေ”

အဟက်... ဟုတ်ပါ့..း)

နွေးနေခြည် said...

အားပါး.. များလိုက်တဲ့ အချစ်တွေ.. မှတ်သွားတယ်နော်

ပန်းခင်းလေး said...

အချစ်ဆိုတာ နီးခြင်း ဝေးခြင်းထက် တန်ဘိုးထား မြတ်နိုးမှုအပေါ် မူတည်၍ ခိုင်မြဲစေတတ်တဲ့ ဆုံဆည်းခြင်း ..

အဲ့ ဒီ အတွေးလေးကို သဘောကျတယ်
ညီမလေး TAG တာကို သေသေချာချာတွေးပြီး
ဖြေပေးလို့ ကျေးဇူးတင်ပါတယ်

ကိုကြီးတစ်ယောက် အရာရာ အဆင်ပြေချောမွေ့ ပါစေလို့  ဆန္ဒပြုရင်း

ညီမလေး

ပန်းခင်း

ကိုတိုး said...

အချစ်အကြောင်းလေးဖတ်သွားတယ်အကိုရေ။ အကိုကအချစ်အကြောင်းကိုတော်တော်ရေးတတ်တယ်နော်။ အချစ်နဲ့ပတ်သတ်ပြီးတော်တော်ခံစားခဲ့ရဘူးလားမသိဘူးနော်။ အဟိ

My Diary said...

အချစ်ဆိုတာ
ဒါကိုးးး
ကမ္ဘာက သိအောင် အော်လိုက်ဦးမယ်
လောလောဆယ် အချစ်ဆိုတာ ရက်စက်ခြင်းပဲ

လင်းထက် said...

အချစ်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မှတ်သားလေ့လာသွားပါတယ်ဗျာ။။

Dream said...

ဝါးးးး ... အူးယုတ်ကတော့ လုပ်ချလိုက်ပြန်ပြီဟေ့...

ဒဿနတွေက ရေရေလည်လည် လန်ထွက်နေတာပဲ..... အချက်ပေါင်း ၃၀ ကို ထိထိမိမိ ထွက်ဆိုဖြေကြားသွားတယ်... အူးယုတ်တော်တယ်... ရော့..ကော်ဖီတစ်ခွက်...

အင်းး... အရှစ်..အရှစ်.... ယူဂျီးဒွေက အဲ့ဒါ ခက်ဒါပဲ... ထရေးဒွေဂို အရှစ်အကျောင်းဒွေ ရာရာတင်ပေးနေဒယ်.....

ချိတ်ညစ်ဒယ်..ချိတ်ညစ်ဒယ်... ခေးဒွေ ချိတ်ညစ်တယ်...ဟတ်ဟတ်.....

အထုမှ နယ်နယ်ဖဲ ချိပါတေးပါဒယ်ချိုနေမှ.. ဟတ်ဟတ်... အရှစ်အကျောင်းဒွေ တင်ယူရဒေါ့မယ်... :P :P


ဦးယုတ်တော်တယ်... တကယ်ပြောတာ... အရေးအသားနဲ့ အတွေးအခေါ် ထင်မြင်ယူဆ ချက်ကတော့ လေးစားတယ်...း))

(အချစ်...ဆိုသည်မှာ... ခံစားမှုတို့...မွေး...ဖွား...ရာ...နေ..ရာ.... ငါ..ကိုယ်တိုင် အချစ်ဟာ.. ဘာလဲ မသိတော့ပါ.... တခါတရံ.. အချစ်ဆိုတဲ့..အရာနဲ့... ဆုံဆည်း..လိုက်ချင်လည်း.. တခါတလေတော့ .. အချစ်နဲ့ ..ဝေး..ချင်...တယ်..... )
အဟဲ.. သီချင်းလေး ဆိုပြီး ပြန်သွားပါတယ်.. ခစ်ခစ်

နေ့အိပ်မက် said...

အချစ်ဆိုတာ အဓိပ္ပာယ်မဖွင့်ရင် ပိုအဓိပ္ပာယ်ရှိမယ်ထင်တာပဲ.. နေ့အိပ်မက်ထင်တာ ပြောပါတယ်....

emayarKhin said...

အချစ်ဆိုတာတွေတလှေကြီး
ဖတ်သွားတယ်......

lovelessguiter said...

အချစ်တွေ အချစ်တွေ ကြောက်တောင်လာပြီနော်...

မသက်ဇင် said...

အသစ်တင်လားလို့ထပ်လာသွားတယ်--

သက်တန့် said...

အချစ်ဆိုတာ...
အချစ်ဆိုတာ.....
အချစ်ဆိုတာ.......

အတွေးအခေါ် အားလုံးကို ထောက်ခံတယ်ဗျို့... :)

su wai said...

အချစ်ဆိုတာ ခံစားလွယ်သူအတွက် အလေ့ကျပေါက်တတ်တဲ့ ပန်းရိုင်းပွင့်..
အစွဲအလမ်းကြီးသူအတွက်တော့ နှလုံးသွေးနဲ့လောင်းပြီးမှ ပွင့်လန်းလာတဲ့ ပန်းတစ်ပွင့်..။

thinzar said...

ဒါလား အချစ်ဆိုတာ....
ဟုတ်သလိုလိုပဲနော်.......။

Phyo Maw said...

အင်း...

နောက်ထပ်လာဖတ်နိုင်ဖို့ လင့် သွားတယ်။

Min Myat Soe said...

ကျွန်တော့်သာရေး ခိုင်းလို.ကတော့ ဘာမှ ရေးတက်မှာ မဟုတ်၊ ဟီး

s said...

အချစ်ဆိုတာ ရှိုက်ထိလွယ်လို့ လှိုက်ဖိုမိစေတဲ့ စိုးရိမ်ကြောင့်ကြမှု ..


အချစ်ဆိုတာ လေယူရာတိမ်း ယိမ်းနွဲ့တတ်ပေမယ့် ယှက်ဖြာနေရင် ရုန်းမထွက်လို့ ယိမ်းမသွားစေတဲ့ စစ်မှန်ခြင်းသဘော ..


အားလုံးထဲက ဒီနှစ်ခုကိုပဲ ရွေးထုတ်လိုက်တယ် ပိုကြိုက်လို့၊အများကြီးပဲနော် အကိုက အချစ်ကြောင်းတော်၂သိတာပဲ ;)

မယ့်ကိုး said...

အရုပ်ကလေးရဲ့ လှလှပပ အချစ်၏ဒသနလေးတွေကို မှတ်သွားပါကြောင်း =)

desertraindrops said...

အချစ်ဆိုတာ နီးခြင်း ဝေးခြင်းထက် တန်ဘိုးထား မြတ်နိုးမှုအပေါ် မူတည်၍ ခိုင်မြဲစေတတ်တဲ့ ဆုံဆည်းခြင်း ..
တဲ့။။ ကောင်းတယ် အရုပ်လေးရေ။။