ဟန်ဆောင်ချစ်လို့ ငွေဂုဏ်မောက်တဲ့ ကညာအို

သူငယ်ချင်းတစ်ယောက်အတွက် ခံစားပြီး ရေးဖွဲမိတာပါ .. အဲသူငယ်ချင်းနဲ့ ပတ်သက်တဲ့ ပြီး အရင်က ရေးခဲ့
ဖူးတဲ့ ကဗျာတွေက အလည်လွန် အမိငယ်ပွေလီ မချော

ရင်ဘတ်ထဲမှာ ထင်ဟပ်မိပြီး

စိတ်အာရုံမှာ နိမိတ်အာရုံရသလို
ကြိုသိနေလို့ နဂိုအတိုင်းဆို
အဆင့်တိုင်းဟာ မြင့်မြတ်ပါလား ...

အမှိုက်သရိုက်လို ဂိုက်ဆိုက်ပေးတဲ့
မင်းမူရာတွေ ဟိုက်ကျနေတဲ့
အဖြစ်တွေမို့ ဖြန့်ချသလိုပဲ,
မြင်မြင်သမျှ အချဉ်ပါဟ.. ဆို
လှစ်ဟာပြပြီး အပြစ်သာရှာလိုက်စမ်းပါ ...

လူ့အသိုင်းဝိုင်းက ပစ်စမ်းဆို
လက်တန်းမဲ့ ဒီလက်တစ်စုံက
တစ်သက်မလွမ်းလို့ မင်းလုပ်ဆောင်မှု
ဦးနှောက်တစ်စုံကို ခွင်းဖေါက်လိုက်မယ်
ခံရခဲ့တဲ့ ယောက်ျားတွေတွက် ...

လော်လီဖေါက်ပြား ရာသီတွေကြား
လှည့်ဖြားနေလို့ လူမသိ..သူသိ,
မြှောက်တက်ပြီး ဆောင့်တက်ရင်တော့
မှောက်လျှက်သာ ပြုတ်ကျမယ့်
မင်းအဖြစ်တွေကြား အနှစ်မပါ
ရုပ်မထွက်လို့ ပုပ်စပ်နေမယ် ...

မြန်စွာမနှေး လာပြီအပြေး
ရာသီနွေးလို့ ပူလောင်ဆွေးဆို
ယူပစ်သလို အပူချစ်ကြောင့်
တယူသန်ပြီး ရူပါယံလေးမှာ
မူမမှန်သလို ဒဏ်ခံနေရဦးမယ် ...

အောက်ခြေအမြစ် စိုက်နေအဖြစ်မို့
တိုးထွက်ချင်လို့ တင်းလျှက်သန်လည်း
ငြင်းလျှက်မှန်မို့ မဖြစ်တာသိ

မင်းအကြည့်က ထောင်နေမြစ်ဆို
လောကဓံကြား မိုးမှောင်စွမ်းလို့
ကျွတ်ထွက်စိုင်မှ ပြုတ်လျှက်ထောင်သာ
လဲလျောင်းတစ်ဖြစ် ဇောက်ထိုးမြစ်ပဲ
ဖြစ်နေမှာကို နားမလည်လို့်
ပါးလည်မယ်ဆို ရိုက်သူအရှုံးပဲ
ဖြစ်ရချည်ရဲ့ ..

အတွေ့အကြုံနဲ့ ရက်စက်ပုံက
သံသရာမှာ ၀ဋ်မကြောက်လို့
အချစ်ပျောက်ဆို ဟိန်းဟောက်ကာလည်း
ခြိမ်းခြောက်စမြဲ မင်းအကျင့်က
ဗုန်းလိုကျ ကျင်းတွေလို
အနိမ့်အမြင့်နဲ့ စကားလုံးကြား
ထွေပြားစေအောင် ဇမ်းတခတ်နဲ့
အကြမ်းဖက်နေတာ ရှက်သင့်ပါတယ် ...

စွမ်းစွမ်းတမံ ကမ်းလှမ်းတာလည်း
စွမ်းအားအမှန် ဓနအားမာန်ဆို
ဟန်ရေးပြလို့ စွန်ရေးခွင်းတာ
သုတ်ကနဲနဲ့ ဖြတ်ခနဲဆို
ရသွားပေမယ့် မင်းလက်ထဲရောက်
အဆိပ်အတောက်နဲ့ မျိုးပါပျောက်လိမ့်မယ် ...

