သူရူးစိတ်

ဆေးသားတစ်စက်မှ မကျန်အောင်
အရောင်ပြယ်လွင့်ခဲ့တဲ့ အိပ်မက်အကြောင်း
ငါ ... တစေ့တစောင်းနဲ့ လေ့လာမိနေဆဲ ...

ရေပြင်အပေါ် ဖြတ်တိုက်သွားတဲ့
လေပြည်ထုရဲ့ အားမာန်အပြုကြောင့်
ဝဲဂယက်ကြားမှာ စုန်းစုန်းမြုတ်ရမဲ့အဖြစ်တစ်ခုနဲ့
ငါ ... ရုန်းထွက်ဖို့ ခွန်အားမဲ့နေခဲ့တယ် ...

တစ်ကယ့်လက်တွေ့မှာ ငါ့အတွက်ကြမ္မာက
အကွက်ငယ်အတွင်းမှာ ရွက်ဖျင်ထိုးသလိုပဲ ..
အချိန်တန်ရင် ဖြစ်တည်ရာမှာ
အနှစ်ချီမပါတတ်သလို ..
အစသက်သက်မှာပဲ အဆုံးသတ်ကပေါ်လာတတ်တာ
ပွဲအစရဲ့ လှမ်းတပြစာထင်ပါရဲ့ ...

အဆိပ်ဆူးရယ် ..
သုတ်လိမ်းသူ သူ့အတွက်
တစ်ခါတစ်ရံမှ အဆိပ်သင့်တတ်ပေမယ့်
စိုက်ဝင်သူ အဖို့တော့
အဆိပ့်ရဲ့ရလဒ်တွေကို ခံစားရရင်း
တစ်နေကွယ်ပျောက်လို့
ခွေခေါက်ခဲ့တာ မင်းအသိနဲ့
မျော့စင်းထိနေပြီ ...

ငါ ... မလွမ်းပါဘူး
ငါ ... မဆန်းပါဘူး
ဒီလိုနဲ့ပဲ ဆန်းပြားတဲ့အဖြစ်တွေနဲ့
အလွမ်းရိုးကိုလည်း ..
ငါ .. ကျော်ဖြတ်နေရပြီ ...

အချင်းမိုင်မရှိတဲ့ အကွာအဝေးတစ်ခုအတွက်
နှိုင်းပြစရာမရှိ တိုင်းတာစရာမရှိနဲ့
လက်မှိုင်ကျနေတဲ့ ငါ့အသွေးအသားပေါ်ထွန်းမှု
ဒီအရေးအသားတွေကြား ..
ဗျာများခဲ့ရတာလည်း ကြာပါပြီ ...

အိပ်မက်တွေကို အကောင်ထည်ဖေါ်ရင်း
ဟိုးအဝေးက ..
ဥသြသံမပြုတဲ့ ရထားတစ်စင်း
ရိပ်ခနဲနဲ့ သိမ့်ကနဲဖြစ်သွားအောင်
ခုတ်မောင်းအသွား ..
ငါ့ရဲ့ .. စိတ်ကူးသရုပ်တွေလည်း
သူနှင့်အတူ လိုက်ပါစီးမျောရင်း
မှုန်ပြပြနဲ့ မှေးမှိန်ပျောက်ကွယ်ခဲ့ပြီ ...

ရင်ခုန်သံကျူးရင့် ..
နှလုံးသားတွေ တဆတ်ဆတ်နာကျင်ရင်း
မနာနိုင်တဲ့ ဒီအသည်းမှာ
တစ်ခါပြန်ပြီး မရနိုင်တာသိပေမယ့်
ဝေးခွင့်မရချင်တဲ့ စိတ်တွေက
အကြိမ်ကြိမ် နှိုးစက်သံပေးနေတယ် ...

လတ်ဆတ်ဆဲ အတိတ်နေ့ရက်တစ်ချို့ဟာ
အမှတ်ရဆဲ င့ါအသိတွေကြားမှာ
အလွမ်းမျက်နှာစာနဲ့ ဥပေက္ခာမူကို
လက်ဝယ်ပိုင်ဆိုင်မိနေသလား ...

စိတ္တဇလည်း .. မဆန်ပါဘူး
အိပ်မက်တွေလည်း .. မပျက်သုဉ်းဘူး
သို့ပေမယ့်လည်း ..
အလျင်းသင့်စွာနဲ့ပဲ အိပ်မက်တွေပျက်သုဉ်း
တစ်နေ့တာ ကုန်ဆုံးလို့
အို ... ပြောမဆုံးနိုင်တဲ့
စိတ္တဇဆန်အဖြစ်တွေ ..

