လွန်ဆွဲလို့ ဒွန်တွဲနေတဲ့ ဒီသံသရာ (၁)

အခုတလော ဖြစ်ပျက် သိမြင်ကြားတာတွေကို ကြုံနေရရင်း အတွေးလေးတွေ ၀င်လာလို့ချရေးလိုက်တာပါ ..။ အချစ်ကို ခံစားတတ်သူ လူသားတွေအဖို့ပေါ့ ၊တန်ဘိုးထားတာနဲ့ ပတ်သက်ပြီး ကနဦး ပြောပါရစေ ၊ဘာသာဘာဝ မတူညီတဲ့ ယောက်ျားလေး မိန်းကလေးတွေ ချစ်တာနဲ့ ပတ်သက်ပြီး တန်ဘိုးထားမှုဆိုတာ စာဖတ်သူတွေ ဘယ်လိုမြင်လဲ ..။ အသက်အရွယ်နဲ့ ပတ်ဝန်းကျင်ရဲ့ ဓလေ့စရိုက်တွေကြောင့် အချစ်ကို ခံယူထားတာတွေ မတူဘူးဆိုတာရောမှန်လား၊ (ကျွန်တော့်အထင်တော့အနည်းငယ်သက်ဆိုင်မယ်လို့ထင်မိတယ်) မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးတစ်ယောက်က စချစ်လို့ ကြိုးစားနေပြီဆိုပါတော့၊ ကြိုးစားရင်း လွယ်ကူစွာနဲ့ အချိန်တိုတွင်းမှာ ဖြစ်ဖြစ် တစ်ခဏအတွင်းမှာဖြစ်ဖြစ် မိန်းကလေးက ထိုယောက်ျားလေးကို အဖြေပေးလိုက်တယ် ..နောက် လက်တွဲကြတယ်ပေါ့ ..အဲလို လွယ်ကူစွာနဲ့ ရတဲ့ အဖြေနဲ့ပတ်သက်ပြီး မိန်းကလေးတစ်ယောက်အပေါ်တန်ဘိုးထားမှု မထားမှုဆိုတာ ခံယူထားတဲ့ ပုဂ္ဂိုလ်အပေါ်မှာပဲ မူတည်သလို နှစ်ဦးစလုံးနဲ့လည်း သက်ဆိုင်မယ်လို့ တွေးမိပါတယ် ၊ လွယ်ကူစွာနဲ့ ပေးမိလို့ င့ါကိုတန်ဘိုးမထားတာနေမှာ ဆိုပြီး တစ်ချို့မိန်းကလေးတွေ တွေးကြ ပြောနေကြတာတွေ တွေ့ဖူးတယ် .. လူဆိုတာ လူချင်းတူပေမယ့် စိတ်ချင်းမှ မတူကျတာ ..။ မိန်းကလေးတစ်ယောက်အချစ်ကို လွယ်ကူစွာရပြီး တန်ဘိုးထားတတ်တဲ့ ယောက်ျားတွေ အများကြီးရှိသလို လွယ်ကူစွာ မရတဲ့အချစ်ကို တန်ဘိုးမထားတဲ့ယောက်ျားတွေလဲ အများကြီးပါ ..။ အဓိကတော့ တန်ဘိုးထားခြင်း မထားခြင်းမှာ နှစ်ဦးစလုံးနဲ့သက်ဆိုင်တယ်လို့ ကျွန်တော်ပြောချင်တာပါ ဘာသာရေးအရပြောရင်လည်း ထိုနည်းလည်းကောင်းပဲ ..။ ရေစက်ဆုံ ဖူးစာပါမှလည်း ဆုံးဆည်းခြင်းကို အခြေပြုလို့ အိမ်ထောင်တစ်ခု ဖြစ်လာတာပါ ..။ နောက် ပင်ကိုယ်ဗီဇလည်း ပါမယ် ..။..။ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို စချစ်တယ်ဆိုပါစို့ ...။ အစကတော့ ကိုယ့်စိတ်ထဲ ဒီကောင်မလေးကို တစ်ကယ်ချစ်တာ ကြိုက်တာ ဆိုပြီး ကြိုးစားတယ် ..။နောက် အဆင်ပြေသွားကြတယ်ပေါ့ ..။ အဲလိုနဲ့ချစ်သူတွေဖြစ်တဲ့ အခါမှာတစ်လထက်တစ်လ တစ်နှစ်ထက်တစ်နှစ်ဆိုပါတော့ ၊ အဲလို အနေအထားမျိုးမှာ အားနည်းချက်တွေ တွေ့လာတာတွေလည်း ဖြစ်နိုင်သလို စိတ်အသိကိုက နောက်တစ်ယောက် ဒါမှ မဟုတ် အရင်ထားခဲ့ဖူးတာတွေကို အမှတ်မထင်သတိရတတ်တာတွေ စွဲလန်းတာတွေ စသည်ဖြင့် ဖြစ်လာတာရယ်ကြောင့် လက်ရှိကိုယ့်ချစ်သူကို ဖြတ်ပစ်ကြတတ်ပါတယ် ..။ ဒါဟာ ဆိုးရွားချက်တစ်ခုလို့ အပြင်ပန်း သုံးသပ်လို့ ရပါတယ် ..။ တစ်ကယ်တမ်းတော့ အချစ်ဆိုတာ လူတိုင်းမဟုတ်တောင် တော်တော်များ ကြုံတွေ့ခံစားနေရသူတွေမို့ ဖြစ်ပျက်တတ်တဲ့ သဘောတရားလေးကို နားလည်သင့်ပါတယ် ..။အချစ်ဆိုတာ ချစ်ပါ .. ချစ်နိုင်လေကောင်းလေပဲ..။ကိုယ့်ကိုယ်ကိုတောင် ချစ်ဖို့ခဲယဉ်းတာ သူများကို ချစ်နိုင်တာ ကောင်းခြင်းတစ်ခုပေါ့ ..ချစ်တာခြင်းတွေတော့ မတူဘူးပေါ့လေ .. တန်ဘိုးထားတာနဲ့ ပတ်သတ်လို့ အဓိကတော့တန်ဘိုးထားတာ မထားတာနဲ့ ပတ်သက်ပြီး နှစ်ဦးစလုံးနဲ့ သက်ဆိုင်သလို ယောက်ျားလေးတစ်ယောက် ခံယူထားတဲ့ စိတ်သဘောထားလေးတွေနဲ့လည်း အများကြီး အကျုံးဝင်ပါတယ်.။ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး စာတိုလေးတွေ အနေနဲ့ အတိုချုပ်ပြီးပဲ တင်ပါ့မယ် .. (ကျွန်တော့်အမြင်လေးတွေကို ).. စာဖတ်သူများ နားလည် ခံစားနိုင်ပါစေ ..။ ညီမလေး တစ်ယောက် မေးတာလေးနှင့် ပတ်သက်ပြီး အတွေးလေး ၀င်လာလို့ ရေးဖြစ်သွားတာပါ ..။ နောက်လည်း တွေးမိတာလေးတွေကို ခွဲပြီး ရေးဖြစ်ဦးမှာပါ..။