မိန်းမရိုင်းတဲ့ ...
သီချင်းလို ဟစ်ကြွေးဆိုတော့
လူ့အမြင်မှာ တင်စားခံရတဲ့
မင်းအဖြစ်ဆိုး ရာဇ၀င်မျိုးမှာ,
ကောင်းခြင်းကြွယ်ကြွယ် ထင်မြင်လေတော့
မိန်းမဆိုးလို အရှိန်တိုးပြီး
နဘေထပ်လို့ စည်းချက်ပျက်လည်း
သံသာစည်တော် မြည်သံထွက်တော့
တီးချက်တွေမှာ အသက်မပါလို့
ကချက်ပျက်တာ မှေးကမနေနဲ့ ...

နှလုံးသားမှာ အရှင်လတ်လတ်
လောင်မြှိုက်သွင်းလို့ အခိုးငွေ့နဲ့
အရိုးဆွေး ပြာမှုန်အဖြစ်ဆို,
သုံးစားမရလို့ မြှုပ်နှံရတာတွေ
လူတကာသိလို့ ဗျူဟာစစ်ဆို
ထိုးစစ်ဆင်လို့ မျိုးဆက်ဖြုတ်တာ
ဘယ်နှစ်ကြိမ်လဲ .. စဉ်စားမိလား ...

ဟန်ဆောင်ချစ်တွေနဲ့ ငွေဂုဏ်တွေကြား
မက်မောလွန်းလို့ စိတ်ဇောကပ်ရင်
တစ်သက်စာမှာ အမြတ်မပါလို့
ထွက်သက်မှာ ကပ်ပါငြိပြီး
မင်း ...မကျွတ်တမ်းနေမယ် ...

ဘ၀အရေး ပြောပြီမနှေးလို့
မြန်စွာဆင်ခြင် အမိုက်မှောင်တစ်ခွင်မှာ
အကဲစမ်းလို့ ပွဲတော့မကြမ်းနဲ့
ဇာတ်သိမ်းမှာ အမှိုက်သိမ်းခံရမယ် ...

မင်းဘ၀ မင်းအလှကို
ဗန်းပြလို့ မနှမြောဆို
လူဖြစ်ကျိုးမှာ အဖြစ်ဆိုးနေမယ် ...

ဖြစ်လာရတဲ့ ဝေဒနာမှာ
အမှုကောင်ဟာ မင်းတစ်ယောက်ပဲမို့
စွန့်ခွာကာ လင်းဆောင်ပေးပြီး
ပြုသမျှ မင်းအတွက်က
သာသနာအရောင် ဘ၀တန်ဆောင်ကို
ရှေးရှု့လို့ တိုးပွားလိုက်စမ်းပါ ..

18 comments:

အိန္ဒြာ said...

ရေးနိုင်လိုက်တာ...
ကဗျာက အသံသွင်းပြီး..သီချင်းလုပ်ရင်တောင်ပိုလှမယ်
အတွေးအားကောင်းပါတယ်...

Anonymous said...

ဟန်ဆောင်ချစ်တွေနဲ့ ငွေဂုဏ်တွေကြား
မက်မောလွန်းလို့ စိတ်ဇောကပ်ရင်
တစ်သက်စာမှာ အမြတ်မပါလို့
ထွက်သက်မှာ ကပ်ပါငြိပြီး
မင်း ...မကျွတ်တမ်းနေမယ် ...

တစ်ကယ်ထိတယ်။ အကိုက တရားသဘောလေးပါ ထည့်ပြောသွားတာ... ကောင်း၏။ ဂယ်ပြောတာ... ကဗျာ အကယ်ဒမီဆုပေးမယ်.... အဟိ... ပေးမဲ့သူတွေ လက်ထောင်ကြပါ....

WWKM said...

ဖတ်သွား၏။ ကောင်း၏။

ကောင်းကင်ပြာ said...

ရင်ထဲက ခံစားပြီး ထွက်လာတဲ့ ကဗျာ လှလှလေး ခံစားပီးဖတ် သွားတယ်နော်

Ðaywalker[Soul] said...

ကဗျာသုံးပုဒ်ကို ပေါင်းလိုက်တဲ့အခါ ကောင်မလေးတစ်ယောက်ရဲ့ ပုံစံက ရှင်းရှင်းလင်းလင်း ပေါ်လာတယ်။ အဟောင်းတွေကို လင့်ပေးထားလို့ ဒီကဗျာလေးက ပိုကြွသွားတယ်။

ပန်းခင်းလေး said...

ကဗျာကောင်းလေး ဖတ်သွားတယ်
ပျော်ရွှင်ပါစေ !

Anonymous said...