ငါ .. မသိဘူး
ငါ .. မကြည့်ဘူး
ဒါပေမယ့် မင်းအကြည့်တွေအောက်မှာပဲ
င့ါရဲ့ မသိခြင်းတွေက
လိမ်ညာမှုအဖြစ် သရုပ်ပေါ်ခဲ့ရပြီ ...

မိုးစင်စင် မလင်းသေးဘူး
ညသန်းခေါင်လည်း မရောက်သေးဘူး
သို့ပေမယ့် ..
သန်းခေါင်ယံအောက်မှာပဲ
မိုးစင်စင်လင်းခဲ့တာ ကိုယ့်အတွေးကြားကပဲ
မင်းကြောင့်လို့ ထင်ပါရဲ့ ...

လွန့်လူးစွာနဲ့ အခြေမတည်နိုင်တဲ့
ဘ၀ကြားမှာပဲ ..
တစ်နေ့တာတွေကုန်ဆုံး
မနက်ခင်းစရဲ့ အာရုဏ်ဦးကို
မျှော်တွေးပြီး သူရူးစိတ်တွေနဲ့
ဘုံနန်းတစ်ခုကို ခြေတစ်လှမ်းနဲ့
ငါ .. ဆက်လျှောက်နေဆဲ ...

21 comments:

နှင်းဆီနက် said...

good idea, i like this poem

ဝေလေး said...

ဝိုးး ကဗျာက အရှည်ကြီးပါလား မိုက်တယ်...


အချိန်တန်ရင် ဖြစ်တည်ရာမှာ
အနှစ်ချီမပါတတ်သလို ..
အစသက်သက်မှာပဲ အဆုံးသတ်ကပေါ်လာတတ်တာ
ပွဲအစရဲ့ လှမ်းတပြစာထင်ပါရဲ့ ...

ဒီနေရာလေးတော်တော်ကြိုက်တယ်..

ကောင်းကင်ပြာ said...

ကဗျာရှည်ရှည် လှလှလေး လာဖတ်တယ်၊ ရေးသူနဲ့ အတူ ခံစားဖတ်သွားတယ်နော်

khin oo may said...

ငါ .. မသိဘူး
ငါ .. မကြည့်ဘူး
ဒါပေမယ့် မင်းအကြည့်တွေအောက်မှာပဲ
င့ါရဲ့ မသိခြင်းတွေက
လိမ်ညာမှုအဖြစ် သရုပ်ပေါ်ခဲ့ရပြီ ...


(တို့က အဲဒီအပိုဒ်ကိုကြိုက်တယ်။)
သူကြည့်ရုံနဲ့ မနေတတ်ဖြစ်သွားတာကို သူမိသွားသလိုဘဲ။

ကံကောင်းသူ said...

ကိုယ်လည်းရုးချင်နေတာနဲ့အတော်ပဲ
ဖတ်ရင်းလိုက်ပါရူးသွပ်သွားတယ်နော်...

thinzar said...

စာသားလေးတွေ အရမ်းလှတယ်ကိုအိကုရေ....
ရေးလည်းရေးတတ်ပါပေ့..။

ကဗျာဦး said...

လွန့်လူးစွာနဲ့ အခြေမတည်နိုင်တဲ့
ဘ၀ကြားမှာပဲ ..
တစ်နေ့တာတွေကုန်ဆုံး
မနက်ခင်းစရဲ့ အာရုဏ်ဦးကို
မျှော်တွေးပြီး သူရူးစိတ်တွေနဲ့
ဘုံနန်းတစ်ခုကို ခြေတစ်လှမ်းနဲ့
ငါ .. ဆက်လျှောက်နေဆဲ ...

ဟားးးးးးးးးးးးးကဗျာ တပုဒ်လုံး မိုက်တယ်

Kyaw Nyo Thway said...

မိုက်တယ်ဗျ
ကဗျားလေးကောင်းတယ်

sait phay yar said...

ကဗျာကောင်းလေးနော်
ခံစားသွားပါတယ်

ကိုတိုး said...

ကဗျာလေးက အရှည်ကြီးနဲ့တော်တော်လေးကောင်းတယ် ကိုယ်လည်းနည်းနည်းလေးရှုးချင်နေတာ ဖတ်လိုက်ရတာ ရှုးသွပ်သွားတဲ့အတိုင်းပါပဲနော်။ အဆင်ပြေပျော်ရွှင်ပါစေဗျာအကိုရေ။



ခင်မင်တဲ့
ကိုတိုးလေး

su wai said...

ခေါင်းစဉ်နဲ့ လိုက်ဖက်တဲ့ ကဗျာကောင်းလေးတစ်ပုဒ်...။
လူဆိုတာ စိတ်အတွေးတွေနဲ့ တစ်မျိုးစီ ရူးနေကြတဲ့ သူတွေချည်းပါပဲ...