6 comments:

ပီကေ said...

အပြစ်ကင်းစင်နေလို့ ချစ်ခဲ့ကြတာမှ မဟုတ်ဘဲ။
အပြစ်မြင်တော့ မချစ်ကြတော့ဘူးလား။

လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိတာမို့ အပြစ်မြင်လို့ ကွေကွင်းရတယ်ဆိုတာ သိပ်တော့ သဘာဝမကျလှဘူး။ အဓိက ပြဿနာက နားလည်မှု မရှိလို့ပဲလေ။ နားလည်မှု မရှိခြင်း ဆိုတာထက် နားလည်မှုမပေးခြင်းက အချစ်ရဲ့ အဓိက ရန်သူပဲ ဖြစ်လိမ့်မယ်။

ချစ်ခဲ့ကြတဲ့ အချိန် တိုတယ်၊ ရှည်တယ် ဆိုတာထက် အတူနေခွင့် ရတဲ့ အချိန်ပိုင်းလေးမှာ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက် အတိုင်းအတာအထိ နားလည်သွားသလဲဆိုတာ အချစ်ရဲ့ အသက်ပါ။

အခြေအနေ မတူညီတဲ့ လူသားနှစ်ဦး ပေါင်းစပ်ဖို့ ကြိုးစားရာမှာ အချိန်ကြာလာတာနဲ့ အမျှ မတိုက်ဆိုင်မှုတွေ ပိုပိုပြီး တွေ့လာမှာ သေချာပါတယ်။ တစ်ခါတလေမှာ ညှိလို့ကို မရတဲ့ ကွာဟမှုတွေ ဖြစ်နေတတ်တယ်။ အတင်း ဆွဲညှိဖို့ ကြိုးစားတာထက် နှစ်ဦးနှစ်ဖက် နားလည်ပေးနိုင်အောင် ကြိုးစားခြင်းက အကောင်းဆုံး ဖြေရှင်းနည်းလို့ ယူဆမိတယ်။