မိန်းမရိုင်းတစ်ပိုင်းကျကျ မိန်းမတစ်ယောက်ကို စကားလုံးရောင်စုံတွေ သုံးပြီး ကဗျာစုတ်ချက်နဲ့ ရေးခြစ်ထားလိုက်တာ အရှေ့က ကဗျာနှစ်ပုဒ်ထက် ပိုလို့ အသက်ဝင်ပုံပေါ်ပြီး ... ခံစားမှုအမြင်အာရုံထဲ သဲကွဲသထက် သဲကွဲပြီး ... မြင်ယောင်လာတယ်ညီ ... ညီရဲ့ လက်ရာကတော့ အရင့်အရင်ကတွေထက် ပိုလို့ တောက်ပနေတော့တာပဲ ... ဂုဏ်ယူလျှက်ပါညီ ... ။

ခင်မင်တဲ့ ချစ်ကို

မသက်ဇင် said...

ကဗျာရှည် တပုဒ်ပါလား--
ရေးတတ်လိုက်တာ--
ပျော်ရွှင်ပါစေ---

may16 said...

ကဗျာအရှည်ကြီး ကို အကြာကြီးဖတ်သွားပါတယ် ...

su wai said...

မိန်းမရိုင်းတဲ့ ...
သီချင်းလို ဟစ်ကြွေးဆိုတော့
လူ့အမြင်မှာ တင်စားခံရတဲ့
မင်းအဖြစ်ဆိုး ရာဇ၀င်မျိုးမှာ,
ကောင်းခြင်းကြွယ်ကြွယ် ထင်မြင်လေတော့
မိန်းမဆိုးလို အရှိန်တိုးပြီး
နဘေထပ်လို့ စည်းချက်ပျက်လည်း
သံသာစည်တော် မြည်သံထွက်တော့
တီးချက်တွေမှာ အသက်မပါလို့
ကချက်ပျက်တာ မှေးကမနေနဲ့ ...

ဒီအပိုဒ်ဖွဲ့ထားတဲ့ အတွေးလေးကောင်းတယ်..သီချင်းတွေမှာ မိန်းမရိုင်း တို့၊ မိန်းမဆိုး တို့လို တင်စားထားတာတွေရှိတော့ တချို့မိန်းကလေးတွေက အဲဒါကို အကောင်းထင်ပြီး ပိုဆိုးတတ်ကြတယ်။

emayarKhin said...

ရေးချက်ကတော့စံပါပဲ....
အမရာကဗျာကဘယ်တာ့မှမရှည်ဘူး....
နဲနဲပါးပါးသင်ပးပါဦး.....
ကဗျာအရမ်းကောင်းတယ်....

Dream said...

ကဗျာလေးက လန်းတယ်... တော်တော်လည်း ရေးစပ်နိုင်တယ်... နော်...

နောက်ကျ ကဗျာစာအုပ် ထုတ်မယ်... အဟဲ

Min Myat Soe said...

ကဗျာဆိုလို. အစ်ကိုနဲ. ဖြိုးဝေတိုးကဗျာတွေပဲ အများအားဖြင့် ဖတ်ဖြစ်တယ်၊ ဒီကဗျာလေးလည်း သဘောကျပါတယ် အစ်ကို

မြတ်သွယ် said...

သရုပ်ဖော်ပုံတွေ စုံစုံလင်လင် ကဗျာစာသားတွေလဲ မထပ်ဘူး
ခံစားရေးဖွဲ့ထားတာလေးကို လေးစားမိပါတယ်
း)

ဂျူနို said...

ကပ်ပါးပင်တွေကျတော့ အမြစ်က အစာရနိုင်မဲ့နေရာ လျှောက်သွားတတ်တာကိုး။ မှီတဲ့အပင်ရှိနေရင်တော့ မိုးပေါ်ရောက်အောင် ထောင်တက်တတ်တဲ့ သဘာဝရှိတာ ကပ်ပါးပင်တဲ့။

My Diary said...

ကဗျာလေးဖက်ရတာ ပညာသားပါတယ်။
မေဒီဇာရေ တို့လက်ထောင်သွားတယ်

အိုင်လွယ်ပန် said...

အင်း
ခံစားချက်ပြင်းတဲ့စာသားတွေပါပဲ ....makeyine

အိုင်လွယ်ပန် said...

ကောင်းသောနေ့ပါလို့
မြန်မာလိုရေးလိုက်တာဗျ ...

ဘယ်နှယ့် ဒီစာသားပေါ်လာတယ်မသိ :P

ကောင်းသောနေ့ပါဗျာ :)