အိပ်မက်တွေကို အကောင်ထည်ဖေါ်ရင်း
ဟိုးအဝေးက ..
ဥသြသံမပြုတဲ့ ရထားတစ်စင်း
ရိပ်ခနဲနဲ့ သိမ့်ကနဲဖြစ်သွားအောင်
ခုတ်မောင်းအသွား ..

ဒီကဗျာစာသားလေးကို ဖတ်မိတော့ လေးဖြူရဲ့ `နောက်ဆုံးရထား´သီချင်းလေးကို သတိရတယ်...။

s said...

အစ်ကို ကဗျာလေးကို သေ၂ချာ၂လာဖက်သွားပါတယ် ၊အရေးအသားအသုံးအနှုန်းတွေပြေပြစ်ပြီး အရမ်းကောင်းတဲ့ကဗျာလေးပါပဲ။ စကားလုံးတိုင်းကိုကြိုက်တယ်။ ကဗျာတွေဆက်ရေးနိုင်ပါစေ။

မသက်ဇင် said...

သေချာလာဖတ်တယ်
စဉ်းစားတွေးတောတယ်
တပုဒ်လုံးကောင်းတယ်
ခင်မင်လျက်

lovelessguiter said...

အဆိပ်ဆူးရယ် ..
သုတ်လိမ်းသူ သူ့အတွက်
တစ်ခါတစ်ရံမှ အဆိပ်သင့်တတ်ပေမယ့်
စိုက်ဝင်သူ အဖို့တော့
အဆိပ့်ရဲ့ရလဒ်တွေကို ခံစားရရင်း

မိုက်တယ်ကွာ... ကြိုက်တယ်..

Eaindra said...

အရုပ်ကလေးရေ..

ကဗျာလေးက..တော်တော်လေးကောင်းတာပဲ
အတွေးတွေ စူးရှလာသလို
အရေးအသားတွေက တော်တော်လေး ညက်ညက်ညောညော လှပလာတယ်..

ပိုစ့်တင်တာ ကျဲရင်ကျဲပစေ
တစ်ပုဒ်ဆို ဆိုသလောက်
ရင်ထဲထိနိုငိငြိနိုင်မယ့်ကဗျာမျိုးတွေ
များများရေးနိုင်ပါစေ..

ခင်ခင်မင်မင်

မကြီးအိန္ဒြာ

နေရီနွယ် said...

ကဗျာအရှည်ကြီးကို အကြာကြီးပဲဖတ်သွားတယ်နော် အဖိုး ... ခံစားချက်တွေ အရမ်းပြင်းတယ်နော့ ..

မြတ်သွယ် said...

ကြိုက်လွန်းတဲ့ အပိုဒ်တွေက သိပ်များတော့ ဘယ်လိုရွေးပြရမလဲ မသိ ဖြစ်နေတယ် :D

-အချင်းမိုင်မရှိတဲ့ အကွာအဝေးတစ်ခုအတွက်
နှိုင်းပြစရာမရှိ တိုင်းတာစရာမရှိနဲ့
လက်မှိုင်ကျနေတဲ့ ငါ့အသွေးအသားပေါ်ထွန်းမှု
ဒီအရေးအသားတွေကြား ..
ဗျာများခဲ့ရတာလည်း ကြာပါပြီ ...-

စာသားတိုင်းက လှပ နက်ရှိုင်းသလို
ကဗျာလက်ရာကလဲ အလွန်မြောက်တယ်
ဆက်လက်ရေးသားနိုင်ပြီး အောင်မြင်ပါစေ ကိုအရုပ်ကလေး

နေ့အိပ်မက် said...

စကားအသုံးတော်တော်မိုက်တာပဲ... တော်တော်လည်း ရေးနိုင်တာပဲနော်....

ပန်းခင်းလေး said...

အဆိပ်ဆူးရယ် ..
သုတ်လိမ်းသူ သူ့အတွက်
တစ်ခါတစ်ရံမှ အဆိပ်သင့်တတ်ပေမယ့်
စိုက်ဝင်သူ အဖို့တော့
အဆိပ့်ရဲ့ရလဒ်တွေကို ခံစားရရင်း
တစ်နေကွယ်ပျောက်လို့
ခွေခေါက်ခဲ့တာ မင်းအသိနဲ့
မျော့စင်းထိနေပြီ ...


စာသားတွေအရမ်းလှတယ်နော်
ကဗျာကောင်းလေးကို သေသေချာချာ ခံစားသွားတယ် (ပန်းကန်ပြားနဲ့ တော့ ဟုတ်ဝူးနော် )

ညီမလေး

ပန်းခင်း

မသက်ဇင် said...

ကဗျာအရေးကောင်းတဲ့ကဗျာဆရာလေးရေ
ထပ်လာဖတ်တယ်နော်
ခင်မင်လျက်

Apprenticeship said...

အခုချိန်က စပီး ရိုးပါ :P နောက်တာနော်..