နာမည်လေးကို သဘောကျတယ်။ ဒါပေမယ့် လွန်ဆွဲလို့ ဒွန်တွဲနေတဲ့ ဆိုတာထက် ဒွန်တွဲလို့ လွန်ဆွဲနေတဲ့ လို့ သုံးရင် ပိုသဘာဝကျလိမ့်မယ် ထင်တယ်။ ဒွန်တွဲနေလို့သာ လွန်ဆွဲရတာပါ။ အဝေးတစ်နေရာစီ ဆိုရင်တော့ ဖာသိဖာသာပေါ့။ နေနဲ့လဟာ အတူဒွန်တွဲနေကြရင်း နေ့နဲ့ညအဖြစ် အပြိုင်လွန်ဆွဲနေကြတယ်။ နေ့ဖြစ်ဖို့က ည လိုသလို၊ ညဖြစ်ဖို့က နေ့က လိုကိုလိုတယ်လေ။ ချစ်သူတွေအတွက်လည်း ဒီလိုပါပဲ။

အရုပ်ကလေး said...

အစ်ကို ပီကေရေ ..
အစ်ကိုပြောသွားတဲ့ အချက်အလက် အတွေးလေးအတွက်
ကျေးဇူးပါခင်ဗျာ ..။ အစ်ကိုဆိုလိုသွားတာလေးတွေကို ညီ လက်ခံပါတယ် အစ်ကို ..။

Ðaywalker[Soul] said...

အချစ်ဆိုတာကို... ဘယ်လိုပြောရမှန်း မသိပါဘူးဗျာ၊ လက်တွေ့ထဲရောက်သွားရင် တစ်မျိုးပြောင်းသွားမလာား ကြောက်တာ...။

စိုင်းစိုင်းလားရှိုး said...

အရိုရို........ အချစ်အကြောင်းတွေ စီကာပတ်ကုံးနဲ့ ရေးတတ်လိုက်ကြတာ။ အချစ်ဆိုတာ ဘာလည်း ????

su wai said...

အချစ်၊ ဖူးစာ၊ တန်ဖိုးထားမှုတွေကို တွေးပြီးရေးပြထားတာ ကောင်းသလို ကိုပီကေ့ကော်မန့်ကိုလဲ သဘောကျမိတယ်။ တန်ဖိုးထားမှုဆိုတာ အချိန်ကာလဆိုတာထက် စိတ်ခံစားမှုနဲ့ပဲ ဆိုင်တယ်လို့ မြင်ပါတယ်။ ဒီလူကို တန်ဖိုးထားသင့် မထားသင့်ဆိုတာကတော့ သူ့ရဲ့ အပြုအမူတွေအပေါ်မှာ ကိုယ်ပိုင်အသိဥာဏ်နဲ့ ဆန်းစစ်ကြည့်ရမှာပေါ့။ ဘယ်သူမဆို တကယ်ချစ်ရင်တော့ ကိုယ့်ချစ်သူကို တန်ဖိုးထားကြမယ်လို့ ထင်ပါတယ် ( ကိုယ့်အနေနဲ့ တွေးပြီးပြောတာပါ )။
အချစ်ဆိုတာ ချစ်နိုင်လေ ကောင်းလေပဲဆိုတော့ လူတစ်ယောက်က မတူညီတဲ့ချစ်ခြင်းနဲ့ လူတွေ အများကြီးကို ချစ်လို့ရတယ်လို့ ပြောချင်တာပေါ့နော်.. အဲဒီအကြောင်းကိုတော့ လက်တွေ့စမ်းသပ်ကြည့်ပြီးမှပဲ ဆွေးနွေးတော့မယ် :P

may16 said...

အချစ်မှာ အချိန်တွေထက်. နားလည်မှုတွေပေး ရှိရင်တော့. အစစ အရာရာ ဟာ အချိန်ကြာလာတာနဲ့ အမျှ အားလုံးအဆင်ပြေမယ်ထင်ပါတယ်ရှင်..