ပူပြင်းနွေမှာ ချစ်ခြင်းတူ

နှစ်ကိုယ်အတူ လျှောက်ကာလည်လို့
ဟာသတွေပြော အချစ်တွေနှော
တစ်ယောက်အကြည့် တစ်ယောက်သိပြီး
ရင်တွင်းအပျော် ထပ်ဆင့်ဆက်လို့
လက်ချင်းယှက်ပြီး စိတ်ချင်းဆက်တာ
လပြည့်နေ့ရဲ့ အချိန်ပိုင်းမှာ
ရွှင်မြူးခဲ့တဲ့ ချစ်သူနှင့်အတူ ...

ထိုင်ကာမှီနွဲ့ ငေးမောသက်လို့
ကောင်းကင်ကျယ်ပြင် ဆေးရောင်သန်းက
ကြယ်တစ်စင်းနှင့် ရောဖက်လှတာ
တူစုံကြည့်တဲ့ ဆည်းဆာခင်းမှာ ...

ကမ်ရေပြင်ရှေ့ ထိုင်နေရင်းက
နောက်ယွန်းဆီမှ ပဲ့တင်ထပ်သံ
ချိုတေးသံက ပျံလွင့်နေပြီး
နှစ်ဦးစိတ်မှာ ငြိမ်သက်နေတာ
တဒင်္ဂရဲ့ သံစဉ်တိုင်းမှာ ...

အပူပြင်းတဲ့ နွေလေဦးမှာ
ချွေးလေးတွေစို့ စိတ်နယ်ဖို့မှာ
လက်စုံအဖြာ အေးစက်ပုံက
သူမတူကာ ဆန်းပြားသလို
လန်းဆန်းစေတာ ဖလှယ်တွေ့ရဲ့
နယ်နိမိတ်တွင်း အသည်းကြားမှာ
စွဲပြောင်းထတဲ့ လန်းဆန်းဓါတ်ကို ...

အိမ်ပြန်ချိန်တန် အချိန်မှန်မှာ
နှစ်ကိုယ်တူတွေး စိတ်ဝယ်မေးက
မခွဲမခွာ ဒီအတိုင်းသာ
ဖြစ်ချင်နေစိတ် မျိုသိပ်ကြိတ်ပြီး
ကိုယ်စီလမ်းလေး လျှောက်ကာနှေးလို့
သတိတရ လွမ်းတေးညက
လမင်းနှင့်တူ ကြယ်စုံနေတဲ့
နီယွန်ညရဲ့ လမ်းမထက်မှာ ...

မတွေ့ရတဲ့ အချိန်တွေမှာ
မေ့ပျောက်မသွား မင်းပုံရိပ်က
သွေ့ခြောက်မနေ ဒီရင်ဘုံမှာ
စိတ်ဝယ်အတွင်း မြင်ယောင်မိတိုင်း
နွေလေပူမှာ ရွှေရင်အေးတယ် ...

ပူအိုက်စပ်တဲ့ နွေညတွေထဲ
လွမ်းတဝေေ၀ ညလေပြည်မှာ
ညင်သာတိုးတိတ် တမ်းတစိတ်က
အာရုံမှချီ သူ့ထံဆီသို့
ပျံ့လွင့်ကြွယ်ရင်း သိပ်ချစ်ပါ၏
အနုအလှနဲ့ ယုယတတ်တဲ့
ချစ်သူ့တစ်ယောက်ကို ...



14 comments:

flowerworld said...

တော်တော်လေးပူနေလားအကိုရေ ပူရင်လဲအိမ်ပြင်ထွက်ထိုင်ပေါ့ ဟိဟိ စတာနော် မီးလေးတို့မှာတော့လေလေးတစ်ဖြူးဖြူးနဲ့ အေးလို့

khin oo may said...

အော်..တပေါင်းလပြည့်နေ့ကိုး :P

My Diary said...

အော် လက်စသတ်တော့
တပေါင်းလပြည့်နေ့ကို တင်စားထားတာကို
ကဗျာက တန်းလန်းကြီး
ချစ်သူတစ်ယောက်ကို .....
ဘာဆက်ဖြစ်သေးလဲဟင်

may16 said...

ကဗျာလေးကောင်းတယ် လပြည့်နေ့ အတွက်ရော .. ချစ်သူအတွက်ရော ဆိုတော့

Kyaw Nyo Thway said...

အော်...သူလုပ်တာနဲ့ပဲ ချစ်သူကိုသတိရသွားပြန်ပြီ....
အော်..သက်မွန်..သက်မွန်...ဟီဟိ

မြတ်သွယ် said...

အိုးအိုး...
နုလှပေသည်
ဘာရဲ့ ဘာရဲ့
-မတွေ့ရတဲ့ အချိန်တွေမှာ
မေ့ပျောက်မသွား မင်းပုံရိပ်က
သွေ့ခြောက်မနေ ဒီရင်ဘုံမှာ
စိတ်ဝယ်အတွင်း မြင်ယောင်မိတိုင်း
နွေလေပူမှာ ရွှေရင်အေးတယ် ... -

ပိုချစ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ကိုအရုပ်ကလေး

sandar said...

ကောင်းမလေးတော့ ဘယ်လိုနေတယ်မသိဘူးနော် ကဗျာဖတ်သူတွေကတော့ အင်း ဒါဘဲ ပြောတော့မယ်

ပန်းခင်းလေး said...

စိတ်ဝယ်အတွင်း မြင်ယောင်မိတိုင်း
နွေလေပူမှာ ရွှေရင်အေးတယ် ...
ဒီစာကြောင်းလေးဖတ်ပြီး “ရွှေရင်အေး”တောင်
သောက်ချင်လာတယ် .. ၀ယ်တိုက် ... :P
ကဗျာလှလှလေးကို သေချာဖတ်သွားတယ်နော်

ချစ်သူကို တနေ့ ထက်တစ်နေ့ တိုးပြီးချစ်နိုင်ပါစေ
ချစ်သူဆီကလည်း ထပ်တူညီတဲ့ ချစ်ခြင်းတွေ ရရှိပါစေလို့  ဆုတောင်းပေးရင်း ....

lovelessguiter said...

အော်... တပေါင်းလပြည့်နေ့တဲ့... လိပ်ဥပဲတူးမနေနဲ့လေ.. ဘုရားလည်း ဖူးဦးမှပေါ့....ဟိ

စိုင်းစိုင်းလားရှိုး said...

ဟာ..... ကဗျာကောင်းလေး လာခံစားတယ် မိုက်တယ်!

ကောင်းကင်ပြာ said...

စကားလုံးလှလှလေးတွေနဲ့ သီကုံးထားတဲ့ ကဗျာလှလှလေးဖတ်သွားတယ်၊

အနုအလှနဲ့ ယုယတတ်တဲ့
ချစ်သူတစ်ယောက်ကို....ဘာဖြစ်တုန်း ဆက်လဲမရေးဘူး

မသက်ဇင် said...

"ပူပြင်းနွေမှာ ချစ်ခြင်းတူ"
တဲ့လား-----------
ကဗျာလေး ခံစားပြီးဖတ်သွားပါတယ်--
ပျော်ရွှင်ပါစေ--

thinzar said...

အော်အော်...
လပြည့်နေ့မှာ သူတို့က... ဟိဟိ
ပျော်ကြတယ်ပေါ့လေ
ကောင်း၏ ကောင်း၏

Mhu Darye said...

မမှီလိုက်တဲ့ နွေအကြောင်းကို..လာဖတ်သွားတယ်တဲ့...